

ယခင္ႏွစ္မ်ားထက္ ယခုႏွစ္မိုးရာသီတြင္ သဖန္းဆိပ္ ေရေလွာင္တမံ၌ ေရဝင္ေရာက္မႈနည္းပါးၿပီး မ်ားစြာေလ်ာ့နည္းလာေသာေၾကာင့္ ပ်ိဳးေထာင္၊ ေျမျပင္၊ စိုက္ပ်ိဳး၊ အပင္ျဖစ္ေရႏွင့္ ေအာင္ေရတို႔အတြက္ အလွည့္က်ေရေပးေဝသြားမည္ျဖစ္ေၾကာင္း ေ႐ႊဘိုခ႐ိုင္၊ ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈစီမံခန္႔ခြဲေရး ဦးစီးဌာနထံမွ သိရွိရသည္။
လက္ရွိတြင္ စနစ္တက် ေခၽြတာစုေဆာင္းထားသည့္ လက္က်န္ေရႏွင့္ မိုးေႏွာင္းကာလတြင္ ေရေလွာင္တမံအတြင္း ထပ္မံ ဝင္ေရာက္လာသည့္ေရမ်ားျဖင့္ စိုက္ပ်ိဳးထားသည့္ မိုးစပါးမ်ား ေအာင္ျမင္သည္အထိ ဆည္ေရလံုေလာက္မွ်တစြာ ရရွိေစရန္ႏွင့္ ေ႐ႊဘို ၿမိဳ႕လူထုအေနႏွင့္ ေသာက္သံုးေရကို လိုအပ္သလို ေပးေဝႏိုင္ရန္ စီမံေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီးတြင္ရွိသည့္ သဖန္းဆိပ္ေရေလွာင္တမံဆည္ေရ ေသာက္စနစ္သည္ ေ႐ႊဘိုေပၚဆန္းဆန္ကို အဓိကထား စိုက္ပ်ိဳးထုတ္လုပ္လ်က္ရွိၿပီး ယခုႏွစ္တြင္ ၄၈၄,၀၆၅ ဧက စိုက္ပ်ိဳးရန္လ်ာထားကာ စက္တင္ဘာလ ၂၀ ရက္ေန႔အထိ ၄၇၁,၇၄၁ ဧက စိုက္ပ်ိဳးႏိုင္ခဲ့ၿပီး ၉၇ ဒသမ ၄၅ ရာခိုင္ႏႈန္းစိုက္ပ်ိဳးခဲ့ေၾကာင္း ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈ စီမံခန္႔ခြဲေရး ဦးစီးဌာနထံမွ သိရသည္။
သဖန္းဆိပ္ေရေလွာင္တမံတြင္ ေရဝင္ေရာက္မႈ ေလ်ာ့နည္းေနသည့္ အေျခအေနအရ ေတာင္သူမ်ားအေနႏွင့္ ဆည္ေရကို ၿခိဳးၿခံေခၽြတာၿပီးသံုးစြဲၾကရန္၊ ေရေသာက္ေတာင္သူ အခ်င္းခ်င္း ညီၫြတ္ မွ်တသည့္စိတ္ဓာတ္ျဖင့္ ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာနက သတ္မွတ္ထားသည့္ေရလွည့္ဇယားမ်ားအတိုင္း လိုက္နာေဆာင္႐ြက္ၾကရန္၊ စိုက္ပ်ိဳးေရ အခက္အခဲမ်ားျဖစ္ေပၚပါက သက္ဆိုင္ရာေဒသရွိ ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈစီမံခန္႔ခြဲေရး ဦးစီးဌာနမွ တာဝန္ခံဝန္ထမ္းမ်ားကို ဆက္သြယ္လာပါက ညႇိႏိႈင္း စီမံေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရွိရသည္။
<<Unicode>>
ရေဝင်ရောက်မှုနည်းနေသော သဖန်းဆိပ်ရေလှောင်တမံ မိုးစပါးအတွက် အလှည့်ကျရေပေးဝေရန်ရှိ
Monday, September 23, 2019
ယခင်နှစ်များထက် ယခုနှစ်မိုးရာသီတွင် သဖန်းဆိပ် ရေလှောင်တမံ၌ ရေဝင်ရောက်မှုနည်းပါးပြီး များစွာလျော့နည်းလာသောကြောင့် ပျိုးထောင်၊ မြေပြင်၊ စိုက်ပျိုး၊ အပင်ဖြစ်ရေနှင့် အောင်ရေတို့အတွက် အလှည့်ကျရေပေးဝေသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရှိရသည်။
လက်ရှိတွင် စနစ်တကျ ချွေတာစုဆောင်းထားသည့် လက်ကျန်ရေနှင့် မိုးနှောင်းကာလတွင် ရေလှောင်တမံအတွင်း ထပ်မံ ဝင်ရောက်လာသည့်ရေများဖြင့် စိုက်ပျိုးထားသည့် မိုးစပါးများ အောင်မြင်သည်အထိ ဆည်ရေလုံလောက်မျှတစွာ ရရှိစေရန်နှင့် ရွှေဘို မြို့လူထုအနေနှင့် သောက်သုံးရေကို လိုအပ်သလို ပေးဝေနိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသည့် သဖန်းဆိပ်ရေလှောင်တမံဆည်ရေ သောက်စနစ်သည် ရွှေဘိုပေါ်ဆန်းဆန်ကို အဓိကထား စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ်တွင် ၄၈၄,၀၆၅ ဧက စိုက်ပျိုးရန်လျာထားကာ စက်တင်ဘာလ ၂၀ ရက်နေ့အထိ ၄၇၁,၇၄၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၉၇ ဒသမ ၄၅ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။
သဖန်းဆိပ်ရေလှောင်တမံတွင် ရေဝင်ရောက်မှု လျော့နည်းနေသည့် အခြေအနေအရ တောင်သူများအနေနှင့် ဆည်ရေကို ခြိုးခြံချွေတာပြီးသုံးစွဲကြရန်၊ ရေသောက်တောင်သူ အချင်းချင်း ညီညွတ် မျှတသည့်စိတ်ဓာတ်ဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သတ်မှတ်ထားသည့်ရေလှည့်ဇယားများအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေ အခက်အခဲများဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများကို ဆက်သွယ်လာပါက ညှိနှိုင်း စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
#သဖန်းဆိပ်ရေလှောင်တမံ #မိုးစပါး #Myanmar_Online_News






0 comments:
Post a Comment