Friday, April 24, 2020

ကမ္ဘာကြီးတွင် ခေါင်းဆောင်မှုကျကွဲခြင်း “ နှင့် ဗီယက်နမ် သို့မဟုတ် Covid-19 ရောဂါ ကူးစက်ခံရသူ မတွေ့မီ ကြိုတင်ပြင်ဆင်ခဲ့သော နိုင်ငံ

Image may contain: 1 person, text

Covid-19 ကူးစက်ကပ်ရောဂါသည် နိုင်ငံတကာခေါင်းဆောင်များ၏ ပင်ကိုယ်အရည်အသွေး၊ စီမံခန့်ခွဲနှင့် အမျှော်အမြင်စွမ်းရည်ကို စစ်ဆေး မှတ်ကျောက်တင်သည့်အလား ရှိနေသည်။ ညံ့ဖျင်းသော ဦးဆောင်မှုတို့မှာ ဗူးပေါ်သလို ပေါ်လာရကား “ ကမ္ဘာကြီးတွင် ခေါင်းဆောင်မှုကျကွဲခြင်း “ဟု မီဒီယာတို့က ပြောင်လှောင်ရေးသားကြသည်။

ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်၊ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်းဒါအာဒန် တို့ အမျိုးသမီး ၂-ဦးမှာ ကောင်းသတင်းမွှေးပျံ့လျှက်ရှိပြီး၊ ဒေါ်နယ်ထရမ့်နှင့် ဘရာဇီးသမ္မတဂျိုင်းဘိုလ်ဆိုနာရို၊ WHO အထွေထွေညွှန်ကြားရေးမှူး တက်ဒရော့စ်အက်ဒ်ဟာနွန်ဂီးဘရီးယက်စ် အထင်ရှားဆုံး မေးငေါခံရသူများအဖြစ် ဈေးဦးပေါက်လျှက်ရှိသည်။
သို့သော် .. ဗီယက်နမ်မှာမူ
- ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂-ဦးကို ၁-ရက်အတွင်း တွေ့ရှိပြီးနောက် ဝူဟန်နှင့် လေကြောင်းလိုင်းဆက်သွယ်မှု ရပ်ဆိုင်းခဲ့၊ ပြတ်သားသော ဆုံးဖြတ်ချက်များချမှတ်၍ တပ်မတော်- ရဲတပ်ဖွဲ့- ဗော်လံတီယာများအကူအညီဖြင့် တားဆီးပိတ်ဆို့ခြင်း- ရောဂါခြေချုပ်ချခြင်း- အသွားအလာ ကန့်သတ်ခြင်း၊ လူချင်းနီးကပ်မှုလျှော့ချခြင်း- တို့ကို လိုက်နာစေခဲ့သော နိုင်ငံ..
-
- နိုင်ငံအတွင်း နေထိုင်သူ သန်း ၁၀၀ ခန့်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၆၈-ဦးသာ ရှိသည်အထိ ရောဂါ ကာကွယ်ထိန်းချုပ်ခဲ့သော နိုင်ငံ..

ကူးစက်ခံရသူ ၂၆၀ ကျော်သော်လည်း သေဆုံးသူ တစ်ယောက်မျှ မရှိအောင် ကုသမှု ပေးအပ်ခဲ့သည့် နိုင်ငံ
နိုင်ငံအတွင်း အိုးအိမ်ထူထောင်သူ ၁-သန်းလျှင် ၂,၁၁၉-ဦးနှုန်းအထိ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း ရှိ- မရှိ စစ်ဆေးပေးနိုင်သော နိုင်ငံ
တစ်ချိန်က ပြင်းထန်သော ကာလရှည်စစ်ပွဲဒါဏ်ကို ကုစားနေရဆဲ .. စီးပွားရေး - ကာကွယ်ရေး အားယူစ နိုင်ငံငယ်လေးက မျက်စိဖြင့် မမြင်ရသော ကူးစက်ကပ်ရောဂါကိုလည်း ရှင်းလင်းပြတ်သားသော ကြိုတင်အစီအစဉ်များဖြင့် ခုခံ တွန်းလှန်လျှက်ရှိပါသည်။
No photo description available.
Crd : HatyOung / OungMarine
>>Zawgyi<<
“ ကမ္ဘာကြီးတွင် ခေါင်းဆောင်မှုကျကွဲခြင်း “ နှင့် ဗီယက်နမ် သို့မဟုတ် Covid-19 ရောဂါ ကူးစက်ခံရသူ မတွေ့မီ ကြိုတင်ပြင်ဆင်ခဲ့သော နိုင်ငံ…
Friday, April 24, 2020

