တရုတ်နယ်စပ်အရေးပေါ်ညွှန်ကြားချက်
=======================
တရုတ်ပြည်ရွှေလီအစိုးရကနယ်စပ်ဒေသကျေးရွာအသီးသီးမှရပ်ကျေးပါတီအတွင်းရေးမှူးများနှင့်အုပ်ချုပ်ရေးမှူးများကိုဆင့်ခေါ်၍ ယူနန်ပြည်နယ်အစိုးရ၏ အရေးပေါ်ညွှန်ကြားချက်ကိုနယ်စပ်တလျှောက်တွင်နေထိုင်သောပြည်သူလူထုအများသိရှိရန်ရှင်းပြသည့်အစည်းအဝေးကို မနေ့က(၂၃.၄.၂၀၂၀)ရွှေလီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေး၌ပြည်နယ်အစိုးရ၏ အရေးပေါ်အမိန့်ညွှန်ကြားချက်ကိုရွှေလီအစိုးရကနယ်စပ်ဒေသနေအများပြည်သူသိရှိရန်ထုတ်ပြန်ကြေညာခဲ့ပါသည်။ ကြေညာချက်များမှာ..
၁- တရုတ်နိုင်ငံသားများမြန်မာပြည်သို့သွားရောက်ခွင့်ကိုယာယီပိတ်ပင်လိုက်ပါသည်။ ခိုးဝင်၊ ခိုးထွက် ပါကထောင်ဒဏ်အထိအရေးယူခံရမည်။
၂- နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်ပင်သည့်ကာလကိုရက်ပေါင်း၆၀ကန့်သတ်ထားပါသည်။ မြန်မာပြည်ကိုဗစ်ရောဂါကူးဆက်မှုအခြေအနေပေါ်မူတည်၍ ကန့်သတ်မှုကာလကိုရက်ထပ်တိုးနိုင်ပါသည်။
၃- ဤစည်းကမ်းသတ်မှတ်ချက်ကိုကျူးလွန်သည့်မည်သည့်ရွာသားမဆိုတစ်ရွာလုံးကတာဝန်ယူရမည်။
တရွာလုံးကခံစားနေရသောထောက်ပံ့ကြေးများကိုအစိုးရမှဖြတ်တောက်ပစ်ခြင်းခံရမည်။
၄- နယ်စပ်လုံခြုံရေးကိုပူးပေါင်းကိုင်သွယ်နိုင်ရန်စစ်သား ၆၀၀-ဦးအင်အားဖြည့်ထားပါမည်။
၅- နေ့အချိန်မှာနယ်ခြားစောင့်ရဲနှင့်ပြည်သူ့ရဲအဖွဲ့တို့ကတာဝန်ယူမှာဖြစ်ပြီး၊ ညအချိန်မှာတော့စစ်တပ်ကတာဝန်ယူမှာဖြစ်ပါတယ်။
၆- သို့ဖြစ်ပါ၍ တရုတ်နိုင်ငံသားများမြန်မာပြည်ဘက်သို့၂-လအတွင်းလုံးဝသွားရောက်ခြင်းမပြုရန်နှင့်တရားမဝင်သွားရောက်ပါကဥပဒေအရထိရောက်စွာအရေးယူခြင်းခံရမည်။ ခိုးထွက်သွားပြီးရောဂါကူးဆက်လာပါကကြီးလေးသောပြစ်ဒဏ်ပေးခြင်းခံရမည်။
၇- ဤထုတ်ပြန်ကြေညာချက်သည်မနက်ဖြန် (၂၄)ရက်နေ့မှစတင်အသက်ဝင်မှာဖြစ်ပြီး၊ (၂၄.၆.-၂၀)ရက်နေ့အထိဖြစ်ပါသည်။တရုတ်ဘက်ကမနက်ဖြန်မှစပြီးအဝင်အထွက်လုံးဝပိတ်ပင်လိုက်သည့်အတွက်မြန်မာနိုင်ငံသားများလည်းအသွားအလာသတိထားကြပါရန်၊တရုတ်နိုင်ငံသားများနှင့်ပတ်သက်ဆက်နွယ်သည့်လုပ်ငန်းများလည်းအထူးသတိထားကြပါရန်နိုးဆော်အပ်ပါသည်။
မြန်မာလူမျိုးခိုးဝင်သူများကိုဖမ်းပေးပါကတစ်ဦးကို၁၀၀၀ယွမ်ဆုချမည်ဖြစ်ကြောင်းလည်း ကြေညာထားကြောင်း သိရှိရပါသည်။
Ref : Sai Tun Aung Lwin'Fb #Myanmar_Online_News
>>Zawgyi<<
တရုတ်နိုင်ငံသားများ မြန်မာသို့နယ်စပ်ဖြတ်ကျော် မသွားရောက်ရန် တရုတ်နယ်စပ် အာဏာပိုင် ကြေငြာချက်ထုတ်ပြန်
တရုတ်နယ်စပ်အရေးပေါ်ညွှန်ကြားချက်
=======================
တရုတ်ပြည်ရွှေလီအစိုးရကနယ်စပ်ဒေသကျေးရွာအသီးသီးမှရပ်ကျေးပါတီအတွင်းရေးမှူးများနှင့်အုပ်ချုပ်
ရေးမှူးများကိုဆင့်ခေါ်၍ ယူနန်ပြည်နယ်အစိုးရ၏ အရေးပေါ်ညွှန်ကြားချက်ကိုနယ်စပ်တလျှောက်တွင်နေထိုင်သောပြည်သူလူထုအများသိရှိရန်ရှင်းပြသည့်အစည်းအဝေးကို မနေ့က(၂၃.၄.၂၀၂၀)ရွှေလီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေး၌ပြည်နယ်အစိုးရ၏ အရေးပေါ်အမိန့်ညွှန်ကြားချက်ကိုရွှေလီအစိုးရကနယ်စပ်ဒေသနေအများပြည်သူသိရှိရန်ထုတ်ပြန်ကြေညာခဲ့ပါသည်။ ကြေညာချက်များမှာ..
