Wednesday, September 18, 2019

ျမဝတီၿမိဳ႕တြင္ တ႐ုတ္စာသီးသန္႕ျဖင့္ ေရးသားထားေသာ ဆိုင္းဘုတ္မ်ားအား လိုက္လံျဖဳတ္သိမ္း

Image may contain: 1 person, standing and indoor

စက္တင္ဘာလ ၁၈ ရက္တြင္ ထိုင္း-ျမန္မာနယ္စပ္ ျမဝတီၿမိဳ႕မွ ျမန္မာစာလံုး၀ေရးသားေဖာ္ျပထားျခင္းမရွိေသာ ျမဝတီၿမိဳ႕အမွတ္ (၄) ရပ္ကြက္ သုမာလာလမ္းေထာင့္တြင္ တပ္ဆင္ထားသည့္ တ႐ုတ္စာတန္းပါ အလ်ား(၃)ေပ၊ အနံ (၂)ေပရိွသည့္ေၾကာ္ျငာဆိုင္းဘုတ္မ်ား၊ အမွတ္(၄)ရပ္ကြက္ ေအာင္သုခလမ္းတြင္ရွိသည့္ တရုတ္စာတန္းပါ ဆုိင္းဘုတ္မ်ား စုစုေပါင္း ဆိုင္းဘုတ္ ၃ ခုကို ျမဝတီၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႔မွ လိုက္လံျဖဳတ္သိမ္းခဲ့ေၾကာင္းသိရွိရသည္။

စက္တင္ဘာ ၁၅ ရက္ေန႔တြင္ ျမဝတီၿမိဳ႕၌ "တ႐ုတ္ႏိုင္ငံသားမ်ား နည္းအမ်ိဳးမ်ိဳးျဖင့္ အမ်ားအျပားဝင္ေရာက္ေနထိုင္လ်က္႐ွိၿပီး ျမန္မာႏိုင္ငံ၏ တည္ဆဲဥပေဒမ်ားႏွင့္အညီ ေနထိုင္မႈမ႐ွိသူအခ်ိဳ႕႐ွိေန၍ ေဒသခံမ်ားႏွင့္ ပဋိပကၡျဖစ္စဥ္မ်ားျဖစ္ေပၚခဲ့သျဖင့္ ထိုသို႔ ထပ္မံမျဖစ္ပြားေစေရးရန္ တ႐ုတ္ႏိုင္ငံသားမ်ားကို ဥပေဒႏွင့္အညီေနထိုင္မႈ႐ွိမ႐ွိ သက္ဆိုင္ရာမွ ပူးေပါင္းအဖြဲ့ျဖင့္ စိစစ္အေရးယူေပးရန္" ေဒသခံျပည္သူ (၂၀၀)ခန္႔မွ ျမဝတီၿမိဳ႕ အမွတ္(၄)ရပ္ကြက္ ျမစႏၵီပန္းျခံဝင္းအတြင္းတြင္ အစည္းအေဝးျပဳလုပ္မႈအၿပီးတြင္ စတင္လုပ္ေဆာင္လာျခင္းျဖစ္သည္။
No photo description available.
No photo description available.
Image may contain: 2 people, people standing and outdoor
<<unicode>>
တရုတ်စာသီးသန့်ဖြင့် ရေးသားထားသော ဆိုင်းဘုတ်များအား မြဝတီမြို့တွင် လိုက်လံဖြုတ်သိမ်း
Thursday, September 19, 2019

စက်တင်ဘာလ ၁၈ ရက်တွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ မြန်မာစာလုံးဝရေးသားဖော်ပြထားခြင်းမရှိသော မြဝတီမြို့အမှတ် (၄) ရပ်ကွက် သုမာလာလမ်းထောင့်တွင် တပ်ဆင်ထားသည့် တရုတ်စာတန်းပါ အလျား(၃)ပေ၊ အနံ (၂)ပေရှိသည့်ကြော်ငြာဆိုင်းဘုတ်များ၊ အမှတ်(၄)ရပ်ကွက် အောင်သုခလမ်းတွင်ရှိသည့် တရုတ်စာတန်းပါ ဆိုင်းဘုတ်များ စုစုပေါင်း ဆိုင်းဘုတ် ၃ ခုကို မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံဖြုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
စက်တင်ဘာ ၁၅ ရက်နေ့တွင် မြဝတီမြို့၌ "တရုတ်နိုင်ငံသားများ နည်းအမျိုးမျိုးဖြင့် အများအပြားဝင်ရောက်နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ နေထိုင်မှုမရှိသူအချို့ရှိနေ၍ ဒေသခံများနှင့် ပဋိပက္ခဖြစ်စဉ်များဖြစ်ပေါ်ခဲ့သဖြင့် ထိုသို့ ထပ်မံမဖြစ်ပွားစေရေးရန် တရုတ်နိုင်ငံသားများကို ဥပဒေနှင့်အညီနေထိုင်မှုရှိမရှိ သက်ဆိုင်ရာမှ ပူးပေါင်းအဖွဲ့ဖြင့် စိစစ်အရေးယူပေးရန်" ဒေသခံပြည်သူ (၂၀၀)ခန့်မှ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံဝင်းအတွင်းတွင် အစည်းအဝေးပြုလုပ်မှုအပြီးတွင် စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။

0 comments:

Post a Comment