လက်ရှိ COVID-19 အခြေအနေအရ ကုန်ပစ္စည်းပြတ်လတ်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေဖို့အတွက် အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ လုပ်ငန်းရှင်တွေရဲ့ ထုတ်လုပ်၊ဖြန့်ဖြူးမှုကို တားမြစ်ကန့်သတ်ထားတာမရှိဘူးလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စံသတ်မှတ်ချက်နဲ့အညီစစ်ဆေးမှုခံယူပြီးတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်သွားဖို့ အသိပေးကြေညာတယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း လက်လီဆိုင်တွေအပါအဝင်ဈေးတွေကို စနစ်တကျဖွင့်လှစ်ခွင့်ပြုထားပြီး ကုန်စည်စီးဆင်းမှု အဆင်ပြေဖို့အတွက် ယာဉ်နဲ့လူတွေကို သတ်မှတ်ချက်နဲ့အညီ သွားလာခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ပြည်ပကနေ တင်သွင်းဖို့လိုအပ်တဲ့ ကုန်ပစ္စည်းတွေ အဆင်ပြေချောမွေ့စွာ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်အသင်းအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး လုပ်ငန်းစဉ်ဖြေလျှော့ပေးတဲ့ စီမံချက်တွေနဲ့ ခွင့်ပြုပေးနေတယ်လို့ထုတ်ပြန်ထားပါတယ်။
Crd : စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန #Myanmar_Online_News
>>Zawgyi<<
COVID-19 လက်ရှိအခြေအနေအရ အခြေခံစားသောက်ကုန်နှင့်လူသုံးကုန်ဖြန့်ဖြူးရောင်းချခြင်းကိုတားမြစ်ကန့်သတ်ထားခြင်းမရှိကြောင်းထုတ်ပြန်
Saturday , Aprial 25 , 2020
လက်ရှိ COVID-19 အခြေအနေအရ ကုန်ပစ္စည်းပြတ်လတ်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေဖို့အတွက် အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ လုပ်ငန်းရှင်တွေရဲ့ ထုတ်လုပ်၊ဖြန့်ဖြူးမှုကို တားမြစ်ကန့်သတ်ထားတာမရှိဘူးလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စံသတ်မှတ်ချက်နဲ့အညီစစ်ဆေးမှုခံယူပြီးတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်သွားဖို့ အသိပေးကြေညာတယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း လက်လီဆိုင်တွေအပါအဝင်ဈေးတွေကို စနစ်တကျဖွင့်လှစ်ခွင့်ပြုထားပြီး ကုန်စည်စီးဆင်းမှု အဆင်ပြေဖို့အတွက် ယာဉ်နဲ့လူတွေကို သတ်မှတ်ချက်နဲ့အညီ သွားလာခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ပြည်ပကနေ တင်သွင်းဖို့လိုအပ်တဲ့ ကုန်ပစ္စည်းတွေ အဆင်ပြေချောမွေ့စွာ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်အသင်းအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး လုပ်ငန်းစဉ်ဖြေလျှော့ပေးတဲ့ စီမံချက်တွေနဲ့ ခွင့်ပြုပေးနေတယ်လို့ထုတ်ပြန်ထားပါတယ်။
Crd : စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန #Myanmar_Online_News
0 comments:
Post a Comment