COVID-19 ရောဂါ တည်ငြိမ်ပြီးမှသာ (၁၅)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကျင်းပရန် တင်ပြထားကြောင်း မြန်မာ နိုင်ငံထီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
(၁၅)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို မေ ၁၅ ရက်တွင်ကျင်းပရန် ဝန်ကြီးဌာနက ညွှန်ကြားထားသော်လည်း မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉)ရောဂါ ဖြစ်ပွားလာသည်နှင့်အမျှ နေရာအနှံ့အပြားတွင် Lock- down ပြုလုပ်ခြင်း အပါအဝင် အခြားသော အကြောင်းအရာများကြောင့် ထီရောင်းချရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်နေသည့် အတွက် ယခုကဲ့သို့ တင်ပြထားရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသီဟဝင်းမော်က စံတော်ချိန်သို့ ပြောသည်။
'စင်ကာပူနိုင်ငံမှာဆိုရင်လည်း ကြားသိရသလောက် ထီရောင်းချမှုကို COVID-19 တည်ငြိမ်တဲ့အထိ ရွှေ့ဆိုင်းထားတဲ့အကြောင်း ညွှန်ကြားထားပြီးသား ဖြစ်တယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံးထီလုပ်ငန်းနဲ့ အသက်မွေးတဲ့သူတွေကို ငဲ့ညာတဲ့အနေနဲ့ ထီဖွင့်ပွဲကို COVID-19 တည်ငြိမ်တဲ့အချိန်မှာပဲဖြစ်ဖြစ် ရွှေ့ပြောင်းပေးစေချင်ပါတယ်။ ဒါက အဓိက ထီသမားတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခပါ။ ရောင်းမကောင်းတာမဟုတ်ဘူး၊ ရောင်းလို့ကို မရတော့တဲ့ အနေအထားဖြစ်နေတာပါ။ အခုဆို ထီသည်တွေမှာလည်း ထီတွေက ကိုယ်စီဝယ်ထားကြပြီးတဲ့ အနေအထားဖြစ်နေတော့ မဖြစ်မနေ အပြင်ထွက်ရမယ် ဆိုရင် ထီသည်တွေမှာ ရောဂါကူးစက်တာတို့၊ သူတို့ရဲ့ နောက်က မိသားစုတွေ ရောဂါကူးစက်မှာကိုလည်း ကျွန် တော်တို့ စိုးရိမ်ပါတယ်'ဟု ၎င်းက ပြောသည်။ အရင်းပျောက်ခဲ့ရ
ကိုဗစ် (၁၉) ရောဂါစတင်ဖြစ်ပွားသည့် ကာလ ဖြစ်သည့် (၁၄)ကြိမ်မြောက် အောင်ဘာလေထီရောင်းချသောကာလတွင် ရောင်းချရန် အခက်အခဲများရှိနေသဖြင့် အောင်ဘာလေထီဖွင့်ပွဲရက်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း လိုက်လျောပေးခဲ့ခြင်းမရှိသဖြင့် အလွှာပေါင်းစုံမှ ထီရောင်းချသူ ပြည်သူ ၃၀ ရာခိုင်နှုန်းအထက် အရင်းပျောက်ခဲ့ရကြောင်း ထီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
Source : ထီလုပ်ငန်းရှင်များအသင်း #Myanmar_Online_News
>>Zawgyi<<
COVID-19 ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ တည်ငြိမ်မှသာ အောင်ဘာလေထီဖွင့်ပွဲကျင်းပရန် ထီလုပ်ငန်းရှင်များမှတင်ပြထား
Friday, April 24, 2020
COVID-19 ရောဂါ တည်ငြိမ်ပြီးမှသာ (၁၅)ကြိမ် မြောက် အောင်ဘာလေထီဖွင့်ပွဲ ကျင်းပရန် တင်ပြထားကြောင်း မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
(၁၅)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို မေ ၁၅ ရက်တွင်ကျင်းပရန် ဝန်ကြီးဌာနက ညွှန်ကြားထားသော်လည်း မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉)ရောဂါ ဖြစ်ပွားလာသည်နှင့်အမျှ နေရာအနှံ့အပြားတွင် Lock- down ပြုလုပ်ခြင်း အပါအဝင် အခြားသော အကြောင်းအရာများကြောင့် ထီရောင်းချရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်နေသည့် အတွက် ယခုကဲ့သို့ တင်ပြထားရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသီဟဝင်းမော်က စံတော်ချိန်သို့ ပြောသည်။
'စင်ကာပူနိုင်ငံမှာဆိုရင်လည်း ကြားသိရသလောက် ထီရောင်းချမှုကို COVID-19 တည်ငြိမ်တဲ့အထိ ရွှေ့ဆိုင်းထားတဲ့အကြောင်း ညွှန်ကြားထားပြီးသား ဖြစ်တယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံးထီလုပ်ငန်းနဲ့ အသက်မွေးတဲ့သူတွေကို ငဲ့ညာတဲ့အနေနဲ့ ထီဖွင့်ပွဲကို COVID-19 တည်ငြိမ်တဲ့အချိန်မှာပဲဖြစ်ဖြစ် ရွှေ့ပြောင်းပေးစေချင်ပါတယ်။ ဒါက အဓိက ထီသမားတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခပါ။ ရောင်းမကောင်းတာမဟုတ်ဘူး၊ ရောင်းလို့ကို မရတော့တဲ့ အနေအထားဖြစ်နေတာပါ။ အခုဆို ထီသည်တွေမှာလည်း ထီတွေက ကိုယ်စီဝယ်ထားကြပြီးတဲ့ အနေအထားဖြစ်နေတော့ မဖြစ်မနေ အပြင်ထွက်ရမယ် ဆိုရင် ထီသည်တွေမှာ ရောဂါကူးစက်တာတို့၊ သူတို့ရဲ့ နောက်က မိသားစုတွေ ရောဂါကူးစက်မှာကိုလည်း ကျွန် တော်တို့ စိုးရိမ်ပါတယ်'ဟု ၎င်းက ပြောသည်။ အရင်းပျောက်ခဲ့ရ
ကိုဗစ် (၁၉) ရောဂါစတင်ဖြစ်ပွားသည့် ကာလ ဖြစ်သည့် (၁၄)ကြိမ်မြောက် အောင်ဘာလေထီရောင်းချသောကာလတွင် ရောင်းချရန် အခက်အခဲများရှိနေသဖြင့် အောင်ဘာလေထီဖွင့်ပွဲရက်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း လိုက်လျောပေးခဲ့ခြင်းမရှိသဖြင့် အလွှာပေါင်းစုံမှ ထီရောင်းချသူ ပြည်သူ ၃၀ ရာခိုင်နှုန်းအထက် အရင်းပျောက်ခဲ့ရကြောင်း ထီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
Source : ထီလုပ်ငန်းရှင်များအသင်း #Myanmar_Online_News
0 comments:
Post a Comment