Friday, April 24, 2020

COVID-19 ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရန် တရုတ်တပ်မတော်မှ မြန်မာ့တပ်မတော်သို့လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ ရန်ကုန်လေဆိပ်သို့ရောက်ရှိ

Image may contain: one or more people, people standing and outdoor

COVID-19 ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာထာက်ပံ့ရေး ပစ္စည်းများ ရန်ကုန်လေဆိပ်သို့ ယနေ့နံနက်ပိုင်းကရောက်ရှိကြောင်းသိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ Dr.Bai Chong ဦးဆောင်သောကျွမ်းကျင် ပညာရှင်များအဖွဲ့မှအထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai၊ စစ်သံမှူး Senior Colonel Xiong Shaoweiနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြောင်းသိရသည်။
ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများတွင် COVID-19 Nucleic Acid Test Kit(PCR) ၁၀၀၀၀ ခု၊ Type-KN 95 Medical Surgical Mask ၂၀၀၀၀ ခု၊ Medical Surgical Mask ၅၀၀၀၀၀ ခု၊ Medical Goggles ၂၀၀ ခု၊ Medical Gloves ၁၀၀၀၀ ခု၊ Surgical Cap ၁၀၀၀၀ ခု၊ Medical Shoe Cover ၂၀၀၀၀ ခု၊ Infrared Forehead Thermometer ၂၀၀ ခု၊ Wash-Free Hand Gel Sanitizer ပုလင်း ၂၀၀၀ ပါဝင်ကြောင်းသိရသည်။
ယင်းပစ္စည်းများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံကိုယ်စားမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် စစ်သံမှူး တို့က လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်တာဝန်ရှိတို့က လက်ခံရယူကြသည်။
ထို့အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ Dr.Bai Chong ဦးဆောင်သောကျွမ်းကျင် ပညာရှင်များအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ မြန်မာ့တပ်မတော်မှဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
Image may contain: one or more people and people standing

Image may contain: one or more people and outdoor
Image may contain: one or more people and outdoor
Image may contain: one or more people, people standing and outdoor
Crd : Balance News Agency
>>Zawgyi<<
COVID-19 ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရန် တရုတ်တပ်မတော်မှ မြန်မာ့တပ်မတော်သို့လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ ရန်ကုန်လေဆိပ်သို့ရောက်ရှိ
Friday, April 24, 2020

COVID-19 ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာထာက်ပံ့ရေး ပစ္စည်းများ ရန်ကုန်လေဆိပ်သို့ ယနေ့နံနက်ပိုင်းကရောက်ရှိကြောင်းသိရသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ Dr.Bai Chong ဦးဆောင်သောကျွမ်းကျင် ပညာရှင်များအဖွဲ့မှအထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai၊ စစ်သံမှူး Senior Colonel Xiong Shaoweiနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြောင်းသိရသည်။
ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများတွင် COVID-19 Nucleic Acid Test Kit(PCR) ၁၀၀၀၀ ခု၊ Type-KN 95 Medical Surgical Mask ၂၀၀၀၀ ခု၊ Medical Surgical Mask ၅၀၀၀၀၀ ခု၊ Medical Goggles ၂၀၀ ခု၊ Medical Gloves ၁၀၀၀၀ ခု၊ Surgical Cap ၁၀၀၀၀ ခု၊ Medical Shoe Cover ၂၀၀၀၀ ခု၊ Infrared Forehead Thermometer ၂၀၀ ခု၊ Wash-Free Hand Gel Sanitizer ပုလင်း ၂၀၀၀ ပါဝင်ကြောင်းသိရသည်။
ယင်းပစ္စည်းများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံကိုယ်စားမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် စစ်သံမှူး တို့က လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်တာဝန်ရှိတို့က လက်ခံရယူကြသည်။
ထို့အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ Dr.Bai Chong ဦးဆောင်သောကျွမ်းကျင် ပညာရှင်များအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ မြန်မာ့တပ်မတော်မှဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
Crd : Balance News Agency

0 comments:

Post a Comment