Wednesday, September 18, 2019

ဝက္လက္ၿမိဳ႕နယ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ စာသင္ေက်ာင္းေဆာင္ေပၚ သစ္ပင္ၿပိဳလဲ ေခါင္ဖိုးႏွင့္မ်က္ႏွာၾကက္ပ်က္စီး

Image may contain: house and outdoor

စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုခရိုင္ ဝက္လက္ၿမိဳ႕နယ္တြင္ စက္တင္ဘာ ၁၈ ရက္ ညေန ၄ နာရီခြဲ က ေလျပင္းတိုက္ခတ္မႈေၾကာင့္ ဝက္လက္ၿမိဳ႕နယ္ ေပါက္ကံေက်းရြာအုပ္စု ေပါက္ကံေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္းအတြင္းရွိ ေက်ာင္းေဆာင္ေပၚသို႔ သစ္ပင္ၿပိဳလဲမႈ ျဖစ္ပြားခဲ့ေၾကာင္း ေရႊဘိုခရိုင္မီးသတ္ဦးစီးမႉး လက္ေထာက္ညႊန္ၾကားေရးမႉး ဦးေအးျမင့္ ထံမွ သိရသည္။

ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုခရိုင္ ဝက္လက္ၿမိဳ႕နယ္တြင္ စက္တင္ဘာ ၁၈ ရက္ ညေန ၄ နာရီခြဲက ဝက္လက္ၿမိဳ႕နယ္မီးသတ္စခန္းမွ အေနာက္ေျမာက္ဘက္ ( ၁၂ ) မိုင္ခန္႔ ကြာေဝးေသာ ေပါက္ကံေက်းရြာအုပ္စု ေပါက္ကံေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း အတြင္းရွိ စာသင္ေက်ာင္းေဆာင္ေပၚသို႔ အျမင့္ ေပ ၃၀ လုံးပတ္ ၄ ေပခန္႔ရွိ ယင္းမာပင္ ၿပိဳလဲမႈျဖစ္ပြားခဲ့သည္။
သစ္ပင္ၿပိဳလဲမႈျဖစ္ပြားရာသို႔ ဝက္လက္ၿမိဳ႕နယ္ မီးသတ္စခန္းမွ ဒုဦးစီးမႉး ဦးေအာင္ထြန္းေလး ဦးေဆာင္ေသာ မီးသတ္တပ္ဖြဲ႕ဝင္ ၈ ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ (၅) ဦးတို႔က သြားေရာက္ ရွင္းလင္းေဆာင္ရြက္ခဲ့ရာ ည ၁၀ နာရီတြင္ ရွင္းလင္းေဆာင္ရြက္ၿပီးစီးခဲ့ေၾကာင္း သိရသည္။
ေလျပင္းတိုက္ခတ္မႈေၾကာင့္ အေျခခံပညာအထက္တန္းေက်ာင္း (ေပါက္ကံ) ေက်ာင္းအတြင္းရွိ စာသင္ေက်ာင္းေဆာင္ အခန္း ( ၃) ခန္းမွာ ေခါင္မိုးႏွင့္ မ်က္ႏွာၾကက္မ်ား ၿပိဳက်ပ်က္စီးခဲ့ၿပီး လူထိခိုက္ဒဏ္ရာရရွိမႈမရွိေၾကာင္း ေရႊဘိုခရိုင္ မီးသတ္ဦးစီးဌာမွ သတင္းရရွိသည္။
Image may contain: plant, outdoor and nature
Image may contain: one or more people, plant, outdoor and nature
Image may contain: one or more people
မိုးေသာက္ (ေရႊဘို) #Myanmar_Online_News

<Unicode>
ဝက်လက်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်ပေါ် သစ်ပင်ပြိုလဲ ခေါင်ဖိုးနှင့်မျက်နှာကြက်ပျက်စီး
Thursday, September 19, 2019

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီခွဲ က လေပြင်းတိုက်ခတ်မှုကြောင့် ဝက်လက်မြို့နယ် ပေါက်ကံကျေးရွာအုပ်စု ပေါက်ကံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအတွင်းရှိ ကျောင်းဆောင်ပေါ်သို့ သစ်ပင်ပြိုလဲမှု ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီခွဲက ဝက်လက်မြို့နယ်မီးသတ်စခန်းမှ အနောက်မြောက်ဘက် ( ၁၂ ) မိုင်ခန့် ကွာဝေးသော ပေါက်ကံကျေးရွာအုပ်စု ပေါက်ကံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း အတွင်းရှိ စာသင်ကျောင်းဆောင်ပေါ်သို့ အမြင့် ပေ ၃၀ လုံးပတ် ၄ ပေခန့်ရှိ ယင်းမာပင် ပြိုလဲမှုဖြစ်ပွားခဲ့သည်။
သစ်ပင်ပြိုလဲမှုဖြစ်ပွားရာသို့ ဝက်လက်မြို့နယ် မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးအောင်ထွန်းလေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးတို့က သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ည ၁၀ နာရီတွင် ရှင်းလင်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း (ပေါက်ကံ) ကျောင်းအတွင်းရှိ စာသင်ကျောင်းဆောင် အခန်း ( ၃) ခန်းမှာ ခေါင်မိုးနှင့် မျက်နှာကြက်များ ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာမှ သတင်းရရှိသည်။
မိုးသောက် (ရွှေဘို) #Myanmar_Online_News

0 comments:

Post a Comment