Tuesday, April 30, 2019

ဂျပန်ဘုရင် ထီးနန်းလွှဲပြောင်းပေးအပ်ပွဲကျင်းပ


ဂျပန်ဘုရင် အာခီဟီတိုဟာ ထီးနန်းလွှဲပြောင်းခြင်းအဖြစ် သူ့ရဲ့ ဂန္ဓမာပလ္လင်ကို သားဖြစ်သူ နာရူဟီတိုကို ကနေ့ လွှဲပြောင်းအပ်နှင်းလိုက်ပါတယ်။ ဒါဟာ နှစ်၂၀၀ကျော်ကာလအတွင်း ဂျပန်နိုင်ငံမှာ ပထမဆုံး ထီးနန်းလွှဲပြောင်းပွဲလဲဖြစ်ပါတယ်။ 
ဒါပေမယ့် အာခီဟီတိုရဲ့ နန်းသက်ဟာ ဒီနေ့ည သန်းကောင် ၁၂ နာရီထိုးတဲ့အထိ သက်တမ်းရှိနေသေးပြီး၊ အဲဒီနောက်ပိုင်းကတော့ ဂျပန်နိုင်ငံရဲ့ Reiwa ခေတ်ကိုရောက်ပါပြီ။ ဂျပန်ဘုရင်အဖြစ် နာရူဟီတိုရဲ့ နန်းသက်ဟာလဲ အဲဒီအချိန်မှာ စတင်ပါပြီ။ 

အာခီဟီတိုဟာ အသက် ၈၅နှစ်အရွယ်ရှိပြီဖြစ်ပြီး နန်းသက်ကတော့ နှစ်ပေါင်း ၃၀ ရှိခဲ့ပါတယ်။ 

”ဂျပန်ပြည်သူတွေကို အထူးလေးစားစွာနဲ့ မေတ္တာပို့သ ဆုမွန်ကောင်း တောင်းအပ်ပါတယ်”လို့ သူရဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ 





Ref: Japan's emperor performs main abdication ceremony 
Photo - AFP
Popular News Journal 

0 comments:

Post a Comment