Wednesday, September 23, 2015

ရှေ့တန်းမှာလည်း ပင်ပန်းခဲ့ကြတယ် ဒါကြောင့် သူတို့ဘဝ နေဝင်ချိန်မှာ ပျော်ရွှင်စေချင်တယ် - ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း) နှင့် တွေ့ဆုံခြင်း


နေပြည်တော် ဒက္ခိဏာသီရိမြို့နယ်တွင် တည်ဆောက်မည့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ တည်ဆောက် ရေးနှင့်ပတ်သက်၍ ဦးစီးဆောင်ရွက်သူ ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည် (အငြိမ်းစား)နှင့် တွေ့ဆုံမေးမြန်း ခဲ့ရာ ဘိုးဘွားရိပ်သာ ဖြစ်ပေါ်လာပုံနှင့်ပတ်သက် ၍ အောက်ပါအတိုင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။


ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှာ ဘာကြောင့် ကရုဏာကမ္ဘာလို့မှည့်ထား သလဲဆိုတော့ ကရုဏာ ဖောင်ဒေးရှင်းမှာ ရာသက်ပန် နာယကလုပ်ခဲ့တယ်။ အဘ အနားပေးခံရတော့ ကရုဏာဖောင်ဒေးရှင်း လည်းရပ်သွားတယ်။ ကရုဏာဆိုတဲ့ စကားလုံးကို သဘောကျ မက်မောခဲ့တယ်။ အခုလုပ်တဲ့အကြောင်း ကလည်း တို့ရဲဘော်တွေက ဆင်းရဲတယ်။ ဆင်းရဲတဲ့အပြင် လူတွေက ခွဲခြားပြောကြတယ်။ တစ်ပြည် လုံးကြည့်ရင် ရဲဘော်တွေက အလွှာအသီး သီးက ထွက်လာတယ်။ ဆင်းရဲတဲ့အလွှာ ကလည်း ထွက်လာ တယ်။ ချမ်းသာတဲ့ အ လွှာကလည်း ထွက်လာတယ်။ တောသူ တောင်သားတွေကလည်း ထွက်လာတယ်။ မြို့ပေါ်ကလူလည်း ထွက်လာတယ်။ ပြည် သူလူထုနှင့် ရဲဘော်ဆိုတာဆက်စပ်နေ တာပါ။

ဥပမာ- ဗိုလ်ပုဆိုရင် သူတော်လှန်ရေး လုပ်တော့ သူ့သားကို တစ်ယောက်ကို ပေး ထားခဲ့တယ်။ ငါ့သားကို ကြည့်ထားလိုက်။ နောက်သူ့ သားကတပ်ထဲမှာ ဗိုလ်ဖြစ်လာတယ်။ ဗိုလ်ပုလည်း မသိဘူး။ သူ့သားနှင့် ရိုက်ထားတဲ့ပုံ တွေ့တော့ ဒီဗိုလ်က ဗကပ နဲ့ ဘယ်လိုပတ်သက်လည်း လိုက်တော့မှ သားအဖဖြစ်နေ တယ်။

သူ့သားလည်း ပြောင်ပြောင်ပဲ။ ဒါ ကျွန်တော့်အဖေ၊ ကျွန်တော်တစ်ခါမှမတွေ့ ဖူးဘူး။ ကျွန်တော့်ကို ပေးပစ်ခဲ့ တာပြော တယ်။ သူပုန်နှင့်တောင်မှ တို့တပ်က ဆက်စပ်မှုရှိနေတယ်လေ။ ကျန်တဲ့အရပ် သားတွေ၊ ပြည်သူ တွေဆို ပြောစရာမလိုတော့ဘူး အတူတူပဲ။ တကယ်တော့လူတွေက မတည့်တော့ခွဲချင်တိုင်းခွဲတာပါ။ တပ်မတော်ဆိုတာ မရှိလို့ ဖြစ်မလား။

