ဗီယက်နမ်နိုင်ငံမှာ ဧပြီလ ၂၃ ရက်ကစလို့ COVID-19 ကြောင့်ထုတ်ပြန်ထားတဲ့စည်းမျဉ်းတွေကို ဖြေလျှော့ပေးနေပြီဖြစ်တယ်လို့ သိရသည်။
လူအများကြီးကို သီးသန့်ခွဲခြားစောင့်ကြည့်နိုင်ခြင်းနဲ့ ငွေကြေးအကုန်အကျခံလုပ်ဆောင်ခဲ့တဲ့ခြေရာခံစနစ် ကောင်းမွန်မှုတွေအပါအဝင် ပြတ်သားတဲ့တုံ့ပြန်ဆောင်ရွက်ချက်တွေကြောင့် ရောဂါပိုးပြန့်ပွားမှုကိုထိန်းချုပ် ရာမှာ အောင်မြင်မှုရရှိတာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောဆိုထားသည်။
ဗီယက်နမ်ဟာ တရုတ်နဲ့နယ်နိမိတ်ချင်းထိစပ်နေပေမယ့် ရောဂါပိုးကူးစက်ခံရသူ ၂၆၈ ဦးသာရှိပြီး သေဆုံးသူ မရှိသေးပါဘူး။ စစ်ဆေးမှုနည်းပါးနေသေးတဲ့အပြင် အာဏာရအစိုးရအဖွဲ့ရဲ့ကျန်းမာ ရေးဝန်ကြီး ဌာနကသာ ကိန်းဂဏန်းတွေကို ထုတ်ပြန်ပေးနေတာဖြစ်ပေမယ့် မယုံကြည်နိုင်စရာအကြောင်းမရှိဘူးလို့ ပညာရှင်တွေက ဆိုထားပါတယ်။
ဗီယက်နမ်ဟာ တရုတ်ပြည်မကြီးက လေကြောင်းခရီးစဉ်တွေကို အစောဆုံးတားမြစ်ခဲ့တဲ့နိုင်ငံဖြစ်ပြီး ဖေဖော်ဝါရီလအစောပိုင်းမှာကတည်းက လူဦးရေ ၁၀၀၀၀ လောက်နေထိုင်တဲ့ရွာတွေကို သီးသန့်ခွဲခြား စောင့်ကြည့်ထားခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ရောဂါပိုးရှိသူနဲ့ဆက်နွယ်သူမှန်သမျှကို အင်အားသုံးပြီးခြေရာခံလိုက်ခဲ့ကြသလို အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လမ်းကြိုလမ်းကြားပါမကျန်အောင် တစ်အိမ်တစ်အိမ်ဆင်းစစ်ဆေးမှုတွေကိုဒေသ အလိုက်လုပ်ဆောင်ခဲ့ကြရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပစိဖိတ်အနောက်ဘက်ပိုင်းဒေသဆိုင်ရာဒါရိုက်တာ Takeshi Kasai က ဗီယက်နမ် နိုင်ငံရဲ့အောင်မြင်မှဲဟာ လူထုကို ပူးပေါင်းဆောင်ရွက်ဖို့စည်းရုံးနိုင်ခဲ့လို့ပဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဗီယက်နမ်မှာ သီးသန့်ခွဲခြားစောင့်ကြည့်ခံရသူ ၈၀၀၀၀ လောက်ရှိခဲ့သလို အခုအချိန်အထိ ဗီယက်နမ်ကို ဆိုက်ရောက်တဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်က မရှိသလောက်နီးပါးပါပဲ။ နိုင်ငံတွင်းမှာ ဧပြီလအစက တည်းက နေရာဒေသအလိုက် Lockdown ပြုလုပ်ခဲ့တာပါ။
ပုံမှန်အားဖြင့် ဆိုင်ကယ်တွေ၊ ပျံကျစျေးသည်တွေနဲ့ ပြည့်နှက်နေတဲ့ဟနွိုင်းမြို့ရဲ့လမ်းတွေဟာ ရှင်းလင်းနေခဲ့ပြီး ဆန်ထုတ်ပေးတဲ့ ATM စက်တွေမှာသာ တန်းစီသူတွေရှိခဲ့ပါတယ်။ ရောဂါပိုးထပ်မံကူးစက်ခံရသူမရှိတာ ခြောက်ရက်ဆက်တိုက်ရှိပြီဖြစ်လို့ အစိုးရက တချို့ဆိုင်တွေနဲ့ဝန်ဆောင်မှုတွေကို ပြန်ဖွင့်ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။
ဧပြီလ ၂၃ ရက်ကစပြီး ဟနွိုင်းမြို့မှာ ကော်ဖီဆိုင်တချို့ ပြန်ဖွင့်ထားပြီဖြစ်ပေမယ့် လမ်းမတွေမှာတော့ တိတ်ဆိတ်ခြောက်သွေ့နေဆဲပါပဲ။
အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာ ဒေသခံအစိုးရအဖွဲ့တွေက လူထုကို အိမ်ပြင်မထွက်အောင်လုပ်ဖို့ ခက်ခက် ခဲခဲကြိုးပမ်းနေရသလို ကမ်းခြေမှာလူတွေပြည့်ပြီး လမ်းပေါ်ထွက်ဆန္ဒပြသူတွေလည်း ရှိနေပါတယ်။
ကွန်မြူနစ်ဗီယက်နမ်နိုင်ငံမှာတော့ ပြည်ပကပြန်လာသူတွေအပါအဝင် ဆက်နွယ်မှုရှိတဲ့လူထောင်နဲ့ချီကို နိုင်ငံတစ်ဝန်းက စစ်တပ်ပုံစံစခန်းတွေမှာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒီစခန်းတွေမှာ မွေ့ရာမပါတဲ့နံရံ ကပ်အိပ်စင်တွေနဲ့ထားပြီး စစ်သားတွေက ထမင်းသုံးနပ်ကို အခန်းအပြင်ကနေပဲ ပို့ဆောင်ပေးတာဖြစ်ပေမယ့် လက်ရှိဗီယက်နမ်နိုင်ငံရဲ့စီးပွားရေးအခြေအနေအရ ဘယ်သူကမှ စောဒကတက်မတက်ရဲခဲ့ကြပါဘူး။
University of New South Wales က ဗီယက်နမ်ကျွမ်းကျင်ပညာရှင် Carl Thayer ကတော့ နိုင်ငံရဲ့ရောဂါပိုးဆိုင်ရာကိန်းဂဏန်းတွေကို သတိထားစောင့်ကြည့်သင့်တယ်လို့ ဆိုထားပါတယ်။
Asteria (24.4.2020)
Ref: Channel News Asia Crd : PyiMyanmar
>>Zawgyi<<
ဗိုင်းရပ်ကူးစက်မှု လျော့နည်းလာမှုကြောင့် ဗီယက်နမ်တွင် COVID-19 ကြောင့် ထုတ်ပြန်ထားသည့်စည်းမျဉ်းများကိုစတင်ဖြေလျှော့ပေး
Friday, April 24, 2020

0 comments:
Post a Comment