Tuesday, September 22, 2015

တရုတ် အိန္ဒိယ နိုင်ငံကြီး နှစ်နိုင်ငံကြားမှ မြန်မာပြည်သူများကို ကာကွယ်နိုင်သည်ဟု ဒေါ်စုပြော

အင်အားကြီး တ်ရုတ်နိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံကြားမှ မြန်မာပြည်သူများကို ကာကွယ်နိုင်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ပြည်သူ့ရဲ့ အကျိုးကို အဓိက ထားပြီးတော့ ကိုယ်ကျိုးကို မရှာတဲ့ အစိုးရတွေ ဆိုလို့ရှိရင် နိုင်ငံကြီးနှစ်နိုင်ငံ မဟုတ်ဘူး။ နိုင်ငံကြီး ဆယ်နိုင်ငံလုံးနဲ့ ၀ိုင်းနေရင်တောင်မှ ကျွန်မတို့ရဲ့ ပြည်သူတွေကို ကာကွယ်ပေး နိုင်မှာပါဆိုတာ စိတ်ချပါဟု ဆိုသည်။စက်တင်လာလ (၂၂)ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ် တွင် ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် တက်ရောက်လာသော ပြည်သူတစ်ဦးက “တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြားက ပြည်သူများ ဘယ်လိုပြင်ဆင်ထား သင့်ပါသလဲ”ဟု မေးမြန်းမှုအပေါ် အထက်ပါအတိုင်းပြန်လည် ဖြေကြားခြင်းလည်း ဖြစ်သည်။

လွတ်လပ်ရေး ရခါစတုန်းကလည်း ဒီနိုင်ငံကြီး နှစ်နိုင်ငံကြားမှာပဲ ရခဲ့တာ လွတ်လပ်ရေး ရတုန်းက ကျွန်မတို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တယ်။ အဲဒီ ဒီမိုကရေစီ အစိုးရဟာ ကျွန်မတို့ရဲ့ နိုင်ငံခြားရေး ၀ါဒကို အင်မတန်မှ လိမ္မာစွာနဲ့ ဒီမိုကရေစီကျကျ ကိုင်တွယ်ခဲ့တယ်။ ၁၉၅၀ ခုနှစ် တွေထဲမှာ တရုတ်နိုင်ငံက ကွန်မြူနစ် အစိုးရ ဖွဲ့လာတယ်။ အိန္ဒိယကတော့ ဒီမိုကရေစီ အစိုးရ သူတို့နိုင်ငံ နှစ်နိင်ငံလုံးနဲ့ ချစ်ချစ်ခင်ခင် နေပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ အကျိုးစီးပွားကို စောင့်ရှောက်နိုင်ခဲ့ တယ်။ အဲဒါဟာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရရှိလို့နောက် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရက လိမ္မာစွာနဲ့ ပြည်သူ့ အကျိုးကိုအဓိကထာပြီး ကိုယ်ကျိုးကိုမကြည့် လို့ပဲဖြစ်ပါတယ်””ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဖြေကြားသည်။

ပြည်သူတစ်ဦး၏ NLD အစိုးရ ဖြစ်လျှင် မြန်မာပြည်တွင်းမှ ရိုဟင်ဂျာ ဘင်္ဂါလီကိစ္စများကို မည်သို့ ကိုင်တွယ်ဖြေရှင်း မည်လည်းဟု မေးမြန်းမှုအပေါ် NLD အစိုးရ ဖြစ်မည်ဆိုပါက ရိုဟင်ဂျာ ဘင်္ဂါလီများ အရေးနှင့် ပတ်သက်၍လည်း တရားဥပဒေဘောင် အတွင်းကပဲ အားလုံးကို မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် ပြည်သူကို အသိပေး ဖြေရှင်သွားမည်ဟု ပြန်လည်ဖြေကြား ပေးခဲ့သည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ် စည်းရုံးရေး ဟောပြောပွဲသို့ ပါတီဝင်များနှင့် ဒေသခံ ရှစ်သောင်းကျော် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူ များကို NLD ပါတီအား တစ်ရာ ရာခိုင်နှုန်း မဲထည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံး ခဲ့သည်


Messenger News Journal

0 comments:

Post a Comment