Tuesday, September 24, 2019


Image may contain: 9 people, people standing, crowd and outdoor


<<Unicode>>
လွိုင်ကော်အကျဉ်းထောင်ရှိ ကရင်နီလူငယ်ခြောက်ဦး ထောင်ဝင်စာတွေ့ခွင့်ပိတ်ခံရ
Tuesday, September 24, 2019

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဝေဖန်မှုကြောင့် အမှုရင်ဆိုင်နေရတဲ့ ကရင်နီလူငယ် ခြောက်ဦးသည် လွိုင်ကော်ထောင်အတွင်းတွင် အော်ဟစ်ဆန္ဒပြ တောင်းဆိုခဲ့မှုကြောင့် ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားရကြောင်းသိရှိရသည်။
ထောင်အတွင်း မည့်သည့်အချက်များကို တောင်းဆိုခဲ့ကြသည်ကို ထောင်အာဏာပိုင်များမှ ပြန်လည်ဖြေကြားခြင်းမရှိကြောင်း သိရှိရပြီး ဖမ်းဆီးခံထားရသော ကရင်နီလူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးမှာ စက်တင်ဘာ ၂၃ ရက်နေ့ ရုံးထုတ်ရာမှာလည်း လုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရှိရသည်။
ကရင်နီလူငယ် ၆ ဦးသည် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိခဲ့တာကြောင့် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် ကရင်နီလူငယ်တွေက ထုတ်ပြန်ခဲ့တာကြောင့် ပြည်နယ်အစိုးရက နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် တရားစွဲခံထားရခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment