
ေမာ္လ္ဒိုက္မွာ က်င္းပခဲ့တဲ့ Maldives International Future Series 2019 ၿပိဳင္ပြဲမွာ ျမန္မာ့ သက္ထားသူဇာ ဟာ ဗိုလ္လုပြဲမွာ အိႏၵိယသူ အန္ေဆာ့ ကို ရႈံးနိမ့္သြားခဲ့ပါတယ္။
တကယ္ေတာ့ သက္ထားသူဇာ ရႈံးနိမ့္ခဲ့တဲ့ ၿပိဳင္ဘက္ ဘန္ေဆာ့ ဆိုတာ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္ေတာင္ မဝင္ေသးတဲ့ ကစားသမားမ်ိဳး ျဖစ္ၿပီး ၊ သက္ထားသူဇာ ကေတာ့ ကမာၻ႔အဆင့္ 70 မွာ ျဖစ္ေနတာေၾကာင့္ ေအးေအးေဆးေဆး အႏိုင္ရလိမ့္မယ္လို႔ ထင္ၾကေပမယ့္ ျဖစ္မလာခဲ့ပါဘူး။
ကမာၻ႔ ၾကက္ေတာင္ အဖြဲ႕ခ်ဳပ္ႀကီးဟာ ကမာၻတစ္ဝန္း မွာ ေန႔စဥ္နဲ႔ အမွ် က်င္းပေနတဲ့ ၿပိဳင္ပြဲေတြကို အဆင့္အတန္း ခြဲျခားၿပီး သတ္မွတ္ေပးထားပါတယ္။ သတ္မွတ္ပုံကေတာ့
Grade 1
Grade 2
Grade 3 ဆိုၿပီး ခြဲျခားထားတာပါ။
Grade 1 အဆင့္မွာေတာ့ ကမာၻေက်ာ္ Thomas Cup, အိုလံပစ္ ၿပိဳင္ပြဲ ၊ ကမာၻ႔ခ်န္ပီယံရွစ္ ၿပိဳင္ပြဲမ်ိဳးေတြကို ေခၚတာ ျဖစ္ၿပီး ၊ ကမာၻေက်ာ္ ႐ုပ္သံ ထုတ္လႊင့္တဲ့ ကုမၸဏီႀကီးေတြကပါ ျပသတာေၾကာင့္ ၊ ဆုေၾကးကလဲ ေဒၚလာ သန္းခ်ီ ရရွိၾကပါတယ္။
Grade 2 အဆင့္မွာေတာ့ BWF Tour စီးရီး ၿပိဳင္ပြဲေတြကို သတ္မွတ္ထားတာပါ။ အဲဒီ အထဲမွာ Level ေပါင္း 6 ခုအထိ ခြဲျခားထားၿပီး ၊ ကစားသမားေတြ အေနနဲ႔ ကိုယ္နဲ႔ လိုက္ဖက္မယ္ ထင္တဲ့ Level ၿပိဳင္ပြဲကိုသာ ေ႐ြးခ်ယ္ ယွဥ္ၿပိဳင္ေလ့ရွိပါတယ္။
Grade 3 အဆင့္မွာေတာ့ ၿပိဳင္ပြဲ အမ်ိဳးအစား ေပါင္း 3 ခု အထိ ရွိပါတယ္။ အဲဒီ ၿပိဳင္ပြဲေတြကေတာ့ -
1. International Challenge (ဆုေၾကး အနည္းဆုံး ေဒၚလာ 25000 ေပးရ)
2. International Series (ဆုေၾကး အနည္းဆုံး ေဒၚလာ 10000)
3. Future Series (ဆုေၾကး အလြန္နည္း ၊ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္ ျမင့္တက္ဖို႔ အမွတ္ယူေလ့ရွိတဲ့ ၿပိဳင္ပြဲမ်ိဳးျဖစ္) ေတြ ျဖစ္ပါတယ္။
ဒီၿပိဳင္ပြဲ အမ်ိဳးစားေတြမွာေတာ့ ကမာၻ႔အဆင့္ ထိပ္ပိုင္းကို တက္လွမ္းခ်င္တဲ့ ကစားသမားေတြ ၊ အလားအလာေကာင္းတဲ့ ကစားသမားေတြ အမ်ားစု ယွဥ္ၿပိဳင္ၾကၿပီး ၊ ဆုေၾကးကေတာ့ သိပ္ အမ်ားႀကီး မရရွိပါဘူး။