Covid-19 ကူးစက်ကပ်ရောဂါသည် နိုင်ငံတကာခေါင်းဆောင်များ၏ ပင်ကိုယ်အရည်အသွေး၊ စီမံခန့်ခွဲနှင့် အမျှော်အမြင်စွမ်းရည်ကို စစ်ဆေး မှတ်ကျောက်တင်သည့်အလား ရှိနေသည်။ ညံ့ဖျင်းသော ဦးဆောင်မှုတို့မှာ ဗူးပေါ်သလို ပေါ်လာရကား “ ကမ္ဘာကြီးတွင် ခေါင်းဆောင်မှုကျကွဲခြင်း “ ဟု မီဒီယာတို့က ပြောင်လှောင်ရေးသားကြသည်။
ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်၊ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်းဒါအာဒန် တို့ အမျိုးသမီး ၂-ဦးမှာ ကောင်းသတင်းမွှေးပျံ့လျှက်ရှိပြီး၊ ဒေါ်နယ်ထရမ့်နှင့် ဘရာဇီးသမ္မတဂျိုင်းဘိုလ်ဆိုနာရို၊ WHO အထွေထွေညွှန်ကြားရေးမှူး တက်ဒရော့စ်အက်ဒ်ဟာနွန်ဂီးဘရီးယက်စ် အထင်ရှားဆုံး မေးငေါခံရသူများအဖြစ် စျေးဦးပေါက်လျှက်ရှိသည်။
သို့သော် .. ဗီယက်နမ်မှာမူ
- ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂-ဦးကို ၁-ရက်အတွင်း တွေ့ရှိပြီးနောက် ဝူဟန်နှင့် လေကြောင်းလိုင်းဆက်သွယ်မှု ရပ်ဆိုင်းခဲ့၊ ပြတ်သားသော ဆုံးဖြတ်ချက်များချမှတ်၍ တပ်မတော်- ရဲတပ်ဖွဲ့- ဗော်လံတီယာများအကူအညီဖြင့် တားဆီးပိတ်ဆို့ခြင်း- ရောဂါခြေချုပ်ချခြင်း- အသွားအလာ ကန့်သတ်ခြင်း၊ လူချင်းနီးကပ်မှုလျှော့ချခြင်း- တို့ကို လိုက်နာစေခဲ့သော နိုင်ငံ..
-
- နိုင်ငံအတွင်း နေထိုင်သူ သန်း ၁၀၀ ခန့်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၆၈-ဦးသာ ရှိသည်အထိ ရောဂါ ကာကွယ်ထိန်းချုပ်ခဲ့သော နိုင်ငံ..

ကူးစက်ခံရသူ ၂၆၀ ကျော်သော်လည်း သေဆုံးသူ တစ်ယောက်မျှ မရှိအောင် ကုသမှု ပေးအပ်ခဲ့သည့် နိုင်ငံ
နိုင်ငံအတွင်း အိုးအိမ်ထူထောင်သူ ၁-သန်းလျှင် ၂,၁၁၉-ဦးနှုန်းအထိ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း ရှိ- မရှိ စစ်ဆေးပေးနိုင်သော နိုင်ငံ
တစ်ချိန်က ပြင်းထန်သော ကာလရှည်စစ်ပွဲဒါဏ်ကို ကုစားနေရဆဲ .. စီးပွားရေး - ကာကွယ်ရေး အားယူစ နိုင်ငံငယ်လေးက မျက်စိဖြင့် မမြင်ရသော ကူးစက်ကပ်ရောဂါကိုလည်း ရှင်းလင်းပြတ်သားသော ကြိုတင်အစီအစဉ်များဖြင့် ခုခံ တွန်းလှန်လျှက်ရှိပါသည်။
Crd : HatyOung / OungMarine

0 comments:

Post a Comment