Wednesday, September 18, 2019

လူသတ္မႈက်ဴးလြန္ရန္ အားထုတ္ခဲ့ျခင္းေၾကာင့္ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတဲ့ သရုပ္ေဆာင္ လင္းလက္ဟိန္း

Image may contain: 1 person, textImage may contain: 1 person, standing and outdoor

ကိုရီးယားဆန္ဆန္ ဆံပင္စတိုင္ေလးေၾကာင့္ ပ်ိဳေမေတြအသညး္စြဲျဖစ္ခဲ့တဲ့ ေမာ္ဒယ္မင္းသားေခ်ာေလး လင္းလက္ဟိန္းကို မွတ္မိၾကပါရဲ႕လား။ ဒီကေန႕မွာေတာ့ သ႐ုပ္ေဆာင္လင္းလက္ဟိန္းကို လူသတ္မႈအား က်ဴးလြန္ရန္ အားထုတ္မႈပုဒ္မျဖင့္ ယေန႔(စက္တင္ဘာလ ၁၉ ရက္)၊ နံနက္ပိုင္းက သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္းတြင္ သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၇ ျဖင့္ ဖမ္းဆီအမႈဖြင့္လိုက္တယ္ လို႕သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆယ္သိန္းရပ္ကြက္တြင္ ေနထိုင္တဲ့ သ႐ုပ္ေဆာင္လင္းလက္ဟိန္း(ခ)သန္းထိုက္ဦး၊ (၃၆)ႏွစ္ ဟာ စက္တင္ဘာလ ၁၉ ရက္၊ နံနက္ ၅ နာရီခြဲခန္႔က ဟဂၤလန္သံျပားေခ်ာင္းႏွင့္ ကတ္ေၾကးတို႔ကို ကိုင္ေဆာင္ၿပီး ေသာင္းက်န္းေနတဲ့အတြက္ သက္ဆိုင္ရာတာဝန္႐ွိသူမ်ားက သြားေရာက္ထိန္းသိမ္းစဥ္ အုပ္ခ်ဳပ္ေရးမွဴးကို ဟဂၤလန္သံျပားေခ်ာင္းျဖင့္ ျပန္လည္႐ိုက္ႏွက္ခ့ဲတယ္ လို႕ သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္း က အတည္ျပဳေျပာၾကားပါတယ္။
“ပုံမွန္အေနအထားနဲ႔ဆိုရင္ေတာ့ လူတစ္ေယာက္အေနနဲ႔ ဒီလိုလုပ္မွာမဟုတ္ဘူး။ ေဆးေၾကာင္ေနတာလား ဘာလားဆိုတာ ေဆးစာအေျဖထြက္လာမွပဲ သိႏိုင္မယ္။ အခုေလာေလာဆယ္ေတာ့ စစ္ေဆးေနတုန္းပဲ ႐ွိပါေသးတယ္” ဟု ရဲအရာ႐ွိတစ္ဦးက ေျပာၾကားခဲပါတယ္။
အဆိုပါ ပုဒ္မ-၃၀၇ က်ဴးလြန္သည့္ မည္သူမဆို၊ ထိုသူကို (၁၀)ႏွစ္ထိ ေထာင္ဒဏ္တမ်ိဳးမ်ိဳး ခ်မွတ္ရမည့္ျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။ ပရိသတ္ၾကီးေရ လင္းလက္ဟိန္းရဲ႕ သတင္းဆိုးအတြက္ မွတ္ခ်က္က ေန တစ္ခုခုေျပာျပခဲ့ၾကပါဦး။
<<unicode>>
လူသတ်မှုကျူးလွန်ရန် အားထုတ်ခဲ့ခြင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သရုပ်ဆောင် လင်းလက်ဟိန်း
Thursday, September 19, 2019

ကိုရီးယားဆန်ဆန် ဆံပင်စတိုင်လေးကြောင့် ပျိုမေတွေအသည်းစွဲဖြစ်ခဲ့တဲ့ မော်ဒယ်မင်းသားချောလေး လင်းလက်ဟိန်းကို မှတ်မိကြပါရဲ့လား။ ဒီကနေ့မှာတော့ သရုပ်ဆောင်လင်းလက်ဟိန်းကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှုပုဒ်မဖြင့် ယနေ့(စက်တင်ဘာလ ၁၉ ရက်)၊ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် ဖမ်းဆီအမှုဖွင့်လိုက်တယ် လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်တွင် နေထိုင်တဲ့ သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ် ဟာ စက်တင်ဘာလ ၁၉ ရက်၊ နံနက် ၅ နာရီခွဲခန့်က ဟင်္ဂလန်သံပြားချောင်းနှင့် ကတ်ကြေးတို့ကို ကိုင်ဆောင်ပြီး သောင်းကျန်းနေတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ထိန်းသိမ်းစဉ် အုပ်ချုပ်ရေးမှူးကို ဟင်္ဂလန်သံပြားချောင်းဖြင့် ပြန်လည်ရိုက်နှက်ခဲ့တယ် လို့ သင်္ဃန်းကျွန်းမြို့မရဲစခန်း က အတည်ပြုပြောကြားပါတယ်။
“ပုံမှန်အနေအထားနဲ့ဆိုရင်တော့ လူတစ်ယောက်အနေနဲ့ ဒီလိုလုပ်မှာမဟုတ်ဘူး။ ဆေးကြောင်နေတာလား ဘာလားဆိုတာ ဆေးစာအဖြေထွက်လာမှပဲ သိနိုင်မယ်။ အခုလောလောဆယ်တော့ စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲပါတယ်။
အဆိုပါ ပုဒ်မ-၃၀၇ ကျူးလွန်သည့် မည်သူမဆို၊ ထိုသူကို (၁၀)နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။ ပရိသတ်ကြီးရေ လင်းလက်ဟိန်းရဲ့ သတင်းဆိုးအတွက် မှတ်ချက်က နေ တစ်ခုခုပြောပြခဲ့ကြပါဦး။

0 comments:

Post a Comment