Monday, April 29, 2019

Huawei က ကမ္ဘာ့ အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အား မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ထုတ်ဖော် ပြသ


Huawei က “အပြည့်အ၀ ချိတ်ဆက်ပြီး အသိဥာဏ် ရှိသော မြန်မာနိုင်ငံ တည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် Huawei Myanmar ICT Congress 2019 အား ယနေ့ တွင် ရန်ကုန်မြို့ ၌ ပြုလုပ်ခဲ့ရာ ကမ္ဘာ့ အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အား မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ထုတ်ဖော် ပြသခဲ့သည်။ 
Huawei Mate X သည် ခေါက်ထားသည့် အချိန်တွင် ၆.၆ လက်မ အရွယ် ရှိသည့် စမတ်ဖုန်း အဖြစ် အသုံးပြုနိုင်မည် ဖြစ်ပြီး ဖြန့် ချလိုက်သည့် အခါတွင် ၈ လက်မ အရွယ် ရှိသည့် ပါးလွှာသော တတ်ဘလက် အဖြစ်သို့ ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံ၌ ပြုလုပ်သော Huawei Myanmar ICT Congress 2019 တွင် Huawei က ကမ္ဘာ့ အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အပါအ၀င် ၄င်း၏ နောက်ဆုံးပေါ် ထုတ်ကုန် နှင့် ဆန်းသစ်သည့် ICT solutions များကို အဆိုပါ ကွန်ဂရက်တွင် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ 
Huawei က ဆက်သွယ်ရေး လုပ်ငန်းများ ပိုပြီး အောင်မြင်လာအောင် နှင့် အောင်မြင်ရေး နည်းလမ်းသစ်များကို ကူညီ ရှာဖွေပေးရန် ကတိက၀တ် ပြုထားကြောင်း ၊ အဆိုပါ အခွင့်အလမ်း အသစ်များကို အတူရှာဖွေနိုင်ကြရန် Huawei Myanmar ICT Congress 2019 ကို ကျင်းပခြင်း ဖြစ်ကြောင်း Huawei Myanmar ၏ Chief Technology Officer(CTO)ဖြစ်သူ Mr.Jim He က ပြောကြားခဲ့သည်။ 
Huawei Mate X ကို မြန်မာနိုင်ငံသို့  ယခု ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် သွင်းရန် လျာထားကြောင်း ၊ အသေးစိတ် အချက်အလက်များအား ပြန်လည် ကြေညာပေးသွားမည် ဖြစ်ကြောင်း Huawei Device Myanmar ၏ Training Manager ဖြစ်သူ ကိုသက်နိုင်မြင့်က ပြောကြားခဲ့သည်။ 
စပိန်နိုင်ငံ ဘာစီလိုနာမြို့ ၌ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သော ကမ္ဘာ့ မိုဘိုင်း ကွန်ဂရက်(MWC) တွင် ကမ္ဘာ့  အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အား ထုတ်ဖော် ပြသခဲ့ပြီး ကမ္ဘာတစ်လွှားရှိ လူအများ အပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း သိရသည်။ 
Huawei Mate X သည် 4G နှင့် 5G နှစ်မျိုးစလုံးအား ထောက်ပံ့နိုင်မည့် Dual SIM လုပ်ဆောင်ချက် ပါဝင်ကြောင်း သိရသည်။ 
အဆိုပါ Mate X တွင် ပါးလွှာသည့် စမတ်ဖုန်း ကိုယ်ထည်ထဲတွင် နောက်ဆုံးပေါ် Leica ကင်မရာများ ပါဝင်လာပြီး အဆင့်မြင့် ပုံရိပ်ပိုင်း ဆိုင်ရာ လုပ်ဆောင်ချက်များအား ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း ၊ Foldable ဒီဇိုင်းကြောင့် ပါဝင်သည့် ကင်မရာ စနစ်အား အရှေ့ နှင့် အနောက် ကင်မရာ နှစ်မျိုးစလုံး အဖြစ် အသုံးပြုနိုင် စေမည် ဖြစ်ကြောင်း သိရသည်။ 
Huawei Mate X တွင် ခေါက်ထားသည့် အခါ မျက်နှာပြင် နှစ်ဖက်နှစ်ချပ်လုံးတွင် ရိုက်ကူးနေသည့် ပုံရိပ်အား ပြသနိုင်မည် ဖြစ်ပြီး ရိုက်ကူးခံနေသည့်သူမှလည်း ရိုက်ကူးနေသူ နှင့် အတူတကွ ဓာတ်ပုံ ရိုက်ကူး ဖန်တီးခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။ 
Huawei Myanmar ICT Congress 2019 အား ကျင်းပခြင်းအားဖြင့် Huawei ၏ ဆန်းသစ် တီထွင်သည့် နည်းပညာသစ်များအား တွေ့ ရှိရမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၌ 5G နည်းပညာကို သုံးစွဲနိုင်ရန် နည်းပညာပိုင်း အများကြီး ဆက်လက် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း Huawei Myanmar ၏ Chief Technology Officer(CTO)ဖြစ်သူ Mr.Jim He က သတင်းထောက်များအား ပြောကြားခဲ့သည်။ 
လက်ရှိတွင် ကမ္ဘာ့ နိုင်ငံ အများအပြားက 5G ကို စတင် တပ်ဆင် အသုံးပြုရန် ကြိုးစား နေကြပြီး ၂၀၂၀-၂၀၂၁ ခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံ၌ 5G ကို စီးပွားရေး အရ အသုံးပြုလာလိမ့်မည်ဟု ခန့် မှန်းရကြောင်း Huawei က ယနေ့ ပြုလုပ်သော ကွန်ဂရက် နှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
စပိန်နိုင်ငံ ဘာစီလိုနာမြို့ ၌ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သော ကမ္ဘာ့ မိုဘိုင်း ကွန်ဂရက်(MWC) တွင် ပြသခဲ့သည့် တီထွင်ဖန်တီးမှုများကို နိုင်ငံတွင်းရှိ မိုဘိုင်း နယ်ပယ် နှင့် ဆက်စပ် အဖွဲ့ အစည်း အားလုံးက ပိုမို နားလည် သိရှိ လေ့လာနိုင်စေရန် ရည်ရွယ်သည့် အဆိုပါ ကွန်ဂရက်ကို Huawei က ၂၀၁၇ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။


(Xinhua)

0 comments:

Post a Comment