ၾကက္ေတာင္ ၿပိဳင္ပြဲဟာ ေဘာလုံး နဲ႔ မတူပါဘူး။ ေဘာလုံးမွာက တစ္ႏိုင္ငံမွာ ကိုယ္စားျပဳ အသင္းက တစ္သင္းသာ ဝင္ေရာက္ ယွဥ္ၿပိဳင္ေလ့ရွိေပမယ့္ ၊ ၾကက္ေတာင္မွာေတာ့ တစ္ႏိုင္ငံ ကေန ကစားသမား အေရအတြက္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ကို ကန႔္သတ္ မထားပါဘူး။ ဒါေၾကာင့္ ၾကက္ေတာင္ ကစားသမားတစ္ဦးကို ၾကည့္ရင္ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္ နဲ႔ ေယဘုယ် အားျဖင့္ ခ်ိန္ထိုး ၾကည့္ေလ့ရွီပါတယ္။
အဓိက အားျဖင့္ ၾကက္ေတာင္မွာ ၿပိဳင္ပြဲက ေပးတဲ့ ဆုေၾကးက အကၡရာ က်လြန္းၿပီး ၊ ဆုေၾကး ေပးတာ မ်ားေလေလ ကမာၻ႔ထိပ္တန္း ကစားသမားေတြ ပိုၿပီး လာေရာက္ ယွဥ္ၿပိဳင္ေလေလပါပဲ။
Grade 1 နဲ႔ Grade 2 ၿပိဳင္ပြဲေတြကေတာ့ ဆုေၾကးလဲ မ်ားသလို ၊ ကမာၻ႔ အဆင့္ ထိုးေဖာက္မယ့္ ကစားသမားေတြ အၿပိဳင္က်ဲၾကတာမို႔ ေတာ္ေတာ္ေလးကို ၾကည့္လို႔ ေကာင္းတဲ့ ပြဲစဥ္ေတြ ျဖစ္ပါတယ္။
Grade 3 အဆင့္မွာေတာ့ ဆုေၾကး ေပးတာကလဲ က သိပ္မမ်ားတာေၾကာင့္ ၊ ကမာၻ႔ အားကစား မီဒီယာေတြရဲ႕ စာမ်က္ႏွာေပၚမွာ ထိုးေဖာက္ေနတဲ့ ၾကက္ေတာင္ ကစားသမားေတြ ျမင္ေတြ႕ရမွာ မဟုတ္ပါဘူး။
ျမန္မာ ႏိုင္ငံမွာ က်င္းပခဲ့တဲ့ ၾကက္ေတာင္ ၿပိဳင္ပြဲဟာ International Series ၿပိဳင္ပြဲ အမ်ိဳးအစား ျဖစ္လို႔ ၊ ကစားသမားေကာင္း လာေရာက္ျခင္း မရွိတာ ျဖစ္သလို ၊ ေပးတဲ့ ဆုေၾကး နဲ႔လဲ သက္ဆိုင္ေနခဲ့ပါတယ္။
ေဒၚလာ 10000 ဆိုတာ စုစုေပါင္း ေပးအပ္တဲ့ ဆုေၾကး ပမာဏမ်ိဳး ျဖစ္ၿပီး
အမ်ိဳးသမီး တစ္ဦးခ်င္း
အမ်ိဳးသား တစ္ဦးခ်င္း
အမ်ိဳးသမီး ႏွစ္ေယာက္တြဲ
အမ်ိဳးသား ႏွစ္ေယာက္တြဲ
အမ်ိဳးသား + အမ်ိဳးသမီး
စတဲ့ ၿပိဳင္ပြဲေတြက ပ ၊ ဒု ၊ တ ရတဲ့ သူေတြ အားလုံးက ခြဲေပးတာ ျဖစ္ပါတယ္။
သက္ထားသူဇာဟာ အဲဒီ ၿပိဳင္ပြဲမွာလဲ သူ႔ထက္ ကမာၻ႔အဆင့္ ေတာ္ေတာ္ေလး ကြာဟေအာင္ နိမ့္ပါးတဲ့ အင္ဒိုနီးရွား ႏိုင္ငံသူကို ရႈံးနိမ့္ခဲ့တာ ျဖစ္သလို ၊
ၿပီးဆုံးသြားတဲ့ ေမာ္လ္ဒိုက္ Future Series ၿပိဳင္ပြဲမွာလဲ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္ေတာင္ ဝင္ေရာက္ႏိုင္ျခင္း မရွိေသးတဲ့ ၿပိဳင္ဘက္မ်ိဳးကို ရႈံးနိမ့္ခဲ့တာပါ။
အာဖရိက မွာ က်င္းပခဲ့တဲ့ International Series ၿပိဳင္ပြဲေတြမွာ 3 ခု ဆက္တိုက္ ဗိုလ္စြဲထားခဲ့တဲ့ သူမ အေနနဲ႔ အခုလို Future Series ၿပိဳင္ပြဲမ်ိဳးမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္တာမ်ိဳးေတာ့ သတိထားၿပီး ေရွာင္ရွားသင့္ပါတယ္။