ဥပမာ – ဘင်္ဂလားဒေ့ရှ်က စစ်တပ်ဆို အထောက်အပံ့ အများကြီးရထားတယ်။ သူတို့လှူဒါန်း ထားတာတွေ ကို ကုန်အောင်မသုံးလို့ အလှူရှင်တွေက အပြစ်တင်တာ။ ဆိုလိုချင်တာက တပ်မတော်ဟာ မရှိမဖြစ်။ နိုင်ငံ သေးသေးလေးရော၊ ကြီး ကြီးရော တို့မှာ အင်အား မရှိရင် တို့ကို ဒုက္ခပေးမှာပဲ။  အားရှိရင် ဘယ်သူမှ ဒုက္ခ မပေးရဲဘူး။ အဲဒီတော့ တပ်မတော်ရှိဖို့ လိုတယ်။ တပ်မတော် အင်အားတောင့်ဖို့ လိုတယ်။ တပ်မတော်ဟာ တိုက်ရည်ခိုက် ရည် ပြည့်ဝဖို့လိုတယ်။ လက်နက်ပစ္စည်းက အရေးကြီးတယ်ဆိုပေမယ့် စိတ်ဓာတ်က ပိုအေ ရးကြီးဆုံးပါပဲ။  စိတ်ဓာတ်မှာ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ တိုင်းပြည်အတွက် အသက်ပေးကာကွယ်ချင်တဲ့ စိတ်လိုတယ်။ အသက်ပေး ကာကွယ်ချင်တဲ့ စိတ်မှာ နောက်ဆံမတင်းတဲ့ လူနှင့် နောက်ဆံ တင်းတဲ့လူရှိ တယ်။ နောက်ဆံမတင်းတဲ့ လူပဲ တိုင်းပြည်အတွက် အသက်ပေး ကာကွယ်မှာပေါ့။ အဲဒီတော့တို့ရဲဘော်တွေ နောက်ဆံ မတင်းအောင် ငါသေရင် ငါ့ မိသားစု ငါ့သားသမီးတွေကိုပြုစု မယ့်သူ၊ နေစရာနေရာ ထိုင်စရာရှိ တယ်။ သူတို့ မငတ်ဘူး။ ဒီလိုနောက်ဆံတင်းစရာမရှိရင် သူတို့တိုင်း ပြည်အတွက် အပြည့်အဝ လုပ်ချင် ကိုင်ချင်စိတ်ရှိမှာ။

ကျွန်တော်တို့ စစ်ဆင်ရေးတစ်ခါထွက် ရင် ခုနစ်လ၊ ရှစ်လကြာတယ်။ မိသားစုတွေ နဲ့ ခွဲနေရတယ်။ ရှေ့တန်းထွက်ရင် စည်း ကမ်းတွေ ရှိတယ်။ အဲဒီအထဲမှာ ခြင်ထောင် မပါမဖြစ် ပါရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ခြင်ပေါတဲ့အတွက် ငှက်ဖျားဖျားမှာ စိုးရိမ်လို့လေ။ အဲဒီမှာ ရဲဘော်တွေ  ခြင်ထောင် မပါလို့ တန်းစီပြီးအများကြီး အရေးယူတာ ခံရတယ်။ ဘာဖြစ်လို့ ခြင်ထောင်မပါလဲ ဆိုတော့ သူတို့မှာ ခြင်ေ ထာင်တစ်လုံးပဲရှိ တယ်။ နောက်တန်းမှာ ကျန်ခဲ့တဲ့ဇနီးနဲ့ သားသမီးတွေအတွက် အပြစ်ပေးခံရမှန်း သိသိကြီးနဲ့ထားခဲ့တယ်။ စားစရာဆို ရင် လည်း သူတို့ မစားရက် မသောက်ရက်ဘူး။ တောတိုးရတယ်။ ဘယ်နေရာမှာ မိုင်းရှိမ လဲမသိဘူး။ ချောင်းပစ်ခံရတာမျိုးလည်း ရှိတယ်။ အင်နဲ့အားနဲ့ တိုက်တာလည်း ရှိတယ်။ ထောင်ချောက်တွေ အမျိုးမျိုးကို လည်း ကြုံတွေ့နေရတယ်။ တချို့က သစ် ပင်ပေါ်ကနေ တူမီးသေနတ်တွေချည်ခဲ့ပြီး ရန်သူက အဝေးကနေ ခလုတ်ကို ကြိုးဆွဲ ပစ်တာတွေလည်း ရှိတယ်။

