Thursday, April 25, 2019

ယနေ့ လွတ်ငြိမ်းထဲ အင်းစိန်ထောင်၊မန္တလေးအကျဉ်းထောင်တို့ မပါ နောက်တစ်ခေါက် အကျဉ်းသား၆၀၀၀ကျော်ထပ်လွတ်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော


ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် အင်းစိန်ထောင်၊ မန္တလေးအကျဉ်းထောင်တို့ မှ အကျဉ်းသား၊ အကျဉ်းသူ တို့မပါဘဲ သမ္မတကြီးက နောက်တစ်ခေါက် အကျဉ်းသား၆၀၀၀ ကျော် ထပ်လွတ်ရန် ရှိသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ယနေ့ ပြောသည်။ 
ယနေ့ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းရသည့် ၆၉၄၈ဦးမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းစသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး(၇)ခု ရှိ အကျဉ်းထောင်၊ အလုပ်စခန်းတို့မှ အကျဉ်းသား၊ အကျဉ်းသူ  တို့ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

NW(iseemedia)
Isee Media 


0 comments:

Post a Comment