Monday, April 29, 2019

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အကြံပြုချက်ပေးနိုင် မည့် Myanmar Doing Business website တရားဝင် စတင်ထုတ်လွှင့်


အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို သိရှိ မေးမြန်း အကြံပြုချက်ပေးနိုင်မည့် Myanmar Doing Business.org website ကို ယခုလတတိယပတ်က တရားဝင် စတင်ထုတ်လွှင့်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းကပြောသည်။ 
"မြန်မာနိုင်ငံအနေနဲ့ Doing Business ရမှတ်နဲ့ အဆင့်တိုးတက်ဖို့အတွက်ကို စီးပွားရေးလုပ်ငန်းရှင်တွေ ဆောင်ရွက်တဲ့အခါမှာ လွယ်ကူဖို့လိုပါတယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူတွေအမှန်တကယ် အကျိုးခံစားဖို့အတွက် ဌာနဆိုင်ရာတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိပေးဆောင်ရွက်ဖို့ ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးနိုင်ဖို့ communication အတွက် website ကို လွှင့်တင်တာဖြစ်ပါတယ်။"ဟု ၎င်းကပြောသည်။ 
ယင်း website တွင် indicator တစ်ခုချင်းစီဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို လာရောက်ကြည့်ရှူ့သူတစ်ဦးချင်းအနေဖြင့် ၎င်းတို့ အခက်အခဲများရှိမည်ဆိုပါက ပြည်လည်၍ လိုအပ်ချက်များကို Feedback ပေးနိုင်အောင် ဆောင်ရွက်ထားသည်ဟုဆိုသည်။ 
ထို့သို့ဆောင်ရွက်ပေးရာတွင်E-mail ၊နာမည်နှင့် ဆောင်ရွက်လိုသည့် မည်သည့် Indicator ၏ မည်သည့်အချက်ကို သွားချင်ကြောင်းကို ပေးပို့၍ရအောင် ဆောင်ရွက်ပေးထားပြီး E-mail က တစ်ဆင့် ၎င်းတို့ကို အကြောင်းပြန်ကြားပေးမည် ဟုဆိုသည်။ 
"Doing Business တိုးတက်မှုအနေနဲ့ ပြောရမယ်ဆိုရင် ဒီနှစ်ရဲ့ နောက်ဆုံး ကြိုးစားရမယ့် အခြေနေကို ရောက်ရှိနေပါပြီ။မကြာခင်မှာလည်း ကမ္ဘာ့ဘဏ်က ပညာရှင်တွေက လာရောက်စစ်ဆေးမေးမြန်းပြီးတော့ Ranking သတ်မှတ်တော့မှာ ဖြစ်တဲ့အတွက် အရေးကြီးတဲ့ အချိန်ကို ရောက်ရှိနေပါပြီ ။တာဝန်ရှိတဲ့ ဌာနတွေက မိမိတို့ရည်မှန်းချက်အတိုင်း ပြောင်းလဲမှုတွေကို အချိန်မီ ပြုပြင်ပြောင်းလဲဖို့ ပြောကြားလိုပါတယ်"ဟု ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေကပြောသည်။ 
အဆိုပါ website တွင် အညွှန်းကိန်း ၁၀ ခုလုံးအတွက် ဆောင်ရွက်ထားရှိပုံများ ၊မေးခွန်းများကို ဖြေကြားပေးမည့် call center များ ၊မကြာခဏ မေးမြန်းလေ့ရှိသည့် မေးခွန်းများနှင့် အဖြေများ ၊ အစိုးရဌာနများမှ ပြုပြင်ပြောင်းလဲလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ ၊လုပ်ထုံးလုပ်နည်းများ ၊ကြန့်ကြာချိန်များ နှင့် ပေးသွင်းရမည့် ငွေကြေးတန်ဖိုး စသည်တို့ကို တစ်နေရာတည်းတွင် ပြည့်စုံစွာ သိရှိနိုင်အောင် ဆောင်ရွက်ပေးထားသည်ဟုဆိုသည်။ 
နိုင်ငံတကာ လှည့်လည်ပြီး ကုန်သွယ်မှုဆောင်ရွက်ရန် နှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် ဖိတ်ခေါ်ရာတွင် လုပ်ငန်းရှင်အချို့သည် East of Doing Business အား ကြည့်ခြင်း ၊ယင်းအပေါ်အခြေခံ၍ စဉ်စားခြင်းတို့ကြောင့် လွန်စွာအရေးကြီးပြီး အဆင့်တိုးတက်လာစေရန်အတွက် ပုဂ္ဂလိက ၊နိုင်ငံတော်အစိုးရအဖွဲ့များနှင့် ဝန်ကြီးဌာနများမှ ထိထိရောက်ရောက် ပိုမို ဆောင်ရွက်ရန်လိုသည် ဟုဆိုသည်။ 
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရလွယ်ကူမှု အခြေနေကို လေ့လာသည့် East of Doing Business ကို ၂၀၁၄ ခုနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူများ ပိုမိုသိရှိနားလည်စေရန်အတွက် ယင်း website ကို ထုတ်လွှင့်ခြင်းဖြစ်သည်။ 
ယခုနှစ်အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်ပိုင်း တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် စီးပွားရေး လုပ်ကိုင်ရန်လွယ်ကူသော နိုင်ငံပေါင်း ၁၉၀ တွင် မြန်မာနိုင်ငံသည် အဆင့် ၁၇၁ ၌ ရပ်တည်လျက်ရှိနေသည်။

The Fifth Wave News 

0 comments:

Post a Comment