Tuesday, April 30, 2019

" ခေါင်းမွှေးကို သုံးလေးပင်လောက် လာနှုတ်ရင်တော့ ပြန်ဆော်ဖို့ပဲ ရှိတယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြော


ကိုယ့်ခေါင်းမွှေးအား တပင်ချင်း လာနှုတ်နေပါက တစ်ပင် နှစ်ပင်နှုတ်ရင်သည်းခံပြီး သုံးလေးပင်ပေါင်းနှုတ်ပါက ပြန်ပြီးတော့ ဆော်ဖို့ပဲရှိတယ် ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ယနေ့တွင်ပြောကြားလိုက်သည်။ 
“သည်းခံသင့်တဲ့ အတိုင်းအတာကို သည်းခံတာပဲကောင်းတယ်။ အစိုးရ၀န်ထမ်းတစ်ယောက်ပဲဖြစ်ဖြစ် အဖွဲ့အစည်းတစ်ရပ်ပဲဖြစ်ဖြစ်၊ နိုင်ငံတကာ အဖွဲ့အစည်းတရပ်ပဲ ဖြစ်ဖြစ်၊ ဒါတွေသည် ဘာမှ မလုပ်ပဲ သည်းခံပါများရင် ဘာမှလည်း မတုန့်ပြန်ဘူး။ ဒီအတိုင်းသည်းခံပါများရင် ပိုပြီးတော့ရောင့် တက်လာတာတွေရှိတယ်။နောက်ဆုံးပြောရရင် ရှိသမျှ ခေါင်းမွှေးပြောင်ဖို့ပဲရှိတယ်။ကိုယ့်ခေါင်းမွှေးကို တပင်ချင်း လာနှုတ်နေတာကတော့ တစ်ပင်နှုတ်ရင်သည်းခံမယ်။ နှစ်ပင်နှုတ်ရင်သည်းခံမယ်။ သုံးလေးပင်ပေါင်းနှုတ်ရင်တော့ ပြန်ပြီးတော့ ဆော်ဖို့ပဲရှိတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ 
ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျသင်းပပြုလုပ်သည့် မဏ္ဍိုင် လေး ရပ်တွေ့ဆုံပွဲ အခမ်းအနား ခေတ္တနားချိန်တွင် သတင်းမီဒီယာများမှ သတင်းဌာန များအား တရားစွဲဆိုထားခြင်းနှင့် ပတ်သက်မှုများအပေါ် မေးမြန်းရာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 
သတင်းဌာနများအား သတင်းမီဒီယာ ဥပဒေ နှင့် တိုက်ရိုက်တရားစွဲဆိုခြင်း မရှိခြင်းသည် ခံစားချက် အပေါ်မှာ မူတည်နေကြောင်း ၎င်းက ပြောသည်။ 
“သတင်းမီဒီယာ ဥပဒေ မှာ ပြဌာန်းထားတာသည် ဒီခံစားရတဲ့လူ ကျေနပ်ဖို့ မကျေနပ်ဖို့အရေးကြီးတယ်။ သတင်းမီဒီယာ ဥပဒေမှာ ပြဌာန်းထားတာသည် အများဆုံးက ငွေဒဏ် ၁၀ သိန်း ငွေသုံးသိန်း လူတစ်ယောက်ကို ကြိုက်သလို ရိုက် ဆဲပြီးမှ ငွေသုံးသိန်းလျှော်ပေးရင် ခံမလား။ရှင်းရှင်းလေးလေးပါ။ခံစားချက်နဲ့ အင်တန်းရှင်းပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ပြောတဲ့ တိုင်းရေးပါလို့ ကျွန်တော်တို့ပြောနေတာ မဟုတ်ပါဘူး။ ဆန့်ကျင်ပြီးရေးတဲ့ ဟာတွေ အများကြီးရှိတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ 
လက်ရှိတွင် ဧရာဝတီသတင်းဌာနနှင့် RFA သတင်းဌာနတို့ကို ပုဒ်မ ၆၆(ဃ) နှင့် ၅၀၀ (ဃ) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည့် အတွက် ဥပဒေ အတိုင်းသာ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 
“ဧရာဝတီနဲ့ RFA ကို တရားစွဲထားတာက စ စွဲကတည်းကအတိုင်း ၆၆(ဃ) နဲ့ စွဲတာရယ် ၅၀၀(ဃ) နဲ့ စွဲတာတွေကတော့ စ စွဲကတည်းက ဒီအမှုတွေသည် ၅၀၀ (ဃ) ဆို ရဲအရေးပိုင် နဲ့ အမှုမဟုတ်ဘူး။ တရားရုံးကို ဦးတိုက်ပြီး ဒီဟာတွေသည် အမှုခိုင်မာတယ်။ ဖွင့်ပေးသင့်တယ်လို့ တရားသူကြီးကတော့ ဖွင့်ပေးထားတာ ရှိတယ်။ ဒီဟာကတော့ ကျွန်တော်တို့က ဥပဒေ အတိုင်းဆက်လုပ်သွားဖို့ရှိတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ 
ဧရာဝတီသတင်းဌာန အား တရားစွဲဆိုထားခြင်းသည် မြောက်ဦးမှတ်တမ်းဆောင်းပါး ရေးသားခြင်းသည် တဖက်သတ် အမြင်ဖြင့် ရေးသားထားခြင်းဖြစ်သည့် အတွက် စွဲဆိုထားခြင်းဖြစ်ကြောင်း ၊ ထို့အတူ RFA သတင်းဌာနသည်လည်း ရခိုင်ကိစ္စနှင့် ပတ်သက်နေသည့်အတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း သိရသည်။ 

#thefifthwavenews

0 comments:

Post a Comment