Tuesday, April 30, 2019

အမေရိကန်ဒေါ်လာ ၂၅ သန်းတန် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းသစ်၊ ပခုက္ကူအနီး အေးကျွန်းပေါ်တွင် တည်ဆောက်သွားမည်


အမေရိကန်ဒေါ်လာ ၂၅ သန်းတန်နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းသစ်၊ ပခုက္ကူအနီးရှိ အေးကျွန်းပေါ်တွင်တည်ဆောက်သွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်မျိုးမှ ဧပြီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ပခုက္ကူဆိပ်ကမ်းကို နိုင်ငံတကာအဆင့်မီ အကောင်အထည်ဖော်တည်ဆောက်နိုင်ရေးအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၅ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားတာကြောင့် သမ္မတရုံးရဲ့ စီမံကိန်းဘဏ်ဆိုင်ရာ ညွှန့်ကြားချက်နဲအညီ နိုင်ငံတကာဖွံဖြိုးမှု့အကူအညီရရှိရေး သို့မဟုတ် PPP စနစ်နဲ့ပြည်တွင်း ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု့ ဖိတ်ခေါ်ရေးအတွက် ဆိပ်ကမ်းသစ်စီမံကိန်းကို စီမံကိန်းဘဏ်မှာ ထည့်သွင်းနိုင်ရေး အဆိုပြုချက်တင်ပြထားပြီးဖြစ်ပါတယ်။

စီမံကိန်းနဲဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီး အတည်ပြုချက်ရရှိရင် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု ၎င်း ကပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဆိပ်ကမ်းစီမံကိန်းကို ပခုက္ကူမြို့ အရှေ့ဘက် အေးကျွန်းပေါ်တွင် ထည်ဆောက်ရန်ရွေးချယ်သတ်မှတ်ထားပြီး ပဏာမဒီဇိုင်းအရ အလျှားမီတာ၁၈၀ ရှိသည့် ကွန်ကရစ်ဆိပ်ခံတံတားနှင့် Pontoon Type ဆိပ်ခံတံတား အဖြစ်တည်ဆောက်ရန် လျှာထား ထားကြောင်းသိရသည်။

Isee Media 

0 comments:

Post a Comment