COVID-19 ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကို ကမ္ဘာတစ်ဝန်း တိုက်ဖျက်ရာတွင် အထောက်အကူပြုရန်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)သို့ အမေရိကန်ဒေါ်လာ သန်း ၃၀ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ကြာသပတေးနေ့က ကြေညာသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံက WHO သို့ ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းမည်ဟု ပြောကြားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ယင်းကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
COVID-19 ရောဂါကိုကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်ရာတွင် ကူညီထောက်ပံ့ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျန်းမာရေး စနစ်များ ခိုင်မာအားကောင်းလာစေရန်အတွက် ယခင် လှူဒါန်းထားပြီးဖြစ်သည့် ဒေါ်လာသန်း ၂၀ အပြင် နောက်ထပ် ဒေါ်လာ သန်း ၃၀ ကို WHO သို့ ငွေသားဖြင့် လှူဒါန်းရန် တရုတ်နိုင်ငံက ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂန်းရှောင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ( ယခုကဲ့သို့ တရုတ်နိုင်ငံ၏ ထောက်ပံ့လှူဒါန်းမှုသည် WHO အပေါ်ထားရှိသည့် တရုတ်အစိုးရနှင့် ပြည်သူများ၏ထောက်ခံမှုနှင့် ယုံကြည်မှုကို ထင်ဟပ်ပေါ်လွင်စေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာတစ်ဝန်းသို့ ဗိုင်းရပ်စ် မပျံ့နှံ့မီ တရုတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု၏ စိုးရိမ် ဖွယ်ရာအခြေအနေကို WHO က ဖုံးဖိထားခဲ့သည်ဟု စွပ်စွဲ ပြောကြားခဲ့သည်။ ယင်းစွပ်စွဲပြောဆိုမှုသည် တရုတ်နိုင်ငံကို အမျက်ဒေါသထွက်စေခဲ့ပြီး နှစ်နိုင်ငံအကြား ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ငြင်းခုံမှုဖြစ်ပွားခဲ့သည်။
ဒေါ်နယ်ထရမ့်က အမေရိကန် အခွန်ထမ်းပြည်သူများသည် WHO သို့ တစ်နှစ်လျှင် ဒေါ်လာ သန်း ၄၀၀ မှ သန်း ၅၀၀ အကြား ထောက်ပံ့ခဲ့ကြောင်း၊ ထိုစဉ်အချိန်တွင် တရုတ်နိုင်ငံက အကြမ်းဖျင်းအားဖြင့် တစ်နှစ်လျှင် ဒေါ်လာ သန်း ၄၀ သာ ထောက်ပံ့ကြောင်း ပြောကြားခဲ့သည်။
ကိုးကား - အေအက်ဖ်ပီ Ref : MDN
ဘာသာပြန် - အောင်ဇော်လင်း
>>Zawgyi<<
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အမေရိကန်က ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းလိုက်ပြီးနောက် တရုတ်နိုင်ငံက ဒေါ်လာ သန်း ၃၀ ထပ်မံလှူဒါန်း
Friday, April 24, 2020
COVID-19 ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကို ကမ္ဘာတစ်ဝန်း တိုက်ဖျက်ရာတွင် အထောက်အကူပြုရန်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)သို့ အမေရိကန်ဒေါ်လာ သန်း ၃၀ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ကြာသပတေးနေ့က ကြေညာသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံက WHO သို့ ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းမည်ဟု ပြောကြားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ယင်းကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
COVID-19 ရောဂါကိုကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်ရာတွင် ကူညီထောက်ပံ့ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျန်းမာရေး စနစ်များ ခိုင်မာအားကောင်းလာစေရန်အတွက် ယခင် လှူဒါန်းထားပြီးဖြစ်သည့် ဒေါ်လာသန်း ၂၀ အပြင် နောက်ထပ် ဒေါ်လာ သန်း ၃၀ ကို WHO သို့ ငွေသားဖြင့် လှူဒါန်းရန် တရုတ်နိုင်ငံက ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂန်းရှောင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ( ယခုကဲ့သို့ တရုတ်နိုင်ငံ၏ ထောက်ပံ့လှူဒါန်းမှုသည် WHO အပေါ်ထားရှိသည့် တရုတ်အစိုးရနှင့် ပြည်သူများ၏ထောက်ခံမှုနှင့် ယုံကြည်မှုကို ထင်ဟပ်ပေါ်လွင်စေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာတစ်ဝန်းသို့ ဗိုင်းရပ်စ် မပျံ့နှံ့မီ တရုတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု၏ စိုးရိမ် ဖွယ်ရာအခြေအနေကို WHO က ဖုံးဖိထားခဲ့သည်ဟု စွပ်စွဲ ပြောကြားခဲ့သည်။ ယင်းစွပ်စွဲပြောဆိုမှုသည် တရုတ်နိုင်ငံကို အမျက်ဒေါသထွက်စေခဲ့ပြီး နှစ်နိုင်ငံအကြား ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ငြင်းခုံမှုဖြစ်ပွားခဲ့သည်။
ဒေါ်နယ်ထရမ့်က အမေရိကန် အခွန်ထမ်းပြည်သူ များသည် WHO သို့ တစ်နှစ်လျှင် ဒေါ်လာ သန်း ၄၀၀ မှ သန်း ၅၀၀ အကြား ထောက်ပံ့ခဲ့ကြောင်း၊ ထိုစဉ်အချိန်တွင် တရုတ်နိုင်ငံက အကြမ်းဖျင်းအားဖြင့် တစ်နှစ်လျှင် ဒေါ်လာ သန်း ၄၀ သာ ထောက်ပံ့ကြောင်း ပြောကြားခဲ့သည်။
ကိုးကား - ေအအက္ဖ္ပီ Ref : MDN
ဘာသာပြန် - အောင်ဇော်လင်း
0 comments:
Post a Comment