Monday, April 29, 2019

တပ်မတော်၏ စစ်တိုင်းငါးခု၌ လေးလကြာအပစ်ရပ်စဲမှု ယနေ့သက်တမ်းကုန်ဆုံး အပစ်ရပ်ကာလအတွင်း တပ်မတော်နှင့်တိုင်းရင်းသားအဖွဲ့များအကြား အကြိမ် ၅၀ ကျော်တိုက်ပွဲဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးမှု ၁၅ ကြိမ်ခန့်ရှိ


တပ်မတော်က တိုင်း စစ်ဌာနချုပ်နယ်မြေငါးခု၌ လေး လကျော် တစ်ဖက်သတ်အပစ် ရပ်စဲမှုသက်တမ်းသည် ယနေ့ (ဧပြီ ၃၀ ရက်) တွင် ကုန်ဆုံးမည် ဖြစ်ပြီး အပစ်ရပ်ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အကြားတိုက်ပွဲအကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့သည်။ 
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ များဆွေးနွေးရန်ဟုဆိုကာ တပ် မတော်က ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှဧပြီ ၃၀ ရက်အထိအပစ် ရပ်စဲရေး ကြေညာခဲ့ခြင်းဖြစ်ပြီး အပစ်ရပ်သက်တမ်းတိုး၊ မတိုးမှာ မူယနေ့ပြုလုပ်မည့် ရှမ်းပြည် နယ်မူဆယ်မြို့ ဆွေးနွေးပွဲအပေါ် မူတည်နိုင်သည်ဟု နှစ်ဖက်ကိုယ် စားလှယ်များကဆိုသည်။ 
မူဆယ်တွင် အစိုးရ၊ တပ်မ တော်ကိုယ်စားလှယ်များနှင့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင် အဖွဲ့ (AA) တို့ အကြားအပစ်ရပ်စဲ ရေးဆိုင်ရာများဆွေးနွေးမည်ဖြစ် သည်။ ယင်းလက်နက်ကိုင်လေးဖွဲ့ စလုံးသည် အပစ်ရပ်ကာလအတွင်းတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ သည့် အဖွဲ့များဖြစ်သည်။ 
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက တပ်မ တော်၏ အပစ်ရပ်သက်တမ်းတိုး ခြင်း၊မတိုးခြင်းသည် ဆွေးနွေးပွဲ အပေါ်မူတည်မည်ဖြစ်ကြောင်း၊ မူဆယ်ဆွေးနွေးပွဲတွင် အပစ်အ ခတ်ရပ်စဲရေးလက်မှတ်ထိုးဖြစ် သည့် ရလဒ်များရရှိလာမှုအပေါ် မူတည်နိုင်ကြောင်း ဧပြီ ၂၉ ရက် တွင်ပြောသည်။ 
‘‘တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်း ရေးတွေ အဲဒါကျွန်တော်တို့လို လားပါတယ်’’ ဟု KIA ပြောရေး ဆိုခွင့်ရှိသူကဆိုသည်။ 
တပ်မတော်၏ အပစ်ရပ် ကာလအတွင်း KIA တပ်စခန်း များကို တပ်မတော်က ပစ်ခတ်မှု ၁၀ ကြိမ်၊ မတော်တဆရင်ဆိုင် တိုက်ခိုက်မှု ခြောက်ကြိမ်၊ တပ် မတော်ဘက်က စစ်ဆင်တိုက် ခိုက်မှုသုံးကြိမ် စုစုပေါင်းစစ်ရေး ပဋိပက္ခ ၁၉ ကြိမ်ခန့်ရှိခဲ့သည်ဟု KIA ကပြောသည်။ ‘‘အဲဒါတွေ  အားလုံးကတော့ ရှမ်းမြောက် ဘက်မှာဖြစ်ပါတယ်’’ ဟု ဗိုလ်မှူး ကြီးနော်ဘူကပြောသည်။ 
အပစ်ရပ်ကာလတွင် ကချင် ပြည်နယ်၌ တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိကြောင်း ၎င်းကဆိုသည်။ 
TNLA သတင်းနှင့် ပြန်ကြား ရေးဌာနကလည်း ဧပြီအတွင်း တပ်မတော်နှင့် TNLA တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ထုတ် ပြန်သည်။ 
တပ်မတော်ကလည်း အပစ် ရပ်ကာလအတွင်းအခြေအနေ များကို မတ်လကသတင်းစာရှင်း လင်းခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်မှ မတ်လကုန်ပိုင်းအထိ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြားတိုက်ပွဲဖြစ်ပွား မှုအကြိမ် ၃၀ ရှိကြောင်း ဖော်ပြခဲ့ ပြီး ဧပြီအတွင်း၌လည်း တပ်မ တော်နှင့် တိုင်းရင်းသားအဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြား ရေးကော်မတီအတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော သည်။ 
သို့ရာတွင် အပစ်ရပ်ကာလ အတွင်းတပ်မတော်နှင့် တိုင်းရင်း သားအဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားမှုယခင်ကထက် လျှော့ချ နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။ 
တိုက်ပွဲဖြစ်ပွားမှုအများဆုံး မှာအရှေ့မြောက်တိုင်းစစ်ဌာန ချုပ်နယ်မြေရှမ်းမြောက်ဒေသ တွင်ဖြစ်ပြီး တပ်မတော်နှင့်ကချင် အဖွဲ့(KIA)၊ တပ်မတော်နှင့် ရှမ်း အဖွဲ့ (SSPP)၊ တပ်မတော်နှင့် ကိုးကန့်အဖွဲ့ (MNDAA)၊ တပ် မတော်နှင့် ရှမ်းအဖွဲ့ (RCSS)၊ တပ်မတော်နှင့် တအာင်းအဖွဲ့ (TNLA) တို့အကြား ဖြစ်သည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ ကချင်ဒေသတွင်မူ တပ်မတော်နှင့် KIA အကြားတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိပေ။ 
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ နယ်မြေ ကျော်လွန်လှုပ်ရှားမှုအခြေအနေ များ၊ လူသစ်စုဆောင်းခြင်းများ၊ ဆက်ကြေးကောက်ခံခြင်းများစ သည်တို့နှင့် ပတ်သက်၍လည်း တပ်မတော်က အသေးစိတ်ရှင်း လင်းခဲ့သည်။ 
အပစ်ရပ်ကာလအတွင်း အ စိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များအကြားငြိမ်းချမ်းရေးဆွေးနွေး မှု ၁၅ ကြိမ်ခန့်ကို နေပြည်တော်၊ ထိုင်းနိုင်ငံချင်းမိုင်နှင့် တရုတ်နိုင်ငံ ကူမင်းတို့၌ ပြုလုပ်ခဲ့ပြီး NCA လက်မှတ်ထိုးတိုင်းရင်းသားလက် နက်ကိုင် ၁၀ ဖွဲ့၊ NCA မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့တို့နှင့် ဆွေးနွေးခဲ့ သည်။

7Day

0 comments:

Post a Comment