သူမ ဟာ အဲဒီ ထက္ျမင့္တဲ့ ၿပိဳင္ပြဲေတြမွာ ဗိုလ္စြဲထားသူ ျဖစ္သလို ၊ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္ကလဲ 70 ျဖစ္ေနတာမို႔ ၊ ကမာၻ႔အဆင့္ 100 ကေန 800 အတြင္းက ၿပိဳင္ဘက္မ်ိဳးေတြ လာေရာက္ ယွဥ္ၿပိဳင္တဲ့ Future Series လို ၿပိဳင္ပြဲမ်ိဳးဟာ ကိုယ့္ရဲ႕ Image တက္ဖို႔ထက္ ၊ ပြဲပန္းဒဏ္ေတြ ျဖစ္လာႏိုင္သလို ၊ အခုလို အဆင့္ သတ္မွတ္ခ်က္ မရေသးတဲ့ ကစားသမား တစ္ေယာက္ကိုေတာင္ ရႈံးနိမ့္ရတာ က ပိုၿပီး ဖိအားေတြ ဝင္လာေစပါတယ္။
ဒါေၾကာင့္မို႔ ဒီထက္ ပိုျမင့္တဲ့ ၊ ဆုေၾကး ပိုမိုမ်ားတဲ့ Maldives International Chanllenges 2019 ၿပိဳင္ပြဲမ်ိဳးမွာ အတိုင္းတစ္ခုအထိ ေအာင္ျမင္မႈ ျပန္လည္ ရရွိေအာင္ အာ႐ုံစိုက္ၿပီး ႀကိဳးစားေစခ်င္ပါတယ္။
ေနာက္ဆုံးရ သတင္းေတြ အရေတာ့ Maldives International Challenges 2019 ၿပိဳင္ပြဲဟာ ဆုေၾကး ေဒၚလာ 25000 အထိ ေပးထားတာေၾကာင့္ ကစားသမားေကာင္းေတြ အမ်ားႀကီး စာရင္းသြင္းထားတယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ ဒီလိုၿပိဳင္ပြဲမ်ိဳးကသာ ကိုယ့္အတြက္ တကယ္ လက္ရည္တက္မယ့္ ၿပိဳင္ဘက္ေကာင္းေတြ နဲ႔ ေတြ႕ဆုံႏိုင္တာ ျဖစ္လို႔ အာ႐ုံစိုက္ ႀကိဳးစားေစခ်င္ပါတယ္။
ဒီလို ၿပိဳင္ပြဲေတြမ်ိဳးေတြ မွာ ေအာင္ျမင္မႈ ေတြ ရွာေဖြႏိုင္မွသာ ဒီထက္ ပိုၿပီး ျမင့္မားတဲ့ BWF Tour ၿပိဳင္ပြဲေတြ မွာ ဝင္တိုးလို႔ ရမွာပါ။ ဒါမွလဲ အေရွ႕ေတာင္ အာရွက အသိအမွတ္ျပဳတဲ့ ၊ အာရွက အသိအမွတ္ ျပဳလာမယ့္ ၾကက္ေတာင္ ကစားသမား တစ္ေယာက္ ျဖစ္လာမွာပါ။
အသက္ 20 ဆိုတဲ့ အ႐ြယ္မွာေတာင္ လက္ရွိ အတိုင္းအတာထိ လုပ္ေဆာင္ျပထားၿပီးၿပီမို႔ ၊ ဒီထက္ ပိုၿပီး ႀကီးမားတဲ့ စိန္ေခၚမႈေတြ လုပ္ေဆာင္ရင္း ၊ အခက္အခဲေတြ အမ်ားႀကီးကို ေက်ာ္ျဖတ္ ႏိုင္ပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။
<<unicode>>
စိန်ခေါ်မှုတွေများစွာကို ရဲရဲရင်ဆိုင်ပစ်လိုက်ပါ သက်ထားသူဇာ
Monday, September 23, 2019
