Thursday, September 17, 2015

Miss Myanmar Int'l 2015 ပွဲတွင် အဆိုတော် အမွန်း၏ ၀တ်စား ဆင်ယင်မှုကြောင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် 5 Plus ကို ခံဝန်ကတိလက်မှတ်ရေး ထိုးခိုင်းမည်ဟု ပြန်ကြားရေးဝန်ကြီးဆို


သြဂုတ်၃၀ရက်ကကျင်းပခဲ့သည့် Miss myanmar International 2015 ပွဲအား အဆိုတော် အမွန်း ၀တ်စား ဆင်ယင်မှုကြောင့် အခမ်းအနားအစီအစဉ်အား တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် 5 Plus ကို ခံဝန်ကတိလက်မှတ်ရေး ထိုးခိုင်းမည်ဟု ဦးရဲထွဋ်ကယင်း၏တရားဝင် ဖေဘုတ်စာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။

ယင်းက`သြဂုတ် ၃၀ ရက်နေ့ည ပိုင်း 5 Plus က ထုတ်လွှင့်ပြသတဲ့ Miss Myanmar International အလှမယ်ရွေးချယ်ပွဲ ထုတ်လွှင့်ခဲ့တဲ့ ဖျော်ဖြေမှုအစီအစဉ်မှာ အများပြည်သူများကို တိုက်ရိုက်ထုတ်လွှင့်ခြင်းနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းများနဲ့ မညီတဲ့ ၀တ်စားဆင်ယင်မှုများပါဝင်တဲ့အတွက် သတိပေးပြီး ၀န်ခံကတိလက်မှတ်ထိုးဖို့အတွက် ဆောင်ရွက်လျှက်ရှိပါတယ်´ဟု စက်တင်ဘာ ၁၇ရက် ည ၇နာရီခွဲကျော် ခန့်က ရေးသားထားချက်အရ သိရသည်။

ထို့သို့အရေးယူဆောင်ရွက်မည် ဆိုသည့်နှင့်ပတ်သက်ပြီး ဖေဘုတ်သုံးစွဲသူများက မေးမြန်းရာတွင် ယင်း`` မယ်တွေရဲ့ ၀တ်စားဆင်ယင်မှုကို ပြောတာမဟုတ်ပါဘူး။ အဆိုတော် တွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ သရုပ်ဖော်မှုတွေပါ´´ဟု ပြန်လည်ဖြေကြားထားကြောင်း တွေ့ရသည်။ယင်းအပြင် ဖေဘုတ် သုံစွဲသူတစ်ဦးဖြစ်သူတစ်ဦးက ဦးရဲထွဋ်ဖေဘုတ်စာမျက်နှာတွင် `အမွန်းကြောင့်လား´ဟုမေးမြန်းရာ ဦးရဲထွဋ်က`မှန်တယ်´ဟု ဖြေဆိုထားကြောင်း တွေ့ရသည်။

အဆိုပါ ပွဲတွင် အဆိုတော်အမွန်းဝတ်စားဆင်ယင်မှု နှင့်ပတ်သက်ပြီး အများပြည်သူများက ဝေဖန်မှုရှိခဲ့ခြင်းများရှိပြီး ယင်းနောက် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ယင်းအတွက် မယ်များသာမက ပါဝင်ဖြေဖျော်သည့် အဆိုတော်များကိုပါ စည်းကမ်းရှိစွာ ၀တ်စားရန် ကြပ်မတ်သင့်ကြောင်း အကြံပြုဝေဖန်ခြင်းများရှိကြောင်း တွေ့ရသည်။
အဆိုပါ ပွဲတွင် Miss Myanmar International 2015 ဆုအား အမရာငြိမ်းက ရရှိခဲ့ပြီး ဒိုင်များ၏ မေးမြန်းချက်အား ယင်းမှဖြေဆိုခဲ့သည့်အချက်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြုလုပ်ခြင်းကြောင့်ဟုဆိုကာ ဝေဖန်ပြောဆိုမှုများရှိကြောင်း သိရသည်။

အဆိုပါပွဲတွင် အမရာငြိမ်းက``ဒီထက်ပိုပြီးသာယာဝပြောတဲ့နိုင်ငံဖြစ်ဖို့ အချက်၅ချက်လိုတယ်လိုထင်ပါတယ်။ ၁။ပြည်တွင်းငြိမ်းချမ်းရေး ၂။တရားဥပဒေစိုးမိုးရေး ၃။ပညာရေး ၄။ကျန်းမာရေးနဲ့ ၅။ အရေးကြီးဆုံး အချက်အဖြစ်နိုင်ငံမှာပေါများတဲ့ သယံဇာတတွေနဲ့လူအရင်းအမြစ်တွေကို စနစ်တကျစီမံပေးနိုင်မယ့် ပညာတတ် ခေါင်းဆောင်ကောင်း တယောက်ကို မဲပေးရွေးချယ်နိုင်ဖို့ပါ လိုဖြေကြားပြီးနောက် Miss Myanmar International 2015သရဖူကို ဆွတ်ခူးသွားကြောင်း သိရသည်။

သတင်း-စိုင်းဟန်
The Ladies News Journal

0 comments:

Post a Comment