

ဂ်ပန္ကိုျပန္သြားၿပီးယွဥ္ၿပိဳင္ထိုးသတ္ဖို႔အတြက္ ရက္သတၱပတ္ ၂ ပတ္ေလာက္ပဲလိုပါေတာ့တယ္..
စတစ္ဖ္ေဂ်ာ့ေျပာဖူးတဲ့စကားေလးတခုရွိတယ္ဗ် "သင္အျမင့္ဆံုးကိုသြားခ်င္တယ္ဆိုရင္.. အားလံုးနဲ႔အတူတကြသြားမွျဖစ္မယ္🇲🇲!”
ကၽြန္ေတာ္ေလၽွာက္လမ္းေနတဲ့ခရီးရွည္မွာအတူတကြပါဝင္ေပးတဲ့ ပရိတ္သတ္ႀကီးနဲ႔ အေယာက္စီတိုင္းကိုေက်းဇူးတင္ပါတယ္.. ကၽြန္ေတာ္ကိုခ်စ္ခင္ၿပီးေထာက္ပံ့ေပးတဲ့အတြက္အားလံုး ကိုေက်းဇူးအထူးတင္ရွိပါတယ္... ကၽြန္ေတာ့္ဆရာနဲ႔အသင္းေဖာ္ေတြကကၽြန္ေတာ္ၿပိဳင္ပြဲဝင္ဖို႔အတြက္.. ကၽြန္ေတာ့္ကိုအေကာင္းဆံုးျပင္ဆင္ေလ့က်င့္ေပးၾကပါတယ္...
ေအာက္တိုဘာလ ၁၃ ရက္ေန႔ပြဲ ယွဥ္ၿပိဳင္ထိုးသတ္ဖို႔အတြက္.မေစာင့္ႏိုင္ေတာ့ပါဘူး... လို႔ေရးသားေဖာ္ျပထားပါတယ္...
မစ္ဒယ္၀ိတ္နဲ႔ လိုက္ဟဲဗီး၀ိတ္တန္း ခ်န္ပီယံ ေအာင္လအန္ဆန္းသည္ လိုက္ဟဲဗီး၀ိတ္တန္း ခ်န္ပီယံကာကြယ္ပြဲအတြက္ ဟဲဗီး၀ိတ္တန္း ခ်န္ပီယံ ဘရန္ဒန္ ဗီရာႏွင့္ ေအာင္တိုဘာလ ၁၃ ရက္ေန႔တြင္ ဂ်ပန္ႏိုင္ငံမွာ ယွဥ္ၿပိဳင္ထိုးသတ္ရမွာ ျဖစ္ပါတယ္။
<<unicode>>
ပရိတ်သတ်ကြီးနဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ အောင်လအန်ဆန်
Monday, September 23, 2019
ဂျပန်ကိုပြန်သွားပြီးယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် ရက်သတ္တပတ် ၂ ပတ်လောက်ပဲလိုပါတော့တယ်..
စတစ်ဖ်ဂျော့ပြောဖူးတဲ့စကားလေးတခုရှိတယ်ဗျ "သင်အမြင့်ဆုံးကိုသွားချင်တယ်ဆိုရင်.. အားလုံးနဲ့အတူတကွသွားမှဖြစ်မယ်🇲🇲!”
ကျွန်တော်လျှောက်လမ်းနေတဲ့ခရီးရှည်မှာအတူတကွပါဝင်ပေးတဲ့ ပရိတ်သတ်ကြီးနဲ့ အယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်.. ကျွန်တော်ကိုချစ်ခင်ပြီးထောက်ပံ့ပေးတဲ့အတွက်အားလုံး ကိုကျေးဇူးအထူးတင်ရှိပါတယ်... ကျွန်တော့်ဆရာနဲ့အသင်းဖော်တွေကကျွန်တော်ပြိုင်ပွဲဝင်ဖို့အတွက်.. ကျွန်တော့်ကိုအကောင်းဆုံးပြင်ဆင်လေ့ကျင့်ပေးကြပါတယ်...
အောက်တိုဘာလ ၁၃ ရက်နေ့ပွဲ ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက်.မစောင့်နိုင်တော့ပါဘူး... လို့ရေးသားဖော်ပြထားပါတယ်...
မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်းသည် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာနှင့် အောင်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။
#Myanmar_Online_News #AungLaNsang #BurmesePython #OneChampionship
<<unicode>>






0 comments:
Post a Comment