အောက်စဖို့ရဲ့ COVID-19 ကာကွယ်ဆေးကို ကြာသပတေးနေ့မှာ လူသားတွေနဲ့ စမ်းသပ်ထိုးနှံမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အောက်စဖို့တက္ကသိုလ်နဲ့ လန်ဒန် အင်ပီရီယာကောလိပ်တို့ဟာ COVID-19 ကာကွယ်ဆေးကို အပူတပြင်းရှာဖွေရာမှာ နောက်ထပ် ပေါင် သန်း ၂၀ စီ ရန်ပုံငွေရရှိတဲ့အတွက် လျင်မြန်စွာ တိုးတက်ခဲ့ကြောင်း ယူကေရဲ့ ကျန်းမာရေဝန်ကြီး Matt Hancock က ပြောကြားခဲ့ပါတယ်။
လူသားတွေနဲ့ ဘာကြောင့် စမ်းသပ်တာလဲ
# COVID-19 ကာကွယ်ဆေးကို ကျန်းမာပြီး မိမိသဘောဆန္ဒအလျောက် ပါဝင်မယ့်သူတွေကို စမ်းသပ်ထိုးနှံမှာ ဖြစ်ပါတယ်။
# ChAdOx1nCoV-19 လို့ အမည််ပေးထားတဲ့ ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းကို သယ်ဆောင်ရန် မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာနည်းလမ်းနဲ့ တီထွင်ထားပြီး အန္တရာယ်ကင်းတဲ့ ချန်ပန်ဇီမျောက်ဗိုင်းရပ်စ် ကနေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
# အောက်စဖို့ရဲ့ Jenner Institute အဖွဲ့က ပရော်ဖက်ဆာ ဆာရာဂီလ်ဘတ်က စမ်းသပ်မှုအတွက် မေလအလယ်မှာ လူ ၅၀၀ လောက် ပါဝင်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။
ပါဝင်ဖို့ သင့်လျော်သူများ
# အသက် ၁၈ မှ ၅၅ နှစ်အတွင်း၊ ကျန်းမာရေးကောင်းသူ ဖြစ်ရပါမယ်။
# Bristol Children’s Vaccine Centre၊ University Hospital Southampton နဲ့ ကိုယ်ပိုင် ကာကွယ်ဆေး ဖော်ထုတ်နေတဲ့ Imperial College London မှာ ဆောင်ရွက်မယ့် စမ်းသပ်မှုကို အနီးအနား မြို့မှာနေတဲ့သူတွေအနေနဲ့ ပါဝင်နိုင်ကြောင်း သိရပါတယ်။
# မြို့တော်မှာလုပ်မယ့် စမ်းသပ်မှုတွေမှာတော့ လန်ဒန် အနောက်မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းက လူတွေ ပါဝင်နိုင်ကြောင်း ဆိုပါတယ်။
အောက်စဖို့ ကာကွယ်ဆေးဌာနမှာတော့ Thames Valley ဒေသက လူတွေနဲ့ စမ်းသပ်မှုဆောင်ရွက်မှာဖြစ် ပြီး လောလောဆယ် လူအင်အား မစုဆောင်းရသေးပါဘူး။
ဘယ်သူတွေက မပါဝင်ရဘူးလဲ
# ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ့ရှိသူ၊ COVID-19 ပြင်းထန်ရောဂါ ဖြစ်နိုင်ချေရှိသူနဲ့ တအိမ်တည်းနေသူတွေ မပါဝင်နိုင်ပါဘူး။
# ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကိုယ်ဝန်ဆောင်/ နို့တိုက်ဖို့ ရည်ရွယ်ထားတဲ့ အမျိုးသမီးတွေ မပါဝင်နိုင်ပါဘူး။
# ယခင် Adenoviral ကာကွယ်ဆေးနဲ့ အခြား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ ပါဝင်ဖူးသူတွေ ယခုစမ်းသပ်မှုမှာ မပါရပါဘူး။
# မိမိဆန္ဒအလျောက်ပါဝင်သူတွေဟ ာ ကျန်းမာရေးကောင်းမွန်သူဖြစ် ရမှာ ဖြစ်ပြီး ကင်ဆာရောဂါ၊ ဓါတ်မတည့် ဖြစ်ဖူးသူ၊ ပန်းနာရင်ကြပ် (သို့) နာတာရှည်ရောဂါ ဖြစ်ဖူးသူတွေဟာ ဖယ်ရှားခံရမှာဖြစ်ပါတယ်။
စမ်းသပ်မှုမှာ ဘာတွေပါမလဲ
