Saturday, April 25, 2020

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် မြန်မာ့တပ်မတော် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ COVID-19 ရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာများ အမြင်ချင်းဖလှယ်ဆွေးနွေး

Image may contain: one or more people, people sitting and table

COVID-19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးဆိုင်ရာကိစ္စရပ်များအား တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် မြန်မာ့တပ်မတော် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အမြင်ချင်းဖလှယ်ဆွေးးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့ နယ်ရှိ တပ်မတော်ဆေးရုံ ကြီးခုတင်(၁၀၀၀)၌ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ တပ်မတော်ဆေးရုံကြီးခုတင်(၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်နှင့် တပ်မတော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ Dr. Bai Chong ဦးဆောင်သော ကျွမ်းကျင်ပညာရှင်ခြောက်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူး Senior Colonel Xiong Shaoweiနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်က တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်တော်မှ မြန်မာ့တပ်မတော်သို့ COVID-19 ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက်မြန်မာ့တပ်မတော်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တပ် မတော်အနေဖြင့်နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ရောဂါ ပိုးတွေ့ရှိလူနာများအတွက် ဆေးရုံများနှင့်ဆေးပစ္စည်းကိရိယာများ ပြင်ဆင်ထားရှိမှု၊ ရောဂါရှာဖွေရေး၊ကာကွယ် တားဆီးရေးနှင့်ကုသရေးလုပ် ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ COVID-19 hospital (ဖောင်ကြီး)တွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက COVID-19 ဗိုင်းရပ်စ်ပိုးရှာဖွေခြင်းနှင့်အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပတ်ဝန်းကျင်ရောဂါပိုး သန့်စင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ရောဂါထိန်းချုပ်ခြင်းဆောင်ရွက်နေမှု၊ ကပ်ရောဂါဆိုင်ရာစောင့်ကြပ် ကြည့်ရှုထောက်လှမ်းခြင်းများ၊ တစ်ဦးချင်းရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရောဂါကုသခြင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးခြင်းတို့ကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဆွေးနွေးမှုအပြီးတွင် မြန်မာ့တပ်မတော်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
Image may contain: one or more people, people sitting, table and indoor
Image may contain: 3 people, people standing and indoor
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် မြန်မာ့တပ်မတော် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ COVID-19 ရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာများ အမြင်ချင်းဖလှယ်ဆွေးနွေ
Saturday, April 25, 2020

COVID-19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးဆိုင်ရာကိစ္စရပ်များအား တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် မြန်မာ့တပ်မတော် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အမြင်ချင်းဖလှယ်ဆွေးးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့ နယ်ရှိ တပ်မတော်ဆေးရုံ ကြီးခုတင်(၁၀၀၀)၌ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲသို့ တပ်မတော်ဆေးရုံကြီးခုတင်(၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်နှင့် တပ်မတော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ Dr. Bai Chong ဦးဆောင်သော ကျွမ်းကျင်ပညာရှင်ခြောက်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူး Senior Colonel Xiong Shaoweiနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်က တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်တော်မှ မြန်မာ့တပ်မတော်သို့ COVID-19 ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက်မြန်မာ့တပ်မတော်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တပ် မတော်အနေဖြင့်နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ရောဂါ ပိုးတွေ့ရှိလူနာများအတွက် ဆေးရုံများနှင့်ဆေးပစ္စည်းကိရိယာများ ပြင်ဆင်ထားရှိမှု၊ ရောဂါရှာဖွေရေး၊ကာကွယ် တားဆီးရေးနှင့်ကုသရေးလုပ် ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ COVID-19 hospital (ဖောင်ကြီး)တွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက COVID-19 ဗိုင်းရပ်စ်ပိုးရှာဖွေခြင်းနှင့်အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပတ်ဝန်းကျင်ရောဂါပိုး သန့်စင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ရောဂါထိန်းချုပ်ခြင်းဆောင်ရွက်နေမှု၊ ကပ်ရောဂါဆိုင်ရာစောင့်ကြပ် ကြည့်ရှုထောက်လှမ်းခြင်းများ၊ တစ်ဦးချင်းရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရောဂါကုသခြင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးခြင်းတို့ကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဆွေးနွေးမှုအပြီးတွင် မြန်မာ့တပ်မတော်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment