<< Unicode >>
တောမီးလောင်ကျွမ်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် သွေးရောင်လွှမ်းနေသော ကောင်းကင်ကြီးဖြစ်နေ
Tuesday, September 24, 2019
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ Jambi ပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ကောင်းကင်ကြီးမှာ သွေးရောင်သန်းနေသည်ဟု သိရသည်။
မြေရှင်းသည့်တောမီးများကြောင့်ဖြစ်ပေါ်လာသည့်မြူခိုးများသည် အင်ဒိုနီးရှားနိုင်ငံတွင် အဆိုးရွားဆုံးအခြေအနေသို့ရောက်ရှိခဲ့ပြီး ပြည်နယ်ပေါင်းခြောက်ခု၌ အရေးပေါ်ကြေညာချက်များထုတ်ပြန်ထားရသည်။နီရဲနေသည့်ကောင်းကင်ကြီး အပြင် ဖုံးလွှမ်းနေသည့်မြူခိုးများကြောင့်လည်း ဒေသခံများမှာ မျက်စိနာခြင်းနှင့်လည်ချောင်းနာခြင်းတို့ဖြစ်ပေါ်လျက်ရှိ သည်။
#Myanmar_Online_News #အင်ဒိုနီးရှား #Jambi #တောမီး
0 comments:
Post a Comment