အမှုဆောင်အရာရှိချုပ် (CEO) စတိဗ်ဘောလ်မာ ထွက်ခွာသွားခြင်းကြောင့်
ပြုလုပ်ရမည့် ပြန်လည် ဖွဲ့စည်းရေးအစီအစဉ်များကို
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု မိုက်ခရိုဆော့ဖ် ကော်ပိုရေး ရှင်းက
ပြောကြားလိုက်သည်။
တစ်ချိန်တည်းတွင် ဘောလ်မာအား
ဆက်ခံမည့်သူရှာဖွေခြင်းကြောင့် ကစဥ့်ကလျားဖြစ် လာမည့်အခြေ အနေများအပေါ်
စိုးရိမ်နေသည့် အကြီးတန်းမန်နေဂျာများအား
ပူပန်ကြောင့်ကျမှုများမရှိစေမည့်နည်း လမ်းများကို ရှာဖွေသွားမည်ဟုလည်း
ပြောကြားလိုက်သည်။
မိုက်ခရိုဆော့ဖ်၏ ထိပ်တန်းခေါင်းဆောင်အချို့က
မိမိတို့အနေဖြင့် ဘော်လ်မာ၏ အနာဂတ်မျှော်မှန်းချက်နှင့်
ပြန်လည်ဖွဲ့စည်းရေးအစီအစဉ်များအပေါ် ကြိုးစားဆောင်ရွက်လိမ့်မည်ဟု ၎င်းတို့၏ လက်
အောက်ခံဝန်ထမ်းများကို သြဂုတ် ၂၃ ရက်တွင် အီးမေးလ်မှတစ်ဆင့်
ပြောကြားခဲ့သည်ဟု နီးစပ်သူ သုံးဦးက ပြောကြားခဲ့သည်။
ဇူလိုင်လတွင်
စတင်ခဲ့သည့် ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးအစီအစဉ်ကြောင့်
မိုက်ခရိုဆော့ဖ်အမှုဆောင် အရာရှိများကို ပြင်ပကုမ္ပဏီများက တာဝန်ထမ်းဆောင်ရန်
ကမ်းလှမ်းမှုများရှိလာခဲ့ပြီဖြစ်သည်။ ထို့အတူ အခြားဝန်ထမ်းများကလည်း
သြဂုတ်လနှောင်းပိုင်းတွင် ထုတ်ပေးမည့်ဆုကြေးငွေများ ရရှိပြီးပါက အလုပ်
မှနုတ်ထွက်ရန် ဆန္ဒရှိနေကြသည်ဟု ပြောဆိုခဲ့ကြသည်။ သို့သော် ၎င်းတို့မှာ
မည်သူမည်ဝါများဖြစ်သည် ဆိုသည်ကို ထုတ်ဖော်ပြောဆိုခွင့် မပြုခဲ့ပေ။
ဘုတ်အဖွဲ့အနေဖြင့် အမှုဆောင်အရာရှိချုပ်အသစ်
ရှာဖွေနေသည်နှင့်တစ်ပြိုင်နက်တည်းတွင် မန်နေဂျာ များကို
ဆယ်စုနှစ်တစ်စုအတွင်း အကြီးဆုံးပြောင်းလဲမှုတစ်ခုဖြစ်လာမည့်
ပြန်လည်ဖွဲ့စည်းရေးအစီအစဉ် အပေါ် ဆက်လက်အာရုံစိုက်စေရန် လိုအပ်လျက်ရှိသည်။
“သူတို့အနေနဲ့ အရာအားလုံးကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အားလုံးပါပဲ”ဟု
နယူးယောက်ခ်မြို့ရှိTigress Financial Partners LLC မှ
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြီးအကဲ Ivan Feinseth က ပြောကြား လိုက်သည်။
“သူတို့အနေနဲ့ လူမှုကွန်ရက်၊ ဖုန်း၊ လေ့လာသုံးသပ်ရေးနဲ့ cloud
တို့နဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာ ပိုကောင်း လာဖို့လိုအပ်ပါတယ်။ အခုချိန်မှာ
သူတို့က ဒီဧရိယာတွေမှာ အနည်းငယ်ဆောင်ရွက်မှုလောက်ပဲလုပ်နိုင် ပါသေးတယ်”
ဟုလည်း ၎င်းက ဆိုသည်။
မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်းအား ၂၀၀၀
ခုနှစ်မှ စတင်ကာ အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် ဘော်လ်မာမှ ယခုလ ၂၃
ရက်က မိမိအနေဖြင့် ၁၂ လအတွင်း ရာထူးမှ အနားယူမည်ဟု ပြော ကြားခဲ့သည်။
၎င်းတာဝန်ထမ်းဆောင်နေစဉ်အချိန်အတွင်းတွင် ၀ယ်ယူသူများမှ window ဆော့ဖ်ဝဲသုံး
ကွန်ပျူတာများ အသုံးပြုခြင်းမှ Apple နှင့် အခြားကုမ္ပဏီများ၏
မိုဘိုင်းဖုန်းများအား ပြောင်းလဲလာခဲ့ခြင်း အတွက် မိုက်ခရိုဆော့ဖ်မှ
ကြောင်းကျိုးဆီလျော်သည့်ဆောင်ရွက်ချက်များရှိလာစေရန် ကြိုးပမ်းခဲ့ရ သည်။
ထိုအချိန်အတွင်းတွင် ဖေ့စ်ဘွတ်နှင့် Google တို့မှာလည်း လူမှုကွန်ရက်နှင့်
အွန်လိုင်းကြော်ငြာ လုပ်ငန်းများတွင် မိုက်ခရိုဆော့ဖ်ထက် ရှေ့ရောက်နေသည်။
ယခုသုံးသပ်ချက်အပေါ် ၀ါရှင်တန်အခြေစိုက်
မိုက်ခရိုဆော့ဖ်လုပ်ငန်းတစ်ခုဖြစ်သည့် Redmond ၏ ပြောရေးဆိုခွင့်ရှိသူ Tony
Imperati က တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
မိုက်ခရိုဆော့ဖ်အနေဖြင့် အမှုဆောင်ချုပ်အသစ် ခန့်အပ်ပြီးပါကလည်း ၎င်းက
ဘော်လ်မာ၏အစီအစဉ်အား ပြောင်းလဲမှုများ ပြုလုပ်မည်၊ မလုပ်မည်ကို
စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ယင်းအခြေအနေမှာ အလားအလာကောင်းတစ်ရပ်မဟုတ်ပေ။
မိုဘိုင်းနှင့် တက်ဘလက်လုပ်ငန်းများမှာ အခြားလုပ်ငန်းများထက်
နောက်ကောက်ကျနေခြင်း၊ Window ထုတ်ကုန်များ ရောင်းအားကျလာခြင်းကြောင့်
ဝင်ငွေများ လျော့နည်းလာခြင်းတို့ကြောင့် မိုက်ခရိုဆော့ဖ်၏
စတော့ရှယ်ယာဈေးမှာ ၃၇ ရာခိုင်နှုန်းခန့် ကျဆင်း သွားခဲ့ရသည်။
အောင်မင်း ဘာသာပြန်သည်။
0 comments:
Post a Comment