Friday, September 18, 2015

တပ်မတော်အပေါ် နားလည်မှုရှိသူကိုသာ မဲပေးရန်လိုလားဟု ဗိုလ်ချုပ်မှူးကြီးပြော


လာမည့်နိုဝင်ဘာရွေးကောက်ပွဲ ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက်မူဝါဒမှာ မိမိနိုင်ငံ၊ မိမိဒေသအတွက် ကောင်းအောင်ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးအား သိရှိနားလည်စောင့်ထိန်း နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊အုပ်ချုပ်ရေး၊ကာကွယ်ရေး အမြင်လေးမြင်ရှိပြီး တပ်မတော်အပေါ် နားလည်မှု ရှိသူဖြစ်စေလိုကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာတွင် လွတ်လပ်ပြီး တရားမျှတရမည်ဖြစ်သကဲ့သို့ တနိုင်ငံလုံး အတိုင်းအတာအရလည်း ဖြစ်စေချင်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများသည် အရေးကြီး၍ တပ်မတော်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့်သော စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ဧရာဝတီ

0 comments:

Post a Comment