Tuesday, September 22, 2015

ရွေးကောက်ပွဲကော်မရှင် တာဝန်မကျေဟု ဒီချုပ်ကိုယ်စားလှယ်လောင်းများပြော

ဒီချုပ်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးစဉ် (ဓာတ်ပုံ− သန်းဌေး)


မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံ သားတိုင်း မဲပေးခွင့်မရခြင်းကြောင့်ရွေးကောက်ပွဲကော်မရှင် တာဝန် မကျေကြောင်း အင်းစိန်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်သည့် ဒီချုပ်ပါ တီကိုယ်စားလှယ်လောင်းများက ပြောသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တာဝန်သည် မြန်မာ နိုင်ငံသားတိုင်း မဲထည့်ပေးနိုင်ရန် တာဝန်ရှိသောကြောင့် ယင်းသို့ လုပ်ဆောင်မပေးနိုင်ပါက ကော်မရှင်တာဝန်မကျေကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒ နယ် အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း ဦးသာအောင်က စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။‘‘ပထမစာရင်းမှားရင် ဖြည့် စရာရှိဖြည့်၊ ပယ်စရာရှိ ပယ်လိုက်ရင် မှန်မှာပေါ့။ စနစ်နှစ်မျိုးထား တော့ လူတွေက နေ့စဉ်ထမင်းစား ဖို့တောင် မနည်းရုန်းကန်နေရတာ ဆိုတော့ ၀န်ပိစေတာပေါ့။ ကော် မရှင်တာဝန်သည် မြန်မာနိုင်ငံ သားတိုင်း မဲထည့်ပေးနိုင်ဖို့ လုပ် ကိုလုပ်ပေးရမယ်။ လုပ်မပေးနိုင် ရင် ကော်မရှင်တာဝန်မကျေဘူး။ ပြည်သူကို ဒုက္ခပေးနေသလိုပဲ’’ဟု ဦးသာအောင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တာဝန်မကျေပွန်သ ဖြင့် မဲစာရင်းမှားယွင်းမှုသည် မဲ ဆန္ဒရှင်ပြည်သူများအား ၀န်ထုပ်ဝန်ပိုးဖြစ်စေကြောင်း အင်းစိန်မြို့ နယ်အတွင်း တစ်အိမ်တက်ဆင်း စည်းရုံးရေးလုပ်ဆောင်နေသည့် ဒီချုပ်ပါ တီကိုယ်စားလှယ်လောင်းများက စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။

‘‘ကော်မရှင်ဆိုတာ မဲစာရင်း တွေ မှန်ကန်မှုဖြစ်ဖို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့လိုတယ်။ နည်း ပညာကို လက်ညှိုးထိုးပြတာ လက်မခံနိုင်