Tuesday, April 30, 2019

မြို့တော် ဂျကာတာကို လူနေထူထပ်သည့် ဂျာဗားကျွန်းမှ ပြောင်းရွှေ့ရန် သမ္မတ ဝီဒိုဒို ဆုံးဖြတ်


အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာကို လူနေထူထပ်တဲ့ ဂျာဗားကျွန်းကနေ နေရာပြောင်းရွှေ့ဖို့ သမ္မတ ဝီဒိုဒိုက ဆုံးဖြတ်လိုက်တယ်လို့ အင်ဒိုနီးရှား စီမံကိန်းဝန်ကြီးက ဧပြီ ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ 
ဧပြီ ၁၇ ရက် သမ္မတရွေးကောက်ပွဲမှာ ဝီဒိုဒို အနိုင်ရတယ်လို့ ပုဂ္ဂလိက မဲစာရင်း ရေတွက်သူတွေ ကြေညာပြီး သီတင်း ၂ ပတ်အတွင်းမှာပဲ ဝီဒိုဒိုက ဆုံးဖြတ်ခဲ့တာပါ။ 

လက်ရှိမြို့တော် ဂျကာတာမှာ လူဦးရေ ၁၀ သန်းကျော်ရှိပေမယ့် အနီးဝန်းကျင်မြို့တွေမှာ အခြေချနေထိုင်သူ ဦးရေဟာ အဲဒီပမာဏထက် ၃ ဆဝန်းကျင်ရှိပြီး မြို့တော် လူဦးရေ ကျပ်တည်းမှုကို ပိုမိုဆိုးရွားစေပါတယ်။ 

မြေနိမ့်ပိုင်းမှာ တည်ရှိတဲ့ ဂျကာတာဟာ ရေကြီးနစ်မြုပ်မယ့် အလားအလာရှိပြီး မြေအောက်ရေ အလွန်အကျွံ ထုတ်ယူတဲ့အတွက် မြေအောက်နိမ့်ဆင်းနေပါတယ်။ 

အင်ဒိုနီးရှားလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ မြို့တော် ဂျကာတာမှာ နေထိုင်ပြီး စီးပွားရေးလုပ်ငန်းအားလုံး ဂျကာတာမှာ ရှိနေတဲ့အချက်ကို သမ္မတ ဝီဒိုဒိုက ထည့်သွင်းစဉ်းစား ဆုံးဖြတ်တယ်လို့ စီမံကိန်းဝန်ကြီးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မဲဆွယ်ပွဲအတွင်း ဝီဒိုဒိုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဂျာဗားကျွန်းပြင်ပ ရောက်ရှိ ပျံ့နှံ့စေမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

DVB

0 comments:

Post a Comment