Saturday, April 25, 2020

သမ္မတထရမ့် ထပ်တလဲလဲတိုက်တွန်းပြောဆိုနေသော ဆေးဝါး နှစ်မျိုးတို့အပေါ် အမေရိကန် အစားအ သောက်နှင့်ဆေးဝါး ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်


ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် လက်ရှိအနေအထားကို ပြောင်းလဲနိုင်ကြောင်း သမ္မတထရမ့် ထပ်တ လဲလဲတိုက်တွန်းပြောဆိုနေသော ဆေးဝါး နှစ်မျိုးတို့အပေါ် အမေရိကန်အစားအသောက်နှင့်ဆေးဝါး ညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်သည်။

ဟိုဒ်ဒရိုဆီကလိုရိုကွင်း(သို့) ကလိုရိုကွင်း ဆေးဝါးများကို COVID-19 ရောဂါ သက်သာ ပျောက်ကင်းရေးအတွက် မိမိတို့သဘောအလျောက် သုံးစွဲခြင်းသည် နှလုံးခုန်မှုစည်းချက်ကို ပြဿနာဖြစ်စေနိုင်ကြောင်း သောကြာနေ့ကထုတ်ပြန်သည့် ဆေးဝါးဆိုင်ရာအန္တရာယ်ကင်းရေး အသိပေးချက်တွင် ထည့်သွင်းဖော်ပြထားသည်။
”ဟိုဒ်ဒရိုဆီကလိုရိုကွင်းနှင့် ကလိုရိုကွင်းဆေးဝါးတို့သည် COVID-19 ကို ကာကွယ်ကုသရေးအတွက် အကျိုးသက်ရောက်မှုရှိပြီး စိတ်ချရကြောင်း အထောက်အထားမရှိပါ”ဟု အမေရိကန် အစားအသောက်နှင့်ဆေးဝါး ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ အဆိုပါ ဆေးဝါးနှစ်ခုစလုံးတို့အား မလိုအပ်ပဲ သုံးစွဲခြင်းကြောင့် နှလုံးခုန်နှုန်း စည်းချက်ပုံမှန်အတိုင်းမဖြစ်တော့ပဲ အန္တရာယ်ရှိလောက်သည်အထိ မြန်လာနိုင်ကြောင်း အဆိုပါ အသိပေးချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆေးဝါးနှစ်မျိုးအား ကျန်းမာရေးဆိုင်ရာပညာရှင်၏ ညွှန်ကြားထောက်ခံချက်မပါပဲနှင့် အွန်လိုင်းဆေးဆိုင်များမှ ဝယ်ယူသုံးစွဲကြခြင်း မပြုရန်ကိုလည်း အမေရိကန် အစားအသောက်နှင့်ဆေးဝါး ညွှန်ကြားမှုဦးစီးဌာနက အတိအလင်း သတိပေးထားသည်။
အမေရိကန်တွင် COVID-19 အတည်ပြုမှု စုစုပေါင်း ၉၂၅၀၃၈ ခုရှိနေပြီဖြစ်ပြီး၊ သေဆုံးသူ ၅၂၁၈၅ ဦးရှိကာ၊ သက်သာပျောက်ကင်းသူ ၁၁၀၄၃၂ ဦးရှိသည်။
Ref ; Popular
<zawgyi>
သမ္မတထရမ့် ထပ်တလဲလဲတိုက်တွန်းပြောဆိုနေသော ဆေးဝါး နှစ်မျိုးတို့အပေါ် အမေရိကန် အစားအ သောက်နှင့်ဆေးဝါး ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်
Saturday, April 25, 2020

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် လက်ရှိအနေအထားကို ပြောင်းလဲနိုင်ကြောင်း သမ္မတထရမ့် ထပ်တ လဲလဲတိုက်တွန်းပြောဆိုနေသော ဆေးဝါး နှစ်မျိုးတို့အပေါ် အမေရိကန် အစားအသောက်နှင့်ဆေးဝါး ညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်သည်။
ဟိုဒ်ဒရိုဆီကလိုရိုကွင်း(သို့) ကလိုရိုကွင်း ဆေးဝါးများကို COVID-19 ရောဂါ သက်သာ ပျောက်ကင်းရေးအတွက် မိမိတို့သဘောအလျောက် သုံးစွဲခြင်းသည် နှလုံးခုန်မှုစည်းချက်ကို ပြဿနာဖြစ်စေနိုင်ကြောင်း သောကြာနေ့ကထုတ်ပြန်သည့် ဆေးဝါးဆိုင်ရာအန္တရာယ်ကင်းရေး အသိပေးချက်တွင် ထည့်သွင်းဖော်ပြထားသည်။
”ဟိုဒ်ဒရိုဆီကလိုရိုကွင်းနှင့် ကလိုရိုကွင်းဆေးဝါးတို့သည် COVID-19 ကို ကာကွယ်ကုသရေးအတွက် အကျိုးသက်ရောက်မှုရှိပြီး စိတ်ချရကြောင်း အထောက်အထားမရှိပါ”ဟု အမေရိကန် အစားအသောက်နှင့်ဆေးဝါး ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ အဆိုပါ ဆေးဝါးနှစ်ခုစလုံးတို့အား မလိုအပ်ပဲ သုံးစွဲခြင်းကြောင့် နှလုံးခုန်နှုန်း စည်းချက်ပုံမှန်အတိုင်းမဖြစ်တော့ပဲ အန္တရာယ်ရှိလောက်သည်အထိ မြန်လာနိုင်ကြောင်း အဆိုပါ အသိပေးချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆေးဝါးနှစ်မျိုးအား ကျန်းမာရေးဆိုင်ရာပညာရှင်၏ ညွှန်ကြားထောက်ခံချက်မပါပဲနှင့် အွန်လိုင်းဆေးဆိုင်များမှ ဝယ်ယူသုံးစွဲကြခြင်း မပြုရန်ကိုလည်း အမေရိကန် အစားအသောက်နှင့်ဆေးဝါး ညွှန်ကြားမှုဦးစီးဌာနက အတိအလင်း သတိပေးထားသည်။
အမေရိကန်တွင် COVID-19 အတည်ပြုမှု စုစုပေါင်း ၉၂၅၀၃၈ ခုရှိနေပြီဖြစ်ပြီး၊ သေဆုံးသူ ၅၂၁၈၅ ဦးရှိကာ၊ သက်သာပျောက်ကင်းသူ ၁၁၀၄၃၂ ဦးရှိသည်။
Ref ; Popular

0 comments:

Post a Comment