ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းမည့် Medical Surgical Mask အရေအတွက် တစ်သိန်းစတင်ပို့ဆောင်သည့် အခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ဧပြီ၂၄ ရက် ညနေပိုင်းတွင်ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
အဆိုပါအခမ်းအနားသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးစိုးသက် နောင်၊ အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်၊ ကွမ်ရှီးစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် Xiaomi ကုမ္ပဏီအုပ်စု (ကွမ်ရှီး) မှ အထွေထွေမန်နေဂျာတို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။
အခမ်းအနား၌ Xiaomi ကုမ္ပဏီအုပ်စု (ကွမ်ရှီး)မှ အထွေထွေမန်နေဂျာက လှူဒါန်းမှုနှင့်အာဆီယံနိုင်ငံများ၌ Xiaomi ကုမ္ပဏီ အုပ်စုမှ ရင်းနှီးမြှုပ်နှံသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။
Ref ; The Fifth Wave News
<zawgyi>
Xiaomi ကုမ္ပဏီအုပ်စုက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ Mask တစ်သိန်းလှူဒါန်း
Saturday, April 25, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းမည့် Medical Surgical Mask အရေအတွက် တစ်သိန်းစတင်ပို့ဆောင်သည့် အခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ဧပြီ၂၄ ရက် ညနေပိုင်းတွင်ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
အဆိုပါအခမ်းအနားသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးစိုးသက် နောင်၊ အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်၊ ကွမ်ရှီးစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် Xiaomi ကုမ္ပဏီအုပ်စု (ကွမ်ရှီး) မှ အထွေထွေမန်နေဂျာတို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။
အခမ်းအနား၌ Xiaomi ကုမ္ပဏီအုပ်စု (ကွမ်ရှီး)မှ အထွေထွေမန်နေဂျာက လှူဒါန်းမှုနှင့် အာဆီယံ နိုင်ငံများ၌ Xiaomi ကုမ္ပဏီအုပ်စုမှ ရင်းနှီးမြှုပ်နှံသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။
Ref ; The Fifth Wave News
0 comments:
Post a Comment