Monday, April 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ရောက်ရှိ သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့်တွေ့ဆုံ


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ပေကျင်းမြို့မှ ကူမင်းမြို့ Changshui အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Zhang Guohua၊၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။ 
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယူနန်ပြည်နယ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး Mr.Chen Hao အား လေဆိပ်အထူး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မြန်မာအထူးလေယာဉ် ဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅ မိနစ်တွင် ရောက်ရှိကြရာ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသမီးရေးရာဝန်ကြီးဌာန ဝန်ကြီး H.E.Dr. Kantha Phavi ၊ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး Ms.Eat Sophea ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီး ဦးမြင့်စိုး ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး Mr. Sok Chea နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် The Great Duke Phnom Penh Hotel သို့ ရောက်ရှိကြသည်။ 
ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ရောက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီး ဦးမြင့်စိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းကိုကို၊ သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ နှင့် တွေ့ဆုံသည်။ 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား မြန်မာသံအမတ်ကြီး က ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။ 
  


Creditး State Counsellor Office 
The Ladies News

0 comments:

Post a Comment