Thursday, April 23, 2020

COVID-19 ထိန်းချုပ်ကုသရေးအတွက် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဒုတိယအဖွဲ့ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိ

Image may contain: one or more people and people standing

မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအား ကူညီရန်အတွက် တရုတ်နိုင်ငံမှ စေလွှတ်သော အဖွဲ့ဝင် (၁၂) ဦးပါဝင်သည့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ဒုတိယအဖွဲ့သည် တာဝန်များ ဆက်လက်ထမ်းဆောင်ရန် ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာကြောင်း သိရသည်။

ပထမ အကြိမ်ရောက်ရှိလာသော တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်များအဖွဲ့သည် ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၌ရှိနေစဉ်အတွင်း ပူပြင်းလှသည့်ရာသီဥတု စသဖြင့် အခက်အခဲများကို ကျော်လွှား၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ဆေးကုသရေးအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းနှင့် သီးသန့်စောင့်ကြည့်သည့်နေရာ ၄၃ ခုသို့ သွားရောက်၍ ကူးလူးဖလှယ်ပြီး မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျန်းမာရေးဌာနများနှင့် ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးကာ ကူးလူးဖလှယ်ရေးနှင့် လေ့ကျင့်ရေးအခမ်းအနားပေါင်း ၆၀ ကျော် ကျင်းပပြီး လူဦးရေပေါင်း ၄၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်များအဖွဲ့က မြန်မာနိုင်ငံအား လုပ်ငန်းအကြံပြုချက်နှင့် နည်းပညာလမ်းညွှန်မှုများစွာ ပေးအပ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ဓာတ်ခွဲခန်းတွင်စမ်းသပ်ရေး၊ ဆေးရုံတွင် ရောဂါကူးစက်မှုထိန်းချုပ်ရေး၊ ကုသကယ်ဆယ်ရေး၊ တရုတ်တိုင်းရင်းဆေးဖြင့် ကုသရေးစသည့်နယ်ပယ်များတွင် တရုတ်အတွေ့အကြုံများအား မျှဝေခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကလည်း မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ အတွက်လည်း ကျန်းမာရေးလမ်းညွှန်မှုနှင့် ကူညီမှုများလည်း ပေးအပ်ခဲ့ပါသည်။ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့၏လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံနယ်ပယ်အသီးသီး၏ ချီးကျုးခြင်းကို ခံခဲ့ရပါသည်။

Image may contain: airplane, sky and outdoor
Image may contain: one or more people and people standing
No photo description available.
Image may contain: one or more people, people standing, airplane and outdoor
Crd : Chinese Embassy in Myanmar #Myanmar_Online_News
>>Zawgyi<<
COVID-19 ထိန်းချုပ်ကုသရေးအတွက် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဒုတိယအဖွဲ့ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိ
Friday, April 24, 2020

မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအား ကူညီရန်အတွက် တရုတ်နိုင်ငံမှ စေလွှတ်သော အဖွဲ့ဝင် (၁၂) ဦးပါဝင်သည့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ဒုတိယအဖွဲ့သည် တာဝန်များ ဆက်လက်ထမ်းဆောင်ရန် ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာကြောင်း သိရသည်။
ပထမ အကြိမ်ရောက်ရှိလာသော တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်များအဖွဲ့သည် ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၌ရှိနေစဉ်အတွင်း ပူပြင်းလှသည့်ရာသီဥတု စသဖြင့် အခက်အခဲများကို ကျော်လွှား၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ဆေးကုသရေးအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းနှင့် သီးသန့်စောင့်ကြည့်သည့်နေရာ ၄၃ ခုသို့ သွားရောက်၍ ကူးလူးဖလှယ်ပြီး မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျန်းမာရေးဌာနများနှင့် ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးကာ ကူးလူးဖလှယ်ရေးနှင့် လေ့ကျင့်ရေးအခမ်းအနားပေါင်း ၆၀ ကျော် ကျင်းပပြီး လူဦးရေပေါင်း ၄၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်များအဖွဲ့က မြန်မာနိုင်ငံအား လုပ်ငန်းအကြံပြုချက်နှင့် နည်းပညာလမ်းညွှန်မှုများစွာ ပေးအပ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ဓာတ်ခွဲခန်းတွင်စမ်းသပ်ရေး၊ ဆေးရုံတွင် ရောဂါကူးစက်မှုထိန်းချုပ်ရေး၊ ကုသကယ်ဆယ်ရေး၊ တရုတ်တိုင်းရင်းဆေးဖြင့် ကုသရေးစသည့်နယ်ပယ်များတွင် တရုတ်အတွေ့အကြုံများအား မျှဝေခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကလည်း မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ အတွက်လည်း ကျန်းမာရေးလမ်းညွှန်မှုနှင့် ကူညီမှုများလည်း ပေးအပ်ခဲ့ပါသည်။ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့၏လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံနယ်ပယ်အသီးသီး၏ ချီးကျုးခြင်းကို ခံခဲ့ရပါသည်။
Crd : Chinese Embassy in Myanmar #Myanmar_Online_News

0 comments:

Post a Comment