စစ်သားတစ်ယောက်က ရှေ့တန်း သွားရင် ကျည်ဆန်က စစ်သည်တစ်ဦးကို အတောင့်၂၄ဝ သယ်ရတယ်။ အရန်ကျည် ဆန်၊ ဗုံးသီး၊ ကိုယ့်ရိက္ခာ ဒါတွေထမ်းရ တယ်။ စစ်ဆင်ရေးက ဘယ်လောက်ကြာ မှန်းမသိတော့ ပစ္စည်းတွေအစုံ ထည့်ရ တယ်။ အဲဒီအထဲ ရိက္ခာဆို လည်း ပဲမရတာ၊ နို့ဆီ မရတာလည်း ကြုံရသေးတယ်။ သူ များတိုင်း ပြည်မှာဆို ရိက္ခာစုံစုံလင်လင် လုံလုံလောက်လောက်ပေးတယ်။ ရှေ့ တန်း ထိလည်း ပို့ပေးတယ်။ ဒီမှာက ပေါ်တာ မခေါ်ရင် မလွယ်ဘူး။ အန္တရာယ်လည်း များတယ်။ ပင်ပန်းတယ်။ ချီတက်ပြီးရင် တိုက်ခိုက် တဲ့အခါမှာလည်း ရှေ့မှာရန်သူ နယ်နိမိတ်ထဲရောက်ရင် ငါသေတော့မှာပဲ ဆိုပြီး ထွက်ပြေးလို့ မရပါဘူး။

အမိန့်ပေးရင်တိုက်ရမှာပဲ။ လောက် ကိုင်တုန်းက တို့ရဲဘော်တွေ ဘယ် လောက်အသက်စွန့်သွားကြလဲ မသိကြဘူး မဟုတ်လား။
အလုပ်လုပ်ရတာချင်း တူကြ သော်လည်း တပ်မတော်မှာ တာ ဝန်ထမ်းဆောင်ခြင်းက အသက်ပါ ပေးထားကြရတာ။ ဒါ့ကြောင့် တပ် မတော်ထိရင်မချိအောင်နာတတ် တယ်။ တချို့တွေက အရာရှိနဲ့ ရဲ ဘော်ကြား သွေးခွဲတာတွေရှိသော် ငြားတကယ့်တပ်မတော်က အဲဒါ မျိုး ကင်းရှင်းပါတယ်။ရှေ့တန်းမှာအရာရှိ စစ်သည်တွေက စားအတူ၊ တိုက် အတူပဲ။ ရဲဘော်တွေကလည်း သူ့ အရာရှိဆို ချစ်တတ် လိုက်ကြတာ တွေက ပြောမကုန်ပါဘူး။ အဖွဲ့ အစည်းတိုင်းမှာ မကောင်းတဲ့သူအချို့ရှိတတ်တာကတော့သဘာဝပါ။

တာဝန်ထမ်းဆောင်ပြီး ကျ ဆုံးသွားတဲ့ ရဲဘော်တွေမိသားစု၊ ပင်စင်စားစစ်သည်တွေမိသားစု၊ ဒဏ်ရာရ စစ်သည်တွေ မိသားစု ဆင်းရဲတာမကြည့်ချင်ဘူး။ မကြည့် ချင်တော့ ဗိုလ်ချုပ်ကြီးအေးသောင်  နဲ့ စကားပြောရင်းအကြံရပြီး သူတို့ အတွက် လုပ်သင့်လုပ် ထိုက်တယ် ဆိုပြီး တပ်မတော်နေ့တုန်းက တပ် ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကို တင်ပြခဲ့တယ်။ သူ့ဘက် ကလည်း ”အပြည့်အ ဝ ထောက်ခံ ပါတယ်။ သူကူညီမယ်”ပြောတယ်။ ကျွန်တော်တို့လည်း အားတက် သွားတာပေါ့။

