Saturday, April 27, 2019

ကျွန်းစုမြို့နယ်တွင် ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ


ကျွန်းစုမြို့နယ်တွင် ဘိန်းစာမှုန့်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် ၀၅၀၀ အချိန် တပ်မတော်မှ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာ၊ ကမ်းငယ်ရပ်ရှိ ချောင်းကူးတံတားအနီးတွင် ဆိုက်ကပ်ထားသည့် မင်းလတ်၏လှေအားရှာဖွေရာ လှေပေါ်ရှိ ဆာလာအိတ် ၅ အိတ်အတွင်းမှ ဘိန်းစာမှုန့် ၈၈ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး အလားတူ ၀၅၃၀ အချိန် ပါးပိတ်ချောင်းထဲတွင် ရပ်ထားသည့် လူမရှိသည့်လှေတစ်စီးအား တွေ့ရှိ၍ရှာဖွေရာ လှေပေါ်ရှိ ဆာလာအိတ် ၁၀ အိတ်အတွင်းမှ ဘိန်းစာမှုန့် ၁၇၀ ဒသမ ၇ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မင်းလတ်(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 

The Ladies News

0 comments:

Post a Comment