မော်လ်ဒိုက်မှာ ကျင်းပခဲ့တဲ့ Maldives International Future Series 2019 ပြိုင်ပွဲမှာ မြန်မာ့ သက်ထားသူဇာ ဟာ ဗိုလ်လုပွဲမှာ အိန္ဒိယသူ အန်ဆော့ ကို ရှုံးနိမ့်သွားခဲ့ပါတယ်။
တကယ်တော့ သက်ထားသူဇာ ရှုံးနိမ့်ခဲ့တဲ့ ပြိုင်ဘက် ဘန်ဆော့ ဆိုတာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တောင် မဝင်သေးတဲ့ ကစားသမားမျိုး ဖြစ်ပြီး ၊ သက်ထားသူဇာ ကတော့ ကမ္ဘာ့အဆင့် 70 မှာ ဖြစ်နေတာကြောင့် အေးအေးဆေးဆေး အနိုင်ရလိမ့်မယ်လို့ ထင်ကြပေမယ့် ဖြစ်မလာခဲ့ပါဘူး။
ကမ္ဘာ့ ကြက်တောင် အဖွဲ့ချုပ်ကြီးဟာ ကမ္ဘာတစ်ဝန်း မှာ နေ့စဉ်နဲ့ အမျှ ကျင်းပနေတဲ့ ပြိုင်ပွဲတွေကို အဆင့်အတန်း ခွဲခြားပြီး သတ်မှတ်ပေးထားပါတယ်။ သတ်မှတ်ပုံကတော့
Grade 1
Grade 2
Grade 3 ဆိုပြီး ခွဲခြားထားတာပါ။
Grade 1 အဆင့်မှာတော့ ကမ္ဘာကျော် Thomas Cup, အိုလံပစ် ပြိုင်ပွဲ ၊ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမျိုးတွေကို ခေါ်တာ ဖြစ်ပြီး ၊ ကမ္ဘာကျော် ရုပ်သံ ထုတ်လွှင့်တဲ့ ကုမ္ပဏီကြီးတွေကပါ ပြသတာကြောင့် ၊ ဆုကြေးကလဲ ဒေါ်လာ သန်းချီ ရရှိကြပါတယ်။
Grade 2 အဆင့်မှာတော့ BWF Tour စီးရီး ပြိုင်ပွဲတွေကို သတ်မှတ်ထားတာပါ။ အဲဒီ အထဲမှာ Level ပေါင်း 6 ခုအထိ ခွဲခြားထားပြီး ၊ ကစားသမားတွေ အနေနဲ့ ကိုယ်နဲ့ လိုက်ဖက်မယ် ထင်တဲ့ Level ပြိုင်ပွဲကိုသာ ရွေးချယ် ယှဉ်ပြိုင်လေ့ရှိပါတယ်။
Grade 3 အဆင့်မှာတော့ ပြိုင်ပွဲ အမျိုးအစား ပေါင်း 3 ခု အထိ ရှိပါတယ်။ အဲဒီ ပြိုင်ပွဲတွေကတော့ -
1. International Challenge (ဆုကြေး အနည်းဆုံး ဒေါ်လာ 25000 ပေးရ)
2. International Series (ဆုကြေး အနည်းဆုံး ဒေါ်လာ 10000)
3. Future Series (ဆုကြေး အလွန်နည်း ၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်တက်ဖို့ အမှတ်ယူလေ့ရှိတဲ့ ပြိုင်ပွဲမျိုးဖြစ်) တွေ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲ အမျိုးစားတွေမှာတော့ ကမ္ဘာ့အဆင့် ထိပ်ပိုင်းကို တက်လှမ်းချင်တဲ့ ကစားသမားတွေ ၊ အလားအလာကောင်းတဲ့ ကစားသမားတွေ အများစု ယှဉ်ပြိုင်ကြပြီး ၊ ဆုကြေးကတော့ သိပ် အများကြီး မရရှိပါဘူး။