အခုကျွန်တော်တို့လုပ်မယ့်’စိတ် ချမ်းမြေ့ဖွယ်ရာ အေးငြိမ်းရိပ်သာ’ သို့မဟုတ် ‘ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာ’ တည်ဆောက်ရေးကိ စ္စမှာ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင် ကိုဝင်းက (တစ်ဘီလျံ) ကျပ်သိန်း တစ်သောင်းလှူတယ်။ ရဲဘော်တွေ ကို လုပ်ပေးရမယ့်တာ ဝန်ရှိတယ်။ အကုန်လုံးတော့ မတတ်နိုင်ဘူး ပေါ့။ တတ်နိုင်သမျှတော့လုပ်မယ်။ အခုဆောက်မှာက ဘိုးဘွားတွေအ တွက် အဆောင် ၂ဝပါမယ်။ ဘိုး ဘွားစုံတွဲတွေကို အတူတူထား မယ်။ ဘိုးဘွားဆောင် သပ်သပ် လည်း ရှိမယ်။  နှစ်ယောက်ခန်း ဟိုတယ်လိုပဲ လေအေးေ ပးစက်၊ ရေချိုးခန်း၊အိမ်သာပါမယ်။ ကောင်း ကောင်းလည်းကျွေးမယ်။ ရှေ့တန်း မှာလည်း ပင်ပန်းခဲ့ကြတယ်။ ဒါ ကြောင့်သူတို့ ဘဝနေ ဝင်ချိန်မှာ ပျော် ရွှင်စေချင်တယ်။ အိုတော့လည်း ချုပ်ချယ်တာမျိုး မရှိစေချင်ဘူး။  အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန် တော့ တစ်နေ့ကို ဘုရားနှစ်ခါရှိခိုး ရမယ်။ ကျန်တာကတော့ သူတို့ ပျော်ပျော် ရွှင်ရွှင်ပဲထားမယ်။ အဲဒီ နေရာမှာ ဘုရားလည်း တည်ပေးပါ့ မယ်။ ရန်ကုန်၊ မန္တလေးမှာ လုပ် မယ်။ ကျန် တာတော့သက်ဆိုင်ရာ တိုင်းအလိုက်ငွေကြေးရှိရင် လုပ်မှာ ပါ။ စီမံပိုင်းမှာလည်း စစ်မှုထမ်း ဟောင်းကိုပဲ လခနဲ့ထားမယ် စိတ် ကူးထားတယ်။ လှူဒါန်းချင်လည်းရ တယ်။ မြဝတီဘဏ်မှာ အကောင့် ဖွင့်ပြီးရင်ကြေညာပါ့မယ်။ ကိုယ်ပိုင် အေ ဆာင်ဆောက်ပြီး လှူချင်ရင် လည်းရ၊ ဘာဂီကားလေးတွေ Wheel Chair တွေလည်းကြိုက်တာလှူ ပေးလို့ ရပါတယ်။

ကျွန်တော် တပ်နဲ့ ပြတ်နေတာ အနှစ်နှစ်ဆယ်လောက် ရှိပါပြီ။ ဒီ ကိစ္စကျမှ ပြန်ဆက်မိတာပါလို့ဆို သူ ဦးထွန်းကြည်အား နိုင်ငံရေး လုပ်ဖို့ စိတ်ကူးရှိပါသလားဟု မေး မြန်းရာ ”နိုင်ငံရေးမလုပ်ပါ၊ နိုင်ငံ့ အရေးတော့ တတ်စွမ်းသလောက် လုပ်ချင်ပါတယ်”ဟုဖြေကြား ခဲ့သည်။

Popular News Journal

0 comments:

Post a Comment