# သုတေသနကို ပါဝင်သူ ၁၁၁၂ ဦးနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ၅၆၁ ဦးကို ChAdOx1nCoV-19 ကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပါတယ်။
# အခြား ပါဝင်သူ ၅၅၁ ဦးကိုတော့ တီထွင်ထားတဲ့ဆေးမဟုတ်ဘဲ control vaccine ထိုးပေးမှာ ဖြစ်ပါတယ်။
# ကာကွယ်ဆေးထိုးတဲ့ အချိန် တွေ့ဆုံမှုဟာ မိနစ် ၉၀ ကြာမှာဖြစ်ပြီး၊ နောက်ထပ်ချိန်းဆိုမှုတွေမှာ တော့ မိနစ် ၂၀ ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။
စမ်းသပ်ကာလဟာ ၆ လခန့် ကြာမှာဖြစ်ပြီး တနှစ်အကြာမှာ ပြန်လည်စစ်ဆေးအုံးမှာ ဖြစ်ပါတယ်။
# စမ်းသပ်နေစဉ်အတွင်း တွေ့ဆုံမှုက ၄ ကြိမ်ကနေ ၁၂ ကြိမ်ကြား ရှိပါမယ်။
စမ်းသပ်မှုမှာ ပါဝင်ရင် အခကြေးငွေရမှာလား
စမ်းသပ်မှုမှာ ပါဝင်တဲ့အတွက် ပေးရတဲ့အချိန်၊ ခရီးစရိတ်နဲ့ ပါဝင်မှုတွေအတွက် ပေါင် ၂၃၅ ရရှိမှာ ဖြစ်တယ်လို့ အောက်စဖို့ တက္ကသိုလ်က ပြောပါတယ်။ ဒါပေမဲ့ လန်ဒန်အင်ပီရီယာကောလိပ်ကတော ့ ပါဝင်သူတွေဟာ ပေါင် ၁၉၀ ကနေ ပေါင် ၆၂၅ ကြား ရရှိမှာဖြစ်တယ် ဆိုပါတယ်။
စမ်းသပ်မှုမှာပါဝင်ရင် ဘာအကျိုးအမြတ်ရမှာလဲ
* စမ်းသပ်မှုကရတဲ့ အသိပညာဟာ သုတေသန ပညာရှင်တွေအတွက် COVID-19 ကာကွယ်ဆေး ဖော်ထုတ်ဖို့အတွက် အကူအညီဖြစ်ပါမယ်။
* စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ တိုက်ရိုက် အကျိုးကျေးဇူး ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချိန်းဆိုတဲ့အချိန်တိုင်း ကျန်းမာရေး စစ်ဆေးမှု အပြည့်အဝ ရရှိမှာဖြစ်တယ်လို့ အောက်စဖို့က ပြောပါတယ်။
အန္တရာယ် တစုံတရာ ရှိမလား
* သည်ကာကွယ်ဆေးဟာ လူသားတွေကို ပထမဆုံး ထိုးနှံတာ ဖြစ်ပေမယ့် ပိုးအများကြီးပါတဲ့ အလားတူ ကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ပြီး ဖြစ်ပါတယ်လို့ အောက်စဖို့က ပြောပါတယ်။
* အန္တရာယ်ဖြစ်နိုင်ချေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖော်ပြထားရာမှာ
- သွေးထုတ်တဲ့အချိန်မှာ အနည်းငယ်နာကျင်မှုနဲ့ တခါတရံ အညိုအမည်း (bruising) ဖြစ်မယ်
- ကာကွယ်ဆေးထိုးတဲ့နေရာမှာ အသားရောင် အနည်းငယ်နီလာတာနဲ့ ရောင်ရမ်းလာတာ ဖြစ်နိုင်တယ်
- ကာကွယ်ဆေးထိုးပြီး ၂၄ နာရီအတွင်း တုပ်ကွေးဆန်ဆန် လက္ခဏာများခံစားရနိုင်ပြီး ၄၈ နာရီအတွင်း သက်သာနိုင်တယ်လို့ ပါရှိပါတယ်။
စမ်းသပ်မှုကနေ ထွက်ချင်ရင် ဘာဖြစ်မှာလဲ
စမ်းသပ်မှုမှာ ပါဝင်ဖို့ဟာ မိမိဆန္ဒအလျောက်ဖြစ်ပြီး စိတ်ပြောင်းသွားတဲ့အချိန်မှ ာ အချိန်မရွေး အကြောင်းပြစရာမလိုဘဲ စမ်းသပ်မှုကနေ ထွက်နိုင်ကြောင်းနဲ့ စမ်းသပ်မှုကနေ ထွက်သွားပေမယ့် ပြန်လည်ချိန်းဆိုတဲ့အချိန်မ ှာ လာပြဖို့ လိုအပ်ကြောင်း အောက်စဖို့တက္ကသိုလ်က ပြောပါတယ်။
လန်ဒန်အင်ပီရီရယ်ကောလိပ်ရဲ့ ကာကွယ်ဆေး စမ်းသပ်မှု
လန်ဒန်အင်ပီရီရယ်ကောလိပ်ရဲ့ ကာကွယ်ဆေး စမ်းသပ်မှုကိုတော့ ဇွန်လမှာ စမှာဖြစ်ပြီး လောလောဆယ် လူအင်အား မစုဆောင်းရသေးပါဘူး။ အဆိုပါဆေးကို ဖေဖော်ဝါရီလကတည်းက တိရိစ္ဆာန်တွေမှာ စမ်းသပ်နေတာဖြစ်ကြောင်း အင်ပီရီရယ်ရဲ့ ကူးစက်ရောဂါဌာနက ပရော်ဖက်ဆာ ရော်ဘင်ရှတော့ခ်က ပြောခဲ့ပါတယ်။ လူတွေနဲ့ စမ်းသပ်မှု ရလဒ်ကိုတော့ စက်တင်ဘာမှာ အစောဆုံး ထုတ်ပြန်နိုင်ကြောင်း သုတေသန ပညာရှင်တွေက ပြောပါတယ်။
Credit:-SU SU Lin
#CJ🦂
(Ref: Coronavirus: Wanted - Volunteers for COVID-19 vaccine trials who could earn up to £625, Sky news)
0 comments:
Post a Comment