ကြက်တောင် ပြိုင်ပွဲဟာ ဘောလုံး နဲ့ မတူပါဘူး။ ဘောလုံးမှာက တစ်နိုင်ငံမှာ ကိုယ်စားပြု အသင်းက တစ်သင်းသာ ဝင်ရောက် ယှဉ်ပြိုင်လေ့ရှိပေမယ့် ၊ ကြက်တောင်မှာတော့ တစ်နိုင်ငံ ကနေ ကစားသမား အရေအတွက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ကန့်သတ် မထားပါဘူး။ ဒါကြောင့် ကြက်တောင် ကစားသမားတစ်ဦးကို ကြည့်ရင် ကမ္ဘာ့အဆင့် သတ်မှတ်ချက် နဲ့ ယေဘုယျ အားဖြင့် ချိန်ထိုး ကြည့်လေ့ရှီပါတယ်။
အဓိက အားဖြင့် ကြက်တောင်မှာ ပြိုင်ပွဲက ပေးတဲ့ ဆုကြေးက အက္ခရာ ကျလွန်းပြီး ၊ ဆုကြေး ပေးတာ များလေလေ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေ ပိုပြီး လာရောက် ယှဉ်ပြိုင်လေလေပါပဲ။
Grade 1 နဲ့ Grade 2 ပြိုင်ပွဲတွေကတော့ ဆုကြေးလဲ များသလို ၊ ကမ္ဘာ့ အဆင့် ထိုးဖောက်မယ့် ကစားသမားတွေ အပြိုင်ကျဲကြတာမို့ တော်တော်လေးကို ကြည့်လို့ ကောင်းတဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။
Grade 3 အဆင့်မှာတော့ ဆုကြေး ပေးတာကလဲ က သိပ်မများတာကြောင့် ၊ ကမ္ဘာ့ အားကစား မီဒီယာတွေရဲ့ စာမျက်နှာပေါ်မှာ ထိုးဖောက်နေတဲ့ ကြက်တောင် ကစားသမားတွေ မြင်တွေ့ရမှာ မဟုတ်ပါဘူး။
မြန်မာ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကြက်တောင် ပြိုင်ပွဲဟာ International Series ပြိုင်ပွဲ အမျိုးအစား ဖြစ်လို့ ၊ ကစားသမားကောင်း လာရောက်ခြင်း မရှိတာ ဖြစ်သလို ၊ ပေးတဲ့ ဆုကြေး နဲ့လဲ သက်ဆိုင်နေခဲ့ပါတယ်။
ဒေါ်လာ 10000 ဆိုတာ စုစုပေါင်း ပေးအပ်တဲ့ ဆုကြေး ပမာဏမျိုး ဖြစ်ပြီး
အမျိုးသမီး တစ်ဦးချင်း
အမျိုးသား တစ်ဦးချင်း
အမျိုးသမီး နှစ်ယောက်တွဲ
အမျိုးသား နှစ်ယောက်တွဲ
အမျိုးသား + အမျိုးသမီး
စတဲ့ ပြိုင်ပွဲတွေက ပ ၊ ဒု ၊ တ ရတဲ့ သူတွေ အားလုံးက ခွဲပေးတာ ဖြစ်ပါတယ်။
သက်ထားသူဇာဟာ အဲဒီ ပြိုင်ပွဲမှာလဲ သူ့ထက် ကမ္ဘာ့အဆင့် တော်တော်လေး ကွာဟအောင် နိမ့်ပါးတဲ့ အင်ဒိုနီးရှား နိုင်ငံသူကို ရှုံးနိမ့်ခဲ့တာ ဖြစ်သလို ၊
ပြီးဆုံးသွားတဲ့ မော်လ်ဒိုက် Future Series ပြိုင်ပွဲမှာလဲ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တောင် ဝင်ရောက်နိုင်ခြင်း မရှိသေးတဲ့ ပြိုင်ဘက်မျိုးကို ရှုံးနိမ့်ခဲ့တာပါ။
