Thursday, April 23, 2020

ကမ္ဘာ့ကပ်ရောဂါ COVID-19ကြောင့် ဧပြီလနောက်ဆုံးပတ်တွင် ကျင်းပရန်စီစဉ်ထားသည့် ၂၁-ရာစုပင်လုံ စတုတ္ထအစည်းအဝေး ရွှေ့ဆိုင်းလိုက်ရ

Image may contain: 2 people, outdoor

COVID-19 ကပ်ရောဂါ ကူးစက်မှု အခြေအနေကြောင့် ဧပြီလနောက်ဆုံးပတ်တွင် ကျင်းပရန်စီစဉ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို မလွဲမသွေ ရွှေ့ဆိုင်းလိုက်ရပြီဟု NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး (န၀မအကြိမ်) ကို ဧပြီ ၂၂ ရက် နံနက်ပိုင်းက Online Video Conference ဖြင့် ကျင်းပခဲ့ပြီး NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက အစည်းအဝေး နှုတ်ခွန်းဆက်အဖွင့် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
(၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးကို ဧပြီ နောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
'ဒီဧပြီလ နောက်ဆုံးပတ်မှာ ကျင်းပရမှာဖြစ်ပေမယ့် COVID-19 ကပ်ရောဂါ ကူးစက်မှု အခြေအနေကြောင့် မလွဲမသွေရွှေ့ဆိုင်းရပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အရေးကြီးသလို တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးရဲ့ ကျန်းမာရေးကလည်း အလွန်အင်မတန်မှ အရေးကြီးတာဖြစ်လို့ အားလုံးရဲ့ကျန်းမာရေးကို ဦးထိပ်ထားပြီး COVID-19 ကပ်ရောဂါဆိုင်ရာ ပညာပေးရေး၊ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် အဖွဲ့အစည်းတိုင်းက ဝိုင်းဝန်း ဆောင်ရွက်နေတာဖြစ်ပါတယ်'ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
COVID-19 ကပ်ရောဂါထိန်းချုပ်နိုင်သည့် အချိန်နောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအစည်းအဝေးများကို သတ်မှတ်စီစဉ်ထားသည့်အတိုင်း ဆက်တိုက် ဆောင်ရွက်နိုင်ရန် ယခုကတည်းက ပြင်ဆင်ထားရန်လည်း ၎င်းက ထည့်သွင်းပြောကြားသည်။
ထို့ပြင် အရှိန်အဟုန်ရရှိပြီးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရှိန်ရပ်တန့် မသွားရန် ဂရုပြုဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရညှိနှိုင်းရေးအဖွဲ့နှင့် Online Video Conference ကျင်းပနိုင်ရေးကို နည်းလမ်းရှာသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဧပြီ ၂၂ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး လက်ရှိတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ အခြေ အနေများ၊ သက်ဆိုင်ရာဒေသနယ်မြေအတွင်းမှာ ဆောင်ရွက်နေသည့် ကပ်ရောဂါပညာပေး၊ ကာကွယ်တားဆီးရေးဆိုင်ရာလုပ်ငန်းများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ COVID-19 ကပ်ရောဂါဆိုင်ရာပညာပေးရေး၊ ကာကွယ်တားဆီးရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ ကုသရေးကိစ္စများအတွက် အစိုးရနှင့် သင့်တော်သလို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
No photo description available.
ပုံ - ၂၁-ရာစုပင်လုံ တတိယအစည်းအဝေး
Crd :The Standard Time Daily

>>Zawgyi<<
ကမ္ဘာ့ကပ်ရောဂါ COVID-19ကြောင့် ဧပြီလနောက်ဆုံးပတ်တွင် ကျင်းပရန်စီစဉ်ထားသည့် ၂၁-ရာစုပင်လုံ စတုတ္ထအစည်းအဝေး ရွှေ့ဆိုင်းလိုက်ရ
Friday, April 24, 2020

COVID-19 ကပ်ရောဂါ ကူးစက်မှု အခြေအနေကြောင့် ဧပြီလနောက်ဆုံးပတ်တွင် ကျင်းပရန်စီစဉ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို မလွဲမသွေ ရွှေ့ဆိုင်းလိုက်ရပြီဟု NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး (နဝမအကြိမ်) ကို ဧပြီ ၂၂ ရက် နံနက်ပိုင်းက Online Video Conference ဖြင့် ကျင်းပခဲ့ပြီး NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက အစည်းအဝေး နှုတ်ခွန်းဆက်အဖွင့် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
(၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးကို ဧပြီ နောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
'ဒီဧပြီလ နောက်ဆုံးပတ်မှာ ကျင်းပရမှာဖြစ်ပေမယ့် COVID-19 ကပ်ရောဂါ ကူးစက်မှု အခြေအနေကြောင့် မလွဲမသွေရွှေ့ဆိုင်းရပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အရေးကြီးသလို တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးရဲ့ ကျန်းမာရေးကလည်း အလွန်အင်မတန်မှ အရေးကြီးတာဖြစ်လို့ အားလုံးရဲ့ကျန်းမာရေးကို ဦးထိပ်ထားပြီး COVID-19 ကပ်ရောဂါဆိုင်ရာ ပညာပေးရေး၊ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် အဖွဲ့အစည်းတိုင်းက ဝိုင်းဝန်း ဆောင်ရွက်နေတာဖြစ်ပါတယ်'ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
COVID-19 ကပ်ရောဂါထိန်းချုပ်နိုင်သည့် အချိန်နောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအစည်းအဝေးများကို သတ်မှတ်စီစဉ်ထားသည့်အတိုင်း ဆက်တိုက် ဆောင်ရွက်နိုင်ရန် ယခုကတည်းက ပြင်ဆင်ထားရန်လည်း ၎င်းက ထည့်သွင်းပြောကြားသည်။
ထို့ပြင် အရှိန်အဟုန်ရရှိပြီးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရှိန်ရပ်တန့် မသွားရန် ဂရုပြုဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရညှိနှိုင်းရေးအဖွဲ့နှင့် Online Video Conference ကျင်းပနိုင်ရေးကို နည်းလမ်းရှာသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဧပြီ ၂၂ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး လက်ရှိတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ အခြေ အနေများ၊ သက်ဆိုင်ရာဒေသနယ်မြေအတွင်းမှာ ဆောင်ရွက်နေသည့် ကပ်ရောဂါပညာပေး၊ ကာကွယ်တားဆီးရေးဆိုင်ရာလုပ်ငန်းများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ COVID-19 ကပ်ရောဂါဆိုင်ရာပညာပေးရေး၊ ကာကွယ်တားဆီးရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ ကုသရေးကိစ္စများအတွက် အစိုးရနှင့် သင့်တော်သလို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Crd :The Standard Time Daily

0 comments:

Post a Comment