ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်လှုပ်ရှားပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား နည်းမျိုးစုံဖြင့် ဖြတ်တောက် ပိတ်ဆို့ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိရာ အဆိုပါဒေသတည်ငြိမ် အေးချမ်းရေးနှင့် လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးတို့အတွက် တပ်မတော်အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
ပလက်ဝဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခဲ့မှုကြောင့် ဒေသတွင်းကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ကုန်စည်စီးဆင်းမှုမရှိသဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင် ပြည်သူများမှာ စားရေးအခက်အခဲများလည်း ကြုံတွေ့ခဲ့ရ သည်။
ထို့ကြောင့် လတ်တလောစားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော် သားများနှင့် မိသားစုများက ၎င်းတို့စားသုံးမည့် ရိက္ခာပစ္စည်းများထဲမှ ဆန်အိတ် ၁၀၀ စီ ကို မတ် ၁၄ ရက်နှင့် ဧပြီ ၁၅ ရက်တို့တွင် တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
ပလက်ဝဒေသတွင်းရှိ ဒေသခံပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့များက လှူဒါန်းသည့်စားသောက်ကုန်ပစ္စည်းများအားလည်း AA အကြမ်းဖက် သောင်းကျန်းသူများက နည်းမျိုးစုံဖြင့်ဖြတ်တောက်ပိတ်ဆို့နှောင့်ယှက်မှုများ ကြားမှ တပ်မတော်သားများက နယ်မြေ စိုးမိုးရေးလုပ်ငန်းများ မဆုတ်မနစ်ကြိုးပမ်း ဆောင်ရွက်ပေး ခဲ့မှုကြောင့် ဧပြီ ၁၉ ရက်တွင် ပလက်ဝမြို့သို့ အဆိုပါစားသောက်ဖွယ်ရာများကို အရောက် ပေးပို့နိုင်ခဲ့သည်။
ထို့ပြင် နယ်မြေခံတပ်မတော်သားများနှင့်မိသားစုဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စားသုံးရန် အတွက် ဆန်အိတ် ၇၀၀၀ ကျော်နှင့် အခြားအမယ်စုံ ရိက္ခာများကို မော်တော် ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ ယနေ့ညနေပိုင်းတွင် နယ်မြေခံတပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
တပ်မတော်အ နေဖြင့် ဒေသခံပြည်သူများ လူမှုဘဝလုံခြုံအဆင်ပြေစေရေး လိုအပ်သည်များကူညီ ဆောင်ရွက် ပေးလျက်ရှိရာ နေထိုင်စားသောက်ရေးအခက်အခဲ ကြုံတွေ့လာပါကလည်း ဆက်လက်ကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News
>>Zawgyi<<
ပလက်ဝမြို့ပြည်သူများအတွက် တပ်မတော်မှ မော်တော်ယာဉ်များဖြင့် တပ်မတော်ရိက္ခာများပို့ဆောင်
Saturday, April 25, 2020
ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်လှုပ်ရှားပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား နည်းမျိုးစုံဖြင့် ဖြတ်တောက် ပိတ်ဆို့ခြင်းနှင့် အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်လျက်ရှိရာ အဆိုပါဒေသတည်ငြိမ် အေးချမ်းရေးနှင့် လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးတို့အတွက် တပ်မတော် အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
ပလက်ဝဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခဲ့မှုကြောင့် ဒေသတွင်းကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ကုန်စည်စီးဆင်းမှုမရှိသဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင် ပြည်သူများမှာ စားရေးအခက်အခဲများလည်း ကြုံတွေ့ခဲ့ရ သည်။
ထို့ကြောင့် လတ်တလောစားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော် သားများနှင့် မိသားစုများက ၎င်းတို့စားသုံးမည့် ရိက္ခာပစ္စည်းများထဲမှ ဆန်အိတ် ၁၀၀ စီ ကို မတ် ၁၄ ရက်နှင့် ဧပြီ ၁၅ ရက်တို့တွင် တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
ပလက်ဝဒေသတွင်းရှိ ဒေသခံပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့များက လှူဒါန်းသည့်စားသောက်ကုန်ပစ္စည်းများအားလည်း AA အကြမ်းဖက် သောင်းကျန်းသူများက နည်းမျိုးစုံဖြင့်ဖြတ်တောက်ပိတ်ဆို့နှောင့်ယှက်မှုများ ကြားမှ တပ်မတော်သားများက နယ်မြေ စိုးမိုးရေးလုပ်ငန်းများ မဆုတ်မနစ်ကြိုးပမ်း ဆောင်ရွက်ပေး ခဲ့မှုကြောင့် ဧပြီ ၁၉ ရက်တွင် ပလက်ဝမြို့သို့ အဆိုပါစားသောက်ဖွယ်ရာများကို အရောက် ပေးပို့နိုင်ခဲ့သည်။
ထို့ပြင် နယ်မြေခံတပ်မတော်သားများနှင့်မိသားစုဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စားသုံးရန် အတွက် ဆန်အိတ် ၇၀၀၀ ကျော်နှင့် အခြားအမယ်စုံ ရိက္ခာများကို မော်တော် ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ ယနေ့ညနေပိုင်းတွင် နယ်မြေခံတပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
တပ်မတော်အ နေဖြင့် ဒေသခံပြည်သူများ လူမှုဘဝလုံခြုံအဆင်ပြေစေရေး လိုအပ်သည်များကူညီ ဆောင်ရွက် ပေးလျက်ရှိရာ နေထိုင်စားသောက်ရေးအခက်အခဲ ကြုံတွေ့လာပါကလည်း ဆက်လက်ကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News
0 comments:
Post a Comment