Thursday, August 29, 2013

ယခုနှစ် စက်တင်ဘာ ၁ ရက်မှ ၁၆ ရက် အတွင်း မွေးသူများ ကမ္ဘာကျော်ခေါင်းဆောင်များဖြစ်နိုင်

စက်တင် ဘာ၁ရက်မှ ၁၆ရက်အတွင်း ဓနုရာသီလဂ်နှင့် အဘိဇိနက္ခတ် တို့ ပူးယှဉ်နေခြင်းတို့ကြောင့် ထို ကာလအတွင်း မွေးဖွားမည့်သူ များသည် ကမ္ဘာသိ နိုင်ငံကျော် ခေါင်းဆောင်၊ ပုဂ္ဂိုလ်များဖြစ်လာ နိုင်ကြောင်း နက္ခတ် သိပ္ပံကျောင်း မှ သိရသည်။ နိုင်ငံတကာရေးရာ နက္ခတ် သိပ္ပံကျောင်းမှ အမှုဆောင် အရာ ရှိချုပ် ဦးဇေယျာကိုက ''ဒီကာလ မှာမွေးလာမယ့်ကလေးတွေဟာ နောင်အနာဂတ် တိုင်းပြည်ရဲ့ အကြီးအကဲခေါင်းဆောင်၊ ကမ္ဘာ ကသိတဲ့ ကျော်ကြား တဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာပါလိမ့်မယ်။ လူထုက ချစ်ခင်တောင့်တပြီး ပြည်သူ့အ ကျိုး သယ်ပိုးနိုင်တဲ့ခေါင်းဆောင် ဖြစ်လာမှာပါ''ဟု ပြောသည်။

ထိုကာလတွင် နေ့လယ်ခင်း များ၌ ဓနုလဂ်နှင့် အဘိဇိနက္ခတ် တို့ ပူးယှဉ်နေမည်ဖြစ်ကြောင်း နှင့် ယင်းနက္ခတ်ကြယ်သည် ဓနုရာ သီ ၂၁ဒီဂရီ ၂ရမိနစ်နှင့် မြောက် လတ္တီတွဒ် ၃၈ဒီဂရီ ၄ရမိနစ်တွင် တည်ရှိနေပြီး အလွန်တောက်ပ သောကြယ်တစ်ပွင့်ဖြစ်ကြောင်း သိရသည်။ အဆိုပါနက္ခတ်ကြယ် အဘိ ဇိသည် ပါဠိစကားဖြစ်ပြီး အောင် နိုင်စိုးမိုးခြင်းဟု အဓိပ္ပာယ်ရကာ မာန်ဟုန်ရှိတဲ့ သိန်းငှက်လို အ ဆက်မပြတ် ပျံသန်းနိုင်ခြင်းဟူ၍ လည်း ဂရိတို့က ယူဆကြကြောင်း ဦးဇေယျာကိုက ပြောသည်။

ယင်းကဲ့သို့ ဖြစ်နိုင်ရန် ရာ ထူးဂြိုလ် တနင်္ဂနွေ၊ အလုပ်အ ကိုင်ဂြိုလ် ဗုဒ္ဓဟူး၊ စီးပွားရေးနှင့် ငွေကြေး သောကြာဂြိုလ်နှင့် စနေ ဂြိုလ်တို့သည်လည်း အားကောင်း စွာ တည်ရှိနေပြီး ကြာသပတေး ဂြိုလ်၏ ရပ်တည်မှုကြောင့် ဩဇာ အာဏာ ရယူပိုင်ဆိုင်မှုတွေလည်း အားကောင်းစွာတည်ရှိနေသည်။ ယင်းနက္ခတ်နှင့် ယဉ်တွဲ၍ မွေးဖွားခဲ့ကြသော ကမ္ဘာကျော် ပုဂ္ဂိုလ်များမှာ ငြိမ်းချမ်ရေးဗိသု ကာဖြစ်သူ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၊ မဆလခေတ် အကြီးအ ကဲ ဦးနေဝင်း၊ တပ်မတော်အစိုးရ လက်ထက် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် ဂျပန်ဘုရင် ဟီရို ဟီတို အစရှိသည့် ပုဂ္ဂိုလ်များအ ပြင် အမေရိကန်နိုင်ငံမှ ဝါရှင်တန် ဒီစီမြို့တော်နှင့် တရုတ်နိုင်ငံ ပေ ကျင်း(ပီကင်း)တို့သည်လည်း ယင်း နက္ခတ်နှင့် ယှဉ်တွဲစိုးမိုးထားသော ကြောင့် ကမ္ဘာပေါ်တွင် ထင်ရှား နေရကြောင်းလည်း သိရသည်။

ဝေဝေနှင်း
Yangon Media Group


0 comments:

Post a Comment