အာဖရိက မှာ ကျင်းပခဲ့တဲ့ International Series ပြိုင်ပွဲတွေမှာ 3 ခု ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့ သူမ အနေနဲ့ အခုလို Future Series ပြိုင်ပွဲမျိုးမှာ ဝင်ရောက် ယှဉ်ပြိုင်တာမျိုးတော့ သတိထားပြီး ရှောင်ရှားသင့်ပါတယ်။
သူမ ဟာ အဲဒီ ထက်မြင့်တဲ့ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲထားသူ ဖြစ်သလို ၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကလဲ 70 ဖြစ်နေတာမို့ ၊ ကမ္ဘာ့အဆင့် 100 ကနေ 800 အတွင်းက ပြိုင်ဘက်မျိုးတွေ လာရောက် ယှဉ်ပြိုင်တဲ့ Future Series လို ပြိုင်ပွဲမျိုးဟာ ကိုယ့်ရဲ့ Image တက်ဖို့ထက် ၊ ပွဲပန်းဒဏ်တွေ ဖြစ်လာနိုင်သလို ၊ အခုလို အဆင့် သတ်မှတ်ချက် မရသေးတဲ့ ကစားသမား တစ်ယောက်ကိုတောင် ရှုံးနိမ့်ရတာ က ပိုပြီး ဖိအားတွေ ဝင်လာစေပါတယ်။
ဒါကြောင့်မို့ ဒီထက် ပိုမြင့်တဲ့ ၊ ဆုကြေး ပိုမိုများတဲ့ Maldives International Chanllenges 2019 ပြိုင်ပွဲမျိုးမှာ အတိုင်းတစ်ခုအထိ အောင်မြင်မှု ပြန်လည် ရရှိအောင် အာရုံစိုက်ပြီး ကြိုးစားစေချင်ပါတယ်။
နောက်ဆုံးရ သတင်းတွေ အရတော့ Maldives International Challenges 2019 ပြိုင်ပွဲဟာ ဆုကြေး ဒေါ်လာ 25000 အထိ ပေးထားတာကြောင့် ကစားသမားကောင်းတွေ အများကြီး စာရင်းသွင်းထားတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒီလိုပြိုင်ပွဲမျိုးကသာ ကိုယ့်အတွက် တကယ် လက်ရည်တက်မယ့် ပြိုင်ဘက်ကောင်းတွေ နဲ့ တွေ့ဆုံနိုင်တာ ဖြစ်လို့ အာရုံစိုက် ကြိုးစားစေချင်ပါတယ်။
ဒီလို ပြိုင်ပွဲတွေမျိုးတွေ မှာ အောင်မြင်မှု တွေ ရှာဖွေနိုင်မှသာ ဒီထက် ပိုပြီး မြင့်မားတဲ့ BWF Tour ပြိုင်ပွဲတွေ မှာ ဝင်တိုးလို့ ရမှာပါ။ ဒါမှလဲ အရှေ့တောင် အာရှက အသိအမှတ်ပြုတဲ့ ၊ အာရှက အသိအမှတ် ပြုလာမယ့် ကြက်တောင် ကစားသမား တစ်ယောက် ဖြစ်လာမှာပါ။
အသက် 20 ဆိုတဲ့ အရွယ်မှာတောင် လက်ရှိ အတိုင်းအတာထိ လုပ်ဆောင်ပြထားပြီးပြီမို့ ၊ ဒီထက် ပိုပြီး ကြီးမားတဲ့ စိန်ခေါ်မှုတွေ လုပ်ဆောင်ရင်း ၊ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ် နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
#Myanmar_Online_News #သက်ထားသူဇာ






0 comments:
Post a Comment