ပရိသတ်တွေအားလုံးစိတ်ဝင်စားနေတဲ့ လက်ရှိဘောလုံးရာသီကို ဖျက်သိမ်းခဲ့မယ်ဆိုရင် ဘယ်လိုဆုံးဖြတ်သွားမှာလဲဆိုတဲ့အပေါ်မှာတော့ လက်ရှိရပ်တည်မှုအတိုင်းဆုံးဖြတ်မယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ အစည်းအဝေးမှာ လက်ရှိဘောလုံးရာသီအမြန်ဆုံးပြီးဆုံးစေဖို့အတွက် လမ်းညွှန်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဥရောပထိပ်တန်းလိဂ်ကြီး ၅ ခုစလုံးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး တကယ်လို့ ရာသီပြီးဆုံးအောင်မကစားနိုင်ခဲ့ပါက ချန်ပီယံ၊ ဥရောပဝင်ခွင့်နဲ့ တန်းဆင်းဇုန်အတွက် လက်ရှိရပ်တည်မှုအတိုင်း ဆုံးဖြတ်မယ်လို့ သိရပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာနိုင်ငံတွေရဲ့ လိဂ်တွေကို အမြန်ဆုံးပြီးစီးအောင်ကစားဖို့အတွက် ဖိအားပေးခဲ့တယ်လို့လည်း သိရပါတယ်။ လိဂ်ပွဲတွေကို မဖြစ်မနေဖျက်သိမ်းရမယ့်ကိစ္စကို ယူအီးအက်ဖ်အေက ရှောင်လွှဲနေချင်နေပြီး တကယ်လို့ ပုံမှန်ကျင်းပနေကျ စည်းကမ်းများအတိုင်း မကစားနိုင်ခဲ့ပါကလည်း တစ်ကျော့ပဲကစားရမယ့် ရှုံးထွက်ပွဲစဉ်တွေကစားပြီး ဒီဘောလုံးရာသီရဲ့ အမှတ်ပေးအဆင့်ရပ်တည်မှုကို ဆုံးဖြတ်စေမယ်လို့ သိရပါတယ်။
ပရိသတ်တွေအားလုံးစိတ်ဝင်စားနေတဲ့ လက်ရှိဘောလုံးရာသီကို ဖျက်သိမ်းခဲ့မယ်ဆိုရင် ဘယ်လိုဆုံးဖြတ်သွားမှာလဲဆိုတဲ့အပေါ်မှာတော့ လက်ရှိရပ်တည်မှုအတိုင်းဆုံးဖြတ်မယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လိဂ်အသီးသီးမှာ ဦးဆောင်နေတဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်၊ ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီအသင်းတို့က ချန်ပီယံတွေဖြစ်လာမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာဆိုရင်တော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကိုသာ ရရှိတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မျှော်လင့်စရာအဖြစ်တော့ မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ကနေ ပယ်ဖျက်ခဲ့မယ်ဆိုရင်တော့ အစားထိုးယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးရှိနေသေးလို့ နောက်ဆုံးအချိန်ထိ စောင့်ကြည့်ရဖွယ်ရှိနေပါသေးတယ်။
ပြည်တွင်းလိဂ်အားလုံးကို သြဂုတ်လအစပိုင်းမှာပဲ အပြီးသတ်စေဖို့ ယူအီးအက်ဖ်အေက ဆန္ဒရှိနေပါတယ်။ သြဂုတ်လအတွင်းမှာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲတွေကို ကျင်းပဖို့ စီစဉ်ထားတာကြောင့်ဖြစ်ပြီး လိဂ်တွေအနေနဲ့ အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံးပြီးစီးအောင် ကြိုးစားကစားသွားကြဖို့ ယူအီးအက်ဖ်အေက တိုက်တွန်းခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
Crd : Duwun Sport
>>Zawgyi<<
ကမ္ဘာ့ ကပ်ရောဂါ COVID-19ကြောင့် ဘောလုံးရာသီမပြီးဆုံးပါက လက်ရှိရပ်တည်မှုအတိုင်းဆုံးဖြတ်ဖို့ UEFA အတည်ပြု
Friday, April 24, 2020

0 comments:
Post a Comment