Thursday, August 29, 2013

ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ ၂၆၁ သန်းကျော်ထုတ်ချေးရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

လျှပ်စစ်၊ ပညာရေး၊ ဘဏ္ဍာရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနများအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ ၂၆၁ ဒသမ ၅၀ သန်းကို ချေးယူရန် ဩဂုတ် ၂၉ ရက်က ကျင်းပသည့် ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေးမှ ခွင့်ပြုခဲ့ကြောင်း သိရသည်။


အဆိုပါဝန်ကြီးဌာန လေး ခု၏ စီမံကိန်းများ အကောင်အ ထည်ဖော် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေများကို ချေး ယူနိုင်ရန် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က ပြည်ထောင်စုလွှတ် တော်သို့ ဩဂုတ် ၂၆ ရက်က သ ဝဏ်လွှာပေးပို့ခဲ့ပြီး ယင်းကို ပထ မအကြိမ် ပြည်ထောင်စုလွှတ် တော် သတ္တမ ပုံမှန်အစည်း အဝေး ၁၈ရက်မြောက်နေ့တွင် လွှတ်တော် မှ ကိုယ်စားလှယ်များ သဘော ထားခံယူကာ ခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ ချေးယူမည့် ချေးငွေ ၂၆၁ ဒသမ ၅၀ သန်းကို မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ လမ်း ပန်းဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန် ကြီးဌာနအတွက် ကန်ဒေါ်လာ ၃၁ ဒသမ ၅၀ သန်း၊ မဂ္ဂါဝပ် ၁၂၀ သ ဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း (သထုံ) လျှပ်စစ်ဝန်ကြီးဌာန အ တွက် ကန်ဒေါ်လာသန်း ၁၄၀၊ လာမည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခု နှစ်အထိ ကျောင်းဖွံ့ဖြိုးရေး လုပ် ငန်းများအတွက် ကန်ဒေါ်လာ သန်း ၆၀ နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပြု ပြင်ပြောင်းလဲရေး စီမံကိန်းများအ တွက် ကန်ဒေါ်လာ သန်း ၃၀ စ သည်ဖြင့် ဝန်ကြီးဌာန အသီးသီး အလိုက် စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရန် ချေး ယူခြင်းဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးသတင်း အ ချက်အလက်နှင့် နည်းပညာဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်း တင်က ''ချေးငွေတွေကို န-ွသလန- မညာနညအ အတွက် အသုံးပြုသွား မှာပါ''ဟု လွှတ်တော်သို့ ပြော ကြားသည်။
အလားတူ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဒေါက်တာ ဇော် မင်းအောင်က ''ချေးငွေတွေက ကမ္ဘာ့ဘဏ်အဖွဲ့က မကြာမီက မြန်မာနိုင်ငံကိုလာပြီး အဆိုပြု သွားတဲ့ ချေးငွေတွေဖြစ်ပါတယ်။ အဲဒီချေးငွေတွေနဲ့ ဒီအီးအဆင့် တွေကို မြှင့်တင်သွားမယ်''ဟု လွှတ် တော်သို့ ပြောသည်။

အဆိုပါကမ္ဘာ့ ဘဏ်မှ ချေး ငွေများကို ပြန်လည်ပေးဆပ်ရန် မှာ ဆိုင်းငံ့ကာလ ၁ဝနှစ်၊ ပြန်ဆပ် ကာလ နှစ် ၃၀ ဖြင့် စုစုပေါင်း ချေး ငွေကာလ နှစ် ၄၀ ဖြစ်ကာ အဆို ပါချေးငွေများအတွက် အတိုးနှင့် ကတိခံကြေးများ ပေးချေရန် မလို အပ်ဘဲ ဝန်ဆောင်ခအဖြစ် တစ် နှစ်လျှင် ချေးငွေပမာဏ၏ သုည ဒသမ ၇၅ ရာခိုင်နှုန်းသာ ပေးချေ ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းချေးငွေများ ချေးယူ ခြင်းနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အဆိုပါ ချေးငွေများကို အမှန်တကယ် သုံး စွဲမှုရှိမရှိကို သိရှိစေရန်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း လွှတ်တော်သို့ တင် ပြသည်။

Yangon Media Group

0 comments:

Post a Comment