Saturday, April 25, 2020

COVID-19 ရောဂါပိုးရှိ/မရှိ တစ်ရက်လျှင်လူ ၁၄၀၀ ဦးခန့် အတည်ပြုစမ်းသပ်ပေးနိုင် သော COBAS 6800 စက်များဖြင့် တပ်မတော်က ကူညီစစ်ဆေးပေးမည်

Image may contain: one or more people and indoor

COBAS 6800 စက်များသည် ကမ္ဘာ့ထိပ်တန်းရောဂါရှာဖွေရေးစက်များ ထုတ်လုပ်သည့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Roche Diagnostics Co,Ltd မှ ထုတ်လုပ်သော နောက်ဆုံး ပေါ်ရောဂါရှာဖွေရေးစက် အမျိုးအစားဖြစ်ပြီး အမေရိကန်နှင့်ကမ္ဘာ့နိုင်ငံကြီး များ၌ COVID-19 ရောဂါပိုးရှာဖွေရာတွင် လက်ရှိသုံးစွဲလျက်ရှိပြီး အရည်အသွေးဆိုင်ရာ အသိအမှတ် ပြုမှုရရှိပြီး ဖြစ်ပါသည်။

အားသာချက်အနေဖြင့် COBAS 6800 စက်သည် Fully Automatic System ဖြစ်သည့်အတွက် တစ်ရက်လျှင်လူဦးရေ ၁၄၀၀ ဦးခန့်အတွက် စမ်းသပ်စစ်ဆေးပေးနိုင် မည်ဖြစ်ပြီး စက်ကိုင်တွယ်သူများအား ရောဂါပိုးကူးစက်နိုင်မှုရာခိုင်နှုန်းနည်းပါးပြီး အမြန်ဆုံး၊ အများဆုံးနှင့် အမှန်ကန်ဆုံးစစ်ဆေးပေးနိုင်မည်ဖြစ်ပါသည်။
တပ်မတော်အနေဖြင့် ရောဂါပိုးအမျိုးမျိုးအား အတည်ပြု စမ်းသပ်စစ်ဆေး နိုင်ရန်အတွက် အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)၊ ရန်ကုန်နှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တို့တွင် COBAS 6800 စက် ၁ လုံးစီကို ၂၀၁၉ ခု နှစ်က ပင်တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
COBAS 6800 စက်များဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် လိုအပ်သည့် ွ Reagent များအား မှာယူခဲ့ရာ ယခုအခါရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ COVID-19 ရောဂါပိုးစစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပညာရှင်များပူးပေါင်း၍ စက်ပိုင်းဆိုင်ရာ လိုအပ်သည့် Installation နှင့်ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြပြီးနောက် ၂၃-၄-၂၀၂၀ ရက်တွင် စမ်းသပ်စစ်ဆေးမှုများ အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့သဖြင့် ယခုအခါ အဆိုပါ စက်များမှာ COVID-19 ရောဂါပိုး စမ်းသပ်စစ်ဆေးအတည်ပြုပေးမှုများ ပြုလုပ်ပေးရန် အသင့်ရှိပြီဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် အလားတူ COBAS 6800 စက် တစ်လုံးအား AA Medical Products Ltd( Pacific- AA Foundation) က လှူဒါန်း ရရှိထားပြီးဖြစ်၍ ရန်ကုန်တွင် Installation လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း လည်း သိရှိရသည်။ အဆိုပါ Installation လုပ်ငန်းများ မပြီးစီးမီနှင့်ပြီးစီးပြီးနောက်ပိုင်း လိုအပ် ပါက ရန်ကုန်နှင့်နေပြည်တော်တွင် တပ်မတော်ဆေးရုံများရှိ COBAS 6800 စက်များဖြင့် Covid-19 ရောဂါပိုးအတည်ပြုစမ်းသပ်စစ်ဆေးမှုများအား တပ်မတော်မှပူးပေါင်း ကူညီ ဆောင်ရွက်ပေးသွား နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Image may contain: one or more people, people sitting, office and indoor
Image may contain: indoor
Image may contain: one or more people, people standing and screen
Source : တပ်မတော် #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment