
စက္တင္ဘာလ ၂၂ ရက္က ထုတ္ျပန္လိုက္ေသာ ကုလသမဂၢ၏ ရာသီဥတုဆိုင္ရာ အစီရင္ခံစာတြင္ ရာသီဥတု ေဘးအႏၱရာယ္အား ကာကြယ္တားဆီးရန္ ကမၻာႀကီးအေနျဖင့္ မ်ားစြာ ေနာက္က်ေနၿပီး ရလဒ္ဆိုးက်ဳိးအေနျဖင့္ အပူခ်ိန္ျမင့္မားမႈ လြန္ကဲျခင္းသည္ ပ်မ္းမွ် ငါးႏွစ္တႀကိမ္ တိုင္းတာခ်က္အရ ၂၀၁၅-၂၀၁၉ ခုႏွစ္ ငါးႏွစ္တာကာလအတြင္းယခင္ကမၾကံဳခဲ့ရေသာ အပူခ်ိန္အျမင့္ဆံုးထိ ေရာက္ခဲ့ေၾကာင္း ေဖာ္ျပထားပါသည္။
ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres မွ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရး ဦးတည္ခ်က္မ်ားကို ႏိုင္ငံမ်ား အေနျဖင့္ တိုးျမႇင့္ေဆာင္ရြက္ရန္ ဖိအားေပးထားၿပီး စက္တင္ဘာ ၂၃ရက္ တနလၤာေန႔တြင္ ႏိုင္ငံေပါင္း ၆၀ ေက်ာ္၇ွိ ေခါင္းေဆာင္အသီးသီး တက္ေရာက္မည့္ ကုလသမဂၢ ရာသီဥတုဆိုင္ရာ ထိပ္သီးညီလာခံ မတိုင္ခင္ ယခုလို ကုလသမဂၢရဲ႕ အစီရင္ခံစာ ထုတ္ျပန္ခဲ့ျခင္းလည္း ျဖစ္သည္။
အဆိုပါအစီရင္ခံစာသည္ ကမၻာႀကီးပူေႏြးမႈနဲ႔ ရာသီဥတု ေျပာင္းလဲမႈရဲ႕ ဆိုးရြားလွတဲ့ အက်ဳိးဆက္ေတြကို တားဆီးေရး ခိုင္မာတဲ့ ျပဳမူေဆာင္ရြက္ခ်က္ေတြ လုပ္ေဆာင္ဖို႔ အေရးတႀကီး လိုအပ္ေနမႈကို မီးေမာင္းထိုးျပထားေၾကာင္း ထိပ္သီးညီလာခံအတြက္ အစီရင္ခံစာကို ေရးသားခဲ့ၾကတဲ့ သိပၸံဆိုင္ရာ အႀကံေပးပညာရွင္အုပ္စုက ေျပာပါတယ္။
ကမၻာ့မိုးေလ၀သဆိုင္ရာ အဖဲြ႔အစည္းက ျပဳစုခဲ့တဲ့ မွတ္တမ္းအစီရင္ခံစာအရ ကမၻာ့အပူခ်ိန္ ပ်မ္းမွ် ငါးႏွစ္တႀကိမ္ တိုင္းတာခ်က္ေတြကို ႏႈိင္းယွဥ္ရာမွာ ၂၀၁၅-၂၀၁၉ ခုႏွစ္အထိသည္ ငါးႏွစ္အတြင္း အပူခ်ိန္အျမင့္ဆံုး ျဖစ္ေၾကာင္းသိရွိရပါသည္။
၂၀၁၅-၂၀၁၉ ခုနှစ် တိုင်းထွာချက်များအရ ကမ္ဘာကြီးပူနွေးမှု ပိုတိုးလာနေ
Monday, September 23, 2019
စက်တင်ဘာလ ၂၂ ရက်က ထုတ်ပြန်လိုက်သော ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ အစီရင်ခံစာတွင် ရာသီဥတု ဘေးအန္တရာယ်အား ကာကွယ်တားဆီးရန် ကမ္ဘာကြီးအနေဖြင့် များစွာ နောက်ကျနေပြီး ရလဒ်ဆိုးကျိုးအနေဖြင့် အပူချိန်မြင့်မားမှု လွန်ကဲခြင်းသည် ပျမ်းမျှ ငါးနှစ်တကြိမ် တိုင်းတာချက်အရ ၂၀၁၅-၂၀၁၉ ခုနှစ် ငါးနှစ်တာကာလအတွင်းယခင်ကမကြုံခဲ့ရသော အပူချိန်အမြင့်ဆုံးထိ ရောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres မှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ဦးတည်ချက်များကို နိုင်ငံများ အနေဖြင့် တိုးမြှင့်ဆောင်ရွက်ရန် ဖိအားပေးထားပြီး စက်တင်ဘာ ၂၃ရက် တနင်္လာနေ့တွင် နိုင်ငံပေါင်း ၆၀ ကျော်ရှိ ခေါင်းဆောင်အသီးသီး တက်ရောက်မည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံ မတိုင်ခင် ယခုလို ကုလသမဂ္ဂရဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါအစီရင်ခံစာသည် ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးရွားလှတဲ့ အကျိုးဆက်တွေကို တားဆီးရေး ခိုင်မာတဲ့ ပြုမူဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေမှုကို မီးမောင်းထိုးပြထားကြောင်း ထိပ်သီးညီလာခံအတွက် အစီရင်ခံစာကို ရေးသားခဲ့ကြတဲ့ သိပ္ပံဆိုင်ရာ အကြံပေးပညာရှင်အုပ်စုက ပြောပါတယ်။
ကမ္ဘာ့မိုးလေဝသဆိုင်ရာ အဖွဲ့အစည်းက ပြုစုခဲ့တဲ့ မှတ်တမ်းအစီရင်ခံစာအရ ကမ္ဘာ့အပူချိန် ပျမ်းမျှ ငါးနှစ်တကြိမ် တိုင်းတာချက်တွေကို နှိုင်းယှဉ်ရာမှာ ၂၀၁၅-၂၀၁၉ ခုနှစ်အထိသည် ငါးနှစ်အတွင်း အပူချိန်အမြင့်ဆုံး ဖြစ်ကြောင်းသိရှိရပါသည်။
#ကမ္ဘာကြီးပူနွေးမှု #Myanmar_Online_News






0 comments:
Post a Comment