Thursday, August 29, 2013

ဆီးရီးယားကိုစစ်ရေးအရ အရေးယူတိုက်ခိုက်ရန် အမေရိကန်နှင့် မဟာမိတ်များပြင်ဆင်နေ

ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံနေခဲ့ရသည့် ဆီးရီးယားနိုင်ငံတွင် အစိုးရကဓာတုဗေဒလက်နက်များ အသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ အမေရိကန်နှင့် မဟာမိတ်များအနေဖြင့် ဆီးရီး ယားနိုင်ငံအပေါ် စစ်ရေးအရအရေးယူဆောင်ရွက်ဖွယ်ရှိနေရာ ထိုကိစ္စနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု များပြုလုပ်ခဲ့ကြကြောင်း သြဂုတ် ၂၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှဖော်ပြထားသည်။

ရုရှားနိုင်ငံကမူ စစ်ရေးအရအရေးယူဆောင်ရွက်ခြင်းမပြုလုပ်ရန် သတိပေးထားသည်။

ပြီးခဲ့သည့်အပတ်က ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင်လူရာပေါင်းများစွာ သေဆုံးသွား ခဲ့သည်ဟု ယူဆကြရပြီး၊ ထိုတိုက်ခိုက်မှုကို ကျူးလွန်သူမှာ ဆီးရီးယားသမ္မတဘက်ရှားအာဆတ်၏ တပ် ဖွဲ့များသာလျှင် ဖြစ်နိုင်သည်ဟု အမေရိကန်ဒုတိယသမ္မတ Joe Biden က ပထမဆုံးအကြိမ်အဖြစ်ထုတ် ဖော်ပြောကြားခဲ့ပြီး၊ ဆီးရီးယားအပေါ် စစ်ရေးအရကြားဝင်ဆောင်ရွက်ရန် အစီအစဉ်ကို အမေရိကန် ဒုတိယ သမ္မတက စီစဉ်ခင်းကျင်းခဲ့ခြင်းဖြစ်သည်။

ထို ဓာတုလက်နက် အသုံးပြုတိုက်ခိုက်မှုမှာ ဆီးရီးယားအစိုးရတပ်ဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟုဆို ကာဗြိတိန်ကလည်းဆိုကာ အမေရိကန်နိုင်ငံနှင့် ပူးပေါင်းခဲ့သည်။ အနာဂတ်တွင် ဓာတုဗေဒ လက်နက် များအသုံးပြုလာကြမည်ကို ကာကွယ်ဟန့်တားရန်အတွက်၊ ဓာတုလက်နက် အသုံးပြုခြင်းအပေါ် စစ်ရေး အရအရေးယူဆောင်ရွက်မှု လိုအပ်နိုင်သည်ကို ဗြိတိန်နှင့် မဟာမိတ်များအနေဖြင့် စဉ်းစားရမည်ဖြစ် ကြောင်း ၀န်ကြီးချုပ်ဒေးဗစ်ကမ်မရွန်းက ပြောခဲ့သည်။

အကယ်၍ ဆီးရီးယားရှိ ပစ်မှတ်များအပေါ် စစ်ရေးအရတိုက်ခိုက်အရေးယူပါက ကြာသပတေးနေ့ အစော ဆုံးထား၍ တိုက်ခိုက်မည်ဖြစ်ကြောင်း ၀ါရှင်တန်ရှိ ထိပ်တန်းအရာရှိများက BBC သတင်းဌာနကို ပြော ကြားခဲ့သည်။

အနောက်နိုင်ငံများက ဆီးရီးယားကိုစစ်ရေးအရကြားဝင်ဆောင်ရွက်ရန် နီးကပ်လာသည့်အချိန်တွင်၊ ဒမတ်စကတ်မြို့ရှိ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး အရာရှိများသည်၊ ဓာတုဗေဒလက်နက် အသုံးပြု တိုက် ခိုက်မှုဖြစ်ပွားခဲ့သည်ဆိုသည့် ဒမတ်စကတ်မြို့ ဆင်ခြေဖုံးဒေသတစ်ခုတွင် ၎င်းတို့၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ပြန်စခဲ့သည်။

သို့ရာတွင် စစ်ရေးနည်းလမ်းသည် အရှေ့အလယ်ပိုင်းဒေသအား ပိုမိုမတည်မငြိမ် ဖြစ်စေလိမ့်မည်ဟု ဆီးရီးယား သမ္မတအာဆတ်၏ မဟာမိတ်ဖြစ်သည့် အင်အားကြီး ရုရှားနိုင်ငံကသတိပေးခဲ့သည်။ သူပုန် များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံတကာက
ကြားဝင်ဆောင်ရွက်ရသည်အထိ အခြေ အနေဆိုးရွားလာသဖြင့် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန်က ဆီးရီးယားသူပုန်များကိုလည်း အပြစ်တင်ခဲ့သည်။

ထိုအခြေအနေများသည် စီးပွားရေးအပေါ်လည်း အကျိုးသက်ရောက်မှု ရှိနေပြီး၊ ကမ္ဘာ့စတော့ဈေးကွက် မှာ ထိုးဆင်းသွားခဲ့ကာ၊ ကမ္ဘာ့ရေနံဈေးနှုန်းမှာ ခြောက်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။
တိုက်ပွဲတွင် အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များ၏ ရေငုပ်သင်္ဘောများနှင့် သင်္ဘောများက ဒုံးကျည်များ ဖြင့်၊ ဆီးရီးယားကို တိုက်ခိုက်ဖွယ်ရှိပြီး၊ လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နိုင်သည်ဟု လေ့လာ သူများက ခန့်မှန်းထားကြသည်။

Mizzima - News in Burmese

0 comments:

Post a Comment