၁- တရုတ်နိုင်ငံသားများမြန်မာပြည်သို့သွားရောက်ခွင့်ကိုယာယီပိတ်ပင်လိုက်ပါသည်။ ခိုးဝင်၊ ခိုးထွက် ပါ
ကထောင်ဒဏ်အထိအရေးယူခံရမည်။
၂- နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်ပင်သည့်ကာလကိုရက်ပေါင်း၆၀ကန့်သတ်ထားပါသည်။ မြန်မာပြည်ကိုဗစ်
ရောဂါကူးဆက်မှုအခြေအနေပေါ်မူတည်၍ ကန့်သတ်မှုကာလကိုရက်ထပ်တိုးနိုင်ပါသည်။
၃- ဤစည်းကမ်းသတ်မှတ်ချက်ကိုကျူးလွန်သည့်မည်သည့်ရွာသားမဆိုတစ်ရွာလုံးကတာဝန်ယူရမည်။
တရွာလုံးကခံစားနေရသောထောက်ပံ့ကြေးများကိုအစိုးရမှဖြတ်တောက်ပစ်ခြင်းခံရမည်။
၄- နယ်စပ်လုံခြုံရေးကိုပူးပေါင်းကိုင်သွယ်နိုင်ရန်စစ်သား ၆၀၀-ဦးအင်အားဖြည့်ထားပါမည်။
၅- နေ့အချိန်မှာနယ်ခြားစောင့်ရဲနှင့်ပြည်သူ့ရဲအဖွဲ့တို့ကတာဝန်ယူမှာဖြစ်ပြီး၊ ညအချိန်မှာတော့စစ်တပ်က
တာဝန်ယူမှာဖြစ်ပါတယ်။
၆- သို့ဖြစ်ပါ၍ တရုတ်နိုင်ငံသားများမြန်မာပြည်ဘက်သို့၂-လအတွင်းလုံးဝသွားရောက်ခြင်းမပြုရန်နှင့်တ
ရားမဝင်သွားရောက်ပါကဥပဒေအရထိရောက်စွာအရေးယူခြင်းခံရမည်။ ခိုးထွက်သွားပြီးရောဂါကူး
ဆက်လာပါကကြီးလေးသောပြစ်ဒဏ်ပေးခြင်းခံရမည်။
၇- ဤထုတ်ပြန်ကြေညာချက်သည်မနက်ဖြန် (၂၄)ရက်နေ့မှစတင်အသက်ဝင်မှာဖြစ်ပြီး၊ (၂၄.၆.-၂၀)
ရက်နေ့အထိဖြစ်ပါသည်။တရုတ်ဘက်ကမနက်ဖြန်မှစပြီးအဝင်အထွက်လုံးဝပိတ်ပင်လိုက်သည့်အတွက်မြန်မာနိုင်ငံသားများလည်းအသွားအလာသတိထားကြပါရန်၊တရုတ်နိုင်ငံသားများနှင့်ပတ်သက်ဆက်နွယ်သည့်လုပ်ငန်းများလည်းအထူးသတိထားကြပါရန်နိုးဆော်အပ်ပါသည်။
မြန်မာလူမျိုးခိုးဝင်သူများကိုဖမ်းပေးပါကတစ်ဦးကို၁၀၀၀ယွမ်ဆုချမည်ဖြစ်ကြောင်းလည်း ကြေညာထားကြောင်း သိရှိရပါသည်။
Ref : Sai Tun Aung Lwin'Fb #Myanmar_Online_News
0 comments:
Post a Comment