
အင္ဒိုနီးရွားႏိုင္ငံ၌ ျဖစ္ပြားသည့္ ေတာမီးအႀကီးအက်ယ္ ေလာင္ကြၽမ္းမႈမွ ေပၚထြက္လာသည့္ မီးခိုးျမဴမ်ားသည္ ေဘာ္နီယိုကြၽန္းႏွင့္ စူမားၾတားကြၽန္းရွိ အစိတ္အပိုင္းမ်ားကို ဖုံးလႊမ္းခဲ့ရာ ယခုအခါ မီးခိုးျမဴမ်ားေၾကာင့္ အသက္ရွဴ က်ပ္သည့္ ေဝဒနာကိုခံစားေနရေသာအင္ဒိုနီးရွားျပည္သူ အေရအတြက္မွာ ၉၀ဝ၀ဝ၀ နီးပါးရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
အင္ဒိုနီးရွား က်န္းမာေရးဝန္ႀကီး ဌာန၏ ပဋိပကၡေလ်ာ့ပါးေစေရးစင္တာက ၿပီးခဲ့သည့္ စက္တင္ဘာ ၂၀ ရက္ေႏွာင္းပိုင္းတြင္ ေဖာ္ျပခဲ့သည့္ ကိန္းဂဏန္း မ်ားအရ ျပင္းထန္အသက္ရွဴက်ပ္ေဝဒနာ ကို ခံစားရသည့္ ျပည္သူစုစုေပါင္း ၈၈၅၀၂၆ ဦးအထိရွိေနသည္ဟု ဆိုထားသည္။ ယင္းတို႔အနက္ ၂၉၁၈၀၇ ဦးမွာ ေတာင္ပိုင္းစူမားၾတားျပည္နယ္မွျဖစ္ၿပီး ၂၆၈၅၉၁ ဦးမွာ Riau ျပည္နယ္မွျဖစ္ကာေဘာ္နီယိုကြၽန္းေပၚရွိ အေနာက္ကာလီ မန္တန္ျပည္နယ္၌ ၁၆၃၆၆၂ ဦးရွိေၾကာင္း သိရသည္။
မီးခိုးျမဴမ်ားေၾကာင့္ အင္ဒိုနီးရွား ႏိုင္ငံ၌သာမက မေလးရွား၊ စင္ကာပူႏွင့္ ထိုင္းႏိုင္ငံတို႔၌လည္း ေလထုအရည္ အေသြး ဆိုးဆိုး႐ြား႐ြားက်ဆင္းမႈ ျဖစ္ေပၚ ခဲ့သည္။ မီးခိုးျမဴမ်ားေၾကာင့္ အင္ဒိုနီးရွား ႏွင့္ မေလးရွားႏိုင္ငံတို႔တြင္ စာသင္ေက်ာင္း ေထာင္ေပါင္းမ်ားစြာကို ပိတ္ထားခဲ့ရသည့္အျပင္ မေလးရွားႏိုင္ငံ၌ ေလေၾကာင္းခရီးစဥ္ ရာႏွင့္ခ်ီဖ်က္သိမ္းခဲ့ ရသည္။
လတ္တေလာတြင္ ေတာမီးျငႇိမ္း သတ္ရာ၌ တပ္ဖြဲ႕ဝင္ ၃၀ဝ၀ဝ နီးပါးႏွင့္ ရဟတ္ယာဥ္ ၅၀ ေက်ာ္တို႔ ပါဝင္လ်က္ရွိ သည္။ အင္ဒိုနီးရွားႏိုင္ငံ၌ ေတာမီးေလာင္ မႈမ်ားသည္ ႏွစ္စဥ္ႏွစ္တိုင္း ဧၿပီလႏွင့္ ေအာက္တိုဘာလတို႔တြင္ ႀကဳံေတြ႕ရၿမဲ ျဖစ္ေသာ္လည္း ယခုႏွစ္တြင္ ျပည္သူ မ်ားကို က်န္းမာေရးထိခိုက္ေစသည္အထိ ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္။
<Unicode>
တောမီးလောင်ရာမှ မီးခိုးမြူများကြောင့် အင်ဒိုနီးရှားပြည်သူ ကိုးသိန်းနီးပါး အသက်ရှူကျပ်ဝေဒနာခံစားရ
Monday, September 23, 2019
အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားသည့် တောမီးအကြီးအကျယ် လောင်ကျွမ်းမှုမှ ပေါ်ထွက်လာသည့် မီးခိုးမြူများသည် ဘော်နီယိုကျွန်းနှင့် စူမားတြားကျွန်းရှိ အစိတ်အပိုင်းများကို ဖုံးလွှမ်းခဲ့ရာ ယခုအခါ မီးခိုးမြူများကြောင့် အသက်ရှူ ကျပ်သည့် ဝေဒနာကိုခံစားနေရသောအင်ဒိုနီးရှားပြည်သူ အရေအတွက်မှာ ၉၀ဝဝဝ၀ နီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး ဌာန၏ ပဋိပက္ခလျော့ပါးစေရေးစင်တာက ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နှောင်းပိုင်းတွင် ဖော်ပြခဲ့သည့် ကိန်းဂဏန်း များအရ ပြင်းထန်အသက်ရှူကျပ်ဝေဒနာ ကို ခံစားရသည့် ပြည်သူစုစုပေါင်း ၈၈၅၀၂၆ ဦးအထိရှိနေသည်ဟု ဆိုထားသည်။ ယင်းတို့အနက် ၂၉၁၈၀၇ ဦးမှာ တောင်ပိုင်းစူမားတြားပြည်နယ်မှဖြစ်ပြီး ၂၆၈၅၉၁ ဦးမှာ Riau ပြည်နယ်မှဖြစ်ကာဘော်နီယိုကျွန်းပေါ်ရှိ အနောက်ကာလီ မန်တန်ပြည်နယ်၌ ၁၆၃၆၆၂ ဦးရှိကြောင်း သိရသည်။
မီးခိုးမြူများကြောင့် အင်ဒိုနီးရှား နိုင်ငံ၌သာမက မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၌လည်း လေထုအရည် အသွေး ဆိုးဆိုးရွားရွားကျဆင်းမှု ဖြစ်ပေါ် ခဲ့သည်။ မီးခိုးမြူများကြောင့် အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံတို့တွင် စာသင်ကျောင်း ထောင်ပေါင်းများစွာကို ပိတ်ထားခဲ့ရသည့်အပြင် မလေးရှားနိုင်ငံ၌ လေကြောင်းခရီးစဉ် ရာနှင့်ချီဖျက်သိမ်းခဲ့ ရသည်။
လတ်တလောတွင် တောမီးငြှိမ်း သတ်ရာ၌ တပ်ဖွဲ့ဝင် ၃၀ဝဝဝ နီးပါးနှင့် ရဟတ်ယာဉ် ၅၀ ကျော်တို့ ပါဝင်လျက်ရှိ သည်။ အင်ဒိုနီးရှားနိုင်ငံ၌ တောမီးလောင် မှုများသည် နှစ်စဉ်နှစ်တိုင်း ဧပြီလနှင့် အောက်တိုဘာလတို့တွင် ကြုံတွေ့ရမြဲ ဖြစ်သော်လည်း ယခုနှစ်တွင် ပြည်သူ များကို ကျန်းမာရေးထိခိုက်စေသည်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။






0 comments:
Post a Comment