Thursday, April 23, 2020

COVID - 19 ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့်ကို ၂ လ တိုးမြင့်

No photo description available.

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ ခုတွင် ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရသော ညမထွက်ရအမိန့်ကို ဧပြီလ ၂၃ ရက်နေ့ရက်စွဲဖြင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဒေသန္တရအမိန့် ၃/၂ဝ၂ဝ ဖြင့် အမိန့်များ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ COVID - 19 မှာ မြန်မာနိုင်ငံတွင် ကူးစက်ပြန့်ပွားလျှက်ရှိကြောင်း၊ သက်ဆိုင်ရာမြို့နယ်များအတွင်း COVID - 19 ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းရေးအတွက် အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း အမိန့်စာများတွင် ရေးသားထားသည်။
ယခုအမိန့်မှာ အများပြည်သူအကျိုးငှါ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ယခုအမိန့်အား ထုတ်ပြန်သည့်နေ့မှ ၂ လ အတည်ဖြစ်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။
No photo description available.
Source - Ayeyarwaddy Times
<zawgyi>
COVID - 19 ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့်ကို ၂ လ တိုးမြင့်
Friday, April 24, 2020

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ ခုတွင် ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရသော ညမထွက်ရအမိန့်ကို ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဒေသန္တရအမိန့် ၃/၂ဝ၂ဝ ဖြင့် အမိန့်များ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ COVID - 19 မှာ မြန်မာနိုင်ငံတွင် ကူးစက်ပြန့်ပွားလျှက်ရှိကြောင်း၊ သက်ဆိုင်ရာမြို့နယ်များအတွင်း COVID - 19 ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းရေးအတွက် အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း အမိန့်စာများတွင် ရေးသားထားသည်။
ယခုအမိန့်မှာ အများပြည်သူအကျိုးငှါ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ယခုအမိန့်အား ထုတ်ပြန်သည့်နေ့မှ ၂ လ အတည်ဖြစ်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။
ဧပြီလ ၁၈ ရက်နေ့က ဒေသန္တရအမိန့် ၂/၂ဝ၂ဝ ဖြင့် ညမထွက်ရအမိန့်များ မြျိ့နယ်အသီးသီးတွင် ထုတ်ပြန်ခဲ့ရာ အဆိုပါ အမိန့်များကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သော ဒေသန္တရအမိန့် ၃/၂ဝ၂ဝ ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း ရေးသားဖော်ပြထားသည်။
Source - Ayeyarwaddy Times

0 comments:

Post a Comment