ဂျပန်မင်းသမီး Kumiko Okae ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါနဲ့ ဧပြီလ (၂၃) ရက်နေ့ တိုကျိုရှိ ဆေးရုံတစ်ရုံမှာ သေဆုံးခဲ့ကြောင်းနဲ့ သူမသေဆုံးချိန်မှာ အသက် ၆၃ နှစ်ရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
နာမည်ရင်း Kumiko Owada သရုပ်ဆောင်အမည် Okae ဟာ ဧပြီလ ၃ ရက်နေ့ကတည်းက ဖျားနာနေခဲ့တာဖြစ်ပြီး ၃ ရက်အကြာမှာ ပိုမိုဆိုးရွားလာတာကြောင့် ဆေးရုံကိုပို့ဆောင်ခဲ့ရတာလို့ ဆိုပါတယ်။ ဆေးရုံမှာ စမ်းသပ်စစ်ဆေးတဲ့အခါ သူမမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံထားရပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကို ခံစားနေရ တယ်ဆိုတာ သိခဲ့ရတာလို့ ဆိုပါတယ်။
သူမှဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ နှောင်းပိုင်းကလည်း ရင်သားကင်ဆာအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ဖေဖော်ဝါရီလလယ်ပိုင်းအထိ ဓာတ်ရောင်ခြည်ကုထုံးနဲ့ကုသနေခဲ့ရတာကြောင့် ခန္ဓာကိုယ်အားနည်းနေချိန် ကိုရိုနာဗိုင်းရပ်စ်ကို ခုခံနိုင်ခဲ့ခြင်းမရှိခဲ့တာ လို့ သိရပါတယ်။
Okae ဟာ ၁၉၇၅ ခုနှစ်မှာ သရုပ်ဆောင် မင်းသမီးအဖြစ်စတင်ထွက်ရှိခဲ့ပြီး ဒရာမာဇတ်ရုပ်များစွာကို သရုပ်ဆောင်ခဲ့သလို ဂျပန်ရုပ်သံဌာနရဲ့ “ Renso Game” လို ဖျော်ဖြေရေးအစီအစဉ်တွေမှာလည်း ပါ ၀င်သရုပ်ဆောင်ခဲ့ပါတယ်။
၁၉၉၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တိုကျိုရုပ်မြင်သံကြားကုမ္ပဏီရဲ့ “ Hanamaru Market” အမည်ရ နံနက်စဉ် အစီအစဉ်တစ်ခုကိုလည်း ဦးဆောင်တင်ဆက်ခဲ့ကြောင်း သိရပါတယ်။
"ကျနော်တို့ကအရမ်းဝမ်းနည်းနေပြီးမယုံနိုင်ဘူး။ အရမ်းစိတ်ပျက်စရာကောင်းတယ်။ အခုအချိန်မှာတစ်ခုခုကိုစဉ်းစားလို့မရတော့ဘူး" လို့ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ Okae ရဲ့ အမျိုးသားက ပြောကြားခဲ့ပါတယ်။

Source - ပန်ပန်/ Myanmar Harp Media
<zawgyi>
Covid-19 ကူးစက်ရောဂါကြောင့် ဂျပန် မင်းသမီး Kumiko Okae သေဆုံး
Friday, April 24 , 2020
ဂျပန်မင်းသမီး Kumiko Okae ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါနဲ့ ဧပြီလ (၂၃) ရက်နေ့ တိုကျိုရှိ ဆေးရုံတစ်ရုံမှာ သေဆုံးခဲ့ကြောင်းနဲ့ သူမသေဆုံးချိန်မှာ အသက် ၆၃ နှစ်ရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
နာမည်ရင်း Kumiko Owada သရုပ်ဆောင်အမည် Okae ဟာ ဧပြီလ ၃ ရက်နေ့ကတည်းက ဖျားနာနေခဲ့တာဖြစ်ပြီး ၃ ရက်အကြာမှာ ပိုမိုဆိုးရွားလာတာကြောင့် ဆေးရုံကိုပို့ဆောင်ခဲ့ရတာလို့ ဆိုပါတယ်။ ဆေးရုံမှာ စမ်းသပ်စစ်ဆေးတဲ့အခါ သူမမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံထားရပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကို ခံစားနေရ တယ်ဆိုတာ သိခဲ့ရတာလို့ ဆိုပါတယ်။
သူမှဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ နှောင်းပိုင်းကလည်း ရင်သားကင်ဆာအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ဖေဖော်ဝါရီလလယ်ပိုင်းအထိ ဓာတ်ရောင်ခြည်ကုထုံးနဲ့ကုသနေခဲ့ရတာကြောင့် ခန္ဓာကိုယ်အားနည်းနေချိန် ကိုရိုနာဗိုင်းရပ်စ်ကို ခုခံနိုင်ခဲ့ခြင်းမရှိခဲ့တာ လို့ သိရပါတယ်။
Okae ဟာ ၁၉၇၅ ခုနှစ်မှာ သရုပ်ဆောင် မင်းသမီးအဖြစ်စတင်ထွက်ရှိခဲ့ပြီး ဒရာမာဇတ်ရုပ်များစွာကို သရုပ်ဆောင်ခဲ့သလို ဂျပန်ရုပ်သံဌာနရဲ့ “ Renso Game” လို ဖျော်ဖြေရေးအစီအစဉ်တွေမှာလည်း ပါ ဝင်သရုပ်ဆောင်ခဲ့ပါတယ်။
၁၉၉၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တိုကျိုရုပ်မြင်သံကြားကုမ္ပဏီရဲ့ “ Hanamaru Market” အမည်ရ နံနက်စဉ် အစီအစဉ်တစ်ခုကိုလည်း ဦးဆောင်တင်ဆက်ခဲ့ကြောင်း သိရပါတယ်။
"ကျနော်တို့ကအရမ်းဝမ်းနည်းနေပြီးမယုံနိုင်ဘူး။ အရမ်းစိတ်ပျက်စရာကောင်းတယ်။ အခုအချိန်မှာတစ်ခုခုကိုစဉ်းစားလို့မရတော့ဘူး" လို့ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ Okae ရဲ့ အမျိုးသားက ပြောကြားခဲ့ပါတယ်။
Source - ပန္ပန္/ Myanmar Harp Media

0 comments:
Post a Comment