Thursday, August 29, 2013

အမျိုးသမီးများ အကြမ်းဖက်ခံရမှုတားဆီးမည့် ဥပဒေတစ်ရပ် ရေးဆွဲလျက်ရှိ

လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Gander Equality Network တို့မှပူးပေါင်း၍ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်နိုင်သည့် ဥပ ဒေကြမ်းတစ်ရပ် ရေးဆွဲရန် ပြင် ဆင်နေကြောင်း Gander Equality Network (GEN) မှ Research and trainning coordinator ဒေါ်မီမီသင်းအောင်က ပြောသည်။

''ပြည်သူလူထုအားလုံးအ တွက် ထိရောက်တဲ့ဥပဒေကြမ်း တစ်ရပ် ရေးဆွဲနိုင်ဖို့အတွက် ပြင်ဆင်နေပါ တယ်''ဟု ဒေါ်မီမီသင်း အောင်က ပြောသည်။

ယခုအခါ ထိုဥပဒေကြမ်း ရေးဆွဲရန်အတွက် National Working Group ဟုခေါ်သည့် အစိုးရအဆင့်ပုဂ္ဂိုလ်များ၊ ကျွမ်း ကျင်ပညာရှင်များပါဝင်သည့် Working Group တစ်ခုဖွဲ့ရန် အတွက် စီစဉ်လျက်ရှိကြောင်း သိ ရသည်။
Working Group တွင် အရပ်ဘက်အဖွဲ့အစည်း များ၊ လွှတ်တော်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲများမှ ရရှိလာသည့် အကြံပြုချက်၊ ဆွေးနွေးတင်ပြ ချက်များအားလုံးကို ပေးပို့တင် ပြပြီးNational Working Group မှ ခြုံငုံစဉ်းစားသုံးသပ်ကာ ပြည် သူအားလုံးအတွက်ထိရောက်သည့် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲသွား မည်ဖြစ်သည်။

အဆိုပါဥပဒေကြမ်း ပြင် ဆင်ရန်အတွက် လုပ်ငန်းစဉ်များ အဆင့်ဆင့်လုပ်ဆောင်နေကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို ဥပ ဒေပြုရာတွင် အဓိကကျသည့် လွှတ်တော်နှင့် လွှတ်တော်အမတ် များ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ ဝန်ကြီးဌာနအသီးသီးနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ အရပ်ဖက်လူမှုအ ဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းစသည့် အဓိကအ ချက်သုံးမျိုးဖြင့် အဓိကထား လုပ် ဆောင်သွားမည်ဖြစ်ပြီး လက်ရှိ တွင် လွှတ်တော်အမတ်များနှင့် တွေ့ဆုံခြင်း၊ ဝန်ကြီးဌာနအသီး သီးနှင့် တွေ့ဆုံဆွေးနွေးခြင်း စ သည့် အချက်နှစ်ချက်ကို နေပြည် တော်တွင် ပြုလုပ်ပြီးဖြစ်ကြောင်း ယခုအခါ အရေးကြီးအချက်ဖြစ် သည့် အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံခြင်းကို မိတ်ဖက် အဖွဲ့အစည်းများမှ ပြုလုပ်နေ ကြောင်း ဂျီဒီအိုင်အဖွဲ့မှ တာဝန် ရှိသူက ပြောသည်။

ဒေါ်မီမီအောင်က ''ကျွန်မ တို့ အခုလူ့အဖွဲ့အစည်းအသီးသီး၊ နေရာဒေသအသီးသီး၊ တိုင်းနဲ့ ပြည် နယ်အသီးသီးမှာရှိ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အားလုံး နဲ့ တွေ့ဆုံဆွေးနွေးပြီး သူတို့အား လုံးရဲ့ အသံတွေ၊ သူတို့ ဘာတွေ စိုးရိမ်ပူပန်နေတယ်ဆိုတာ၊ သူတို့ ဘာတွေ အကြံပြုချင်တာရှိလဲဆို တာတွေရရှိဖို့ သူတို့ရဲ့ Recomandation တွေ၊ အိုင်ဒီယာတေ၊ In put တွေပါဖို့အတွက် ကြိုးစား နေပါတယ်''ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ''ဒီဥပဒေက ပေါ်ပေါက်သင့်တဲ့ ဥပဒေတစ်ခု ပဲ။ ဒါပေမဲ့ ပြဿနာရှိနေတာက တော်တော်များများ လွှတ်တော် ကိုယ်စားလှယ်တွေကိုယ်တိုင် အ မျိုးသမီးလွှတ်တော်ကိုယ်စား လှယ်တွေအပါအဝင်ပေါ့လေ၊ ဒီ ဥပဒေကို အရေးတကြီးလိုအပ်နေ တယ်လို့ မထင်ကြသေးဘူး။ အခု ရန်ကုန်မြို့လိုနေရာမျိုးမှာတောင် မှ အကြမ်းဖက်မှုတွေ မြင့်တက် လာတာရှိတယ်။ ဒါကြောင့် ဒီဥပ ဒေဖြစ်မြောက်ဖို့အတွက် အဖွဲ့ အစည်းတွေ၊ ဌာနဆိုင်ရာတွေ အနေနဲ့ ဝိုင်းဝန်းကြိုးစားစေချင် ပါတယ်''ဟု ပြောသည်။

Gander Equality Network(GEN)သည် ဇန်နဝါရီလ မှစတင်၍ အဆိုပါဥပဒေကြမ်း ရေးဆွဲရန်အတွက် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment