Sunday, September 22, 2019

ေရႊလီၿမိဳ့တြင္ ေလွာင္ပိတ္ခံထားရသည့္ မိန္းကေလးအား ပရဟိတအဖြဲ႕ႏွင့္ ျမန္မာ-တ႐ုတ္ရဲတပ္ဖြဲ႕တို့ ပူးေပါင္းကယ္တင္နိုင္ခဲ့

Image may contain: one or more people

အသက္ ၁၇ ႏွစ္အရြယ္ ျမန္မာမိန္းကေလးငယ္တစ္ဦးကို တ႐ုတ္နိုင္ငံသားမ်ားက တ႐ုတ္နိုငံ ေရႊလီၿမိဳ့တြင္ ေလွာင္ပိတ္ခံထားရရာ အေဝးေရာက္ျမန္မာနိုင္ငံသားမ်ား အကူအညီေပးေရးပရဟိတအဖြဲ႕ႏွင့္ တ႐ုတ္-ျမန္မာ ႏွစ္နိုင္ငံရဲတပ္ဖြဲတို့ ပူးေပါင္းကာ စက္တင္ဘာလ ၂၁ ရက္ေန႔ မြန္းလြဲပိုင္းက ကယ္တင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါေလွာင္ပိတ္ခံထားရေသာ မိန္းကေလးငယ္တစ္ဦးကို တာဝန္သိ အေဝးေရာက္ ျမန္မာနိုင္ငံသားမ်ား အကူအညီေပးေရး ျမတ္ေစတနာ ပရဟိတအဖြဲ႕၊ အၾကင္နာေႏြးေထြးပရဟိတအဖြဲ႕၊ တ႐ုတ္နိုင္ငံရဲတပ္ဖြဲ႕တို့ႏွင့္ အတူ မူဆယ္ခရိုင္ အမွတ္ ၁၇ လူကုန္ကူးမွုတားဆီးကာကြယ္ေရးရဲတပ္ဖြဲ႕မွူး႐ုံးတို့ ပူးေပါင္း ကယ္တင္မွုေၾကာင့္ ျပန္လည္လြတ္ေျမာက္လာျခင္း ျဖစ္သည္။
"ကၽြန္မတို့အသင္းကို လူငယ္တစ္ေယာက္က စက္တင္ဘာလ ၂၀ ရက္ေန႔ ညပိုင္းက ျမန္မာစာနဲ႔ ေရးထားတဲ့စာရြတ္ အပိုင္းအစ ၆ ရြက္ကိုင္ၿပီး မိန္းကေလးတစ္ဦး ေလွာင္ပိတ္ခံထားရေၾကာင္း၊ အကူအညီ လိုအပ္ေနေၾကာင္း လာေရာက္အကူအညီေတာင္းခံခဲ့တာေၾကာင့္ ကၽြန္မတို့က မူဆယ္ၿမိဳ့မွာရွိတဲ့ မူဆယ္ခရိုင္ အမွတ္ ၁၇ လူကုန္ကူးမွုတားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕မွူး႐ုံးကို ဖုန္းႏွင့္ဆက္သြယ္ အေၾကာင္းၾကားခဲ့ပါတယ္။ စက္တင္ဘာလ ၂၁ ရက္ေန႔မွာေတာ့ ေရႊလီတာဝန္ရွိ တ႐ုတ္ရဲတပ္ဖြဲ႕မွူးကို အကူအညီေတာင္းခံၿပီး သြားေရာက္ကယ္ဆယ္တဲ့အခါမွာ မိန္းကေလးငယ္ကို ေတြ႕ရွိရၿပီး တရားခံဟုယူဆရသူ အမ်ိဳးသား ၇ ဦး ဖမ္းမိခဲ့ပါတယ္" ဟု အၾကင္နာေႏြးေထြး ပရဟိတအဖြဲ႕ နာယက ေဒၚမိုးမခ ကေျပာသည္။
အဆိုပါမိန္းကေလးငယ္ကို တ႐ုတ္နိုင္ငံ ေရႊလီၿမိဳ့ က်ယ္ဂန္ရပ္ မေနာလမ္း အိမ္အမွတ္ ၃၆-၇၀ အေပၚထပ္ အခန္းတစ္ခန္းတြင္ တ႐ုတ္နိုင္ငံျပည္မႀကီးမွ တ႐ုတ္နိုင္ငံသားမ်ားက ခ်ဳပ္ေႏွာင္ထားျခင္းျဖစ္ၿပီး ၎မိန္းကေလးအား အေဝးတစ္ေနရာ ပို့ေဆာင္ရန္စီစဥ္ေနစဥ္ အခ်ိန္မီကယ္တင္နိုင္ခဲ့ျခင္းျဖစ္သည္။
ဖမ္းဆီးရမိထားသည့္ တ႐ုတ္နိုင္ငံသား ၇ ဦးကို တ႐ုတ္နိုင္ငံ ေရႊလီရဲတပ္ဖြဲ႕မွ ဆက္လက္စစ္ေဆးေနၿပီး ျမန္မာနိုင္ငံသား မိန္းကေလးငယ္ကို ျမန္မာနိုင္ငံတာဝန္ရွိသူမ်ားထံ အျမန္ဆုံးလႊဲေျပာင္းေပးနိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
Image may contain: house and outdoor
စိုင္းေမာင္(မူဆယ္) #ကြန္ရက္ေပါက္ေဖာ္ #Myanmar_Online_News
<Unicode>
‌ရွှေလီမြို့တွင် လှောင်ပိတ်ခံထားရသည့် မိန်းကလေးအား ပရဟိတအဖွဲ့နှင့် မြန်မာ-တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့
Monday, September 23, 2019

အသက် ၁၇ နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးကို တရုတ်နိုင်ငံသားများက တရုတ်နိုငံ ရွှေလီမြို့တွင် လှောင်ပိတ်ခံထားရရာ အဝေးရောက်မြန်မာနိုင်ငံသားများ အကူအညီပေးရေးပရဟိတအဖွဲ့နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲတို့ ပူးပေါင်းကာ စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ကယ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါလှောင်ပိတ်ခံထားရသော မိန်းကလေးငယ်တစ်ဦးကို တာဝန်သိ အဝေးရောက် မြန်မာနိုင်ငံသားများ အကူအညီပေးရေး မြတ်စေတနာ ပရဟိတအဖွဲ့၊ အကြင်နာနွေးထွေးပရဟိတအဖွဲ့၊ တရုတ်နိုင်ငံရဲတပ်ဖွဲ့တို့နှင့် အတူ မူဆယ်ခရိုင် အမှတ် ၁၇ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်း ကယ်တင်မှုကြောင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
"ကျွန်မတို့အသင်းကို လူငယ်တစ်ယောက်က စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းက မြန်မာစာနဲ့ ရေးထားတဲ့စာရွတ် အပိုင်းအစ ၆ ရွက်ကိုင်ပြီး မိန်းကလေးတစ်ဦး လှောင်ပိတ်ခံထားရကြောင်း၊ အကူအညီ လိုအပ်နေကြောင်း လာရောက်အကူအညီတောင်းခံခဲ့တာကြောင့် ကျွန်မတို့က မူဆယ်မြို့မှာရှိတဲ့ မူဆယ်ခရိုင် အမှတ် ၁၇ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှူးရုံးကို ဖုန်းနှင့်ဆက်သွယ် အကြောင်းကြားခဲ့ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ရွှေလီတာဝန်ရှိ တရုတ်ရဲတပ်ဖွဲ့မှူးကို အကူအညီတောင်းခံပြီး သွားရောက်ကယ်ဆယ်တဲ့အခါမှာ မိန်းကလေးငယ်ကို တွေ့ရှိရပြီး တရားခံဟုယူဆရသူ အမျိုးသား ၇ ဦး ဖမ်းမိခဲ့ပါတယ်" ဟု အကြင်နာနွေးထွေး ပရဟိတအဖွဲ့ နာယက ဒေါ်မိုးမခ ကပြောသည်။
အဆိုပါမိန်းကလေးငယ်ကို တရုတ်နိုင်ငံ ရွှေလီမြို့ ကျယ်ဂန်ရပ် မနောလမ်း အိမ်အမှတ် ၃၆-၇၀ အပေါ်ထပ် အခန်းတစ်ခန်းတွင် တရုတ်နိုင်ငံပြည်မကြီးမှ တရုတ်နိုင်ငံသားများက ချုပ်နှောင်ထားခြင်းဖြစ်ပြီး ၎င်းမိန်းကလေးအား အဝေးတစ်နေရာ ပို့ဆောင်ရန်စီစဉ်နေစဉ် အချိန်မီကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား ၇ ဦးကို တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေပြီး မြန်မာနိုင်ငံသား မိန်းကလေးငယ်ကို မြန်မာနိုင်ငံတာဝန်ရှိသူများထံ အမြန်ဆုံးလွှဲပြောင်းပေးနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
စိုင်းမောင်(မူဆယ်) #ကွန်ရက်ပေါက်ဖော် #Myanmar_Online_News

0 comments:

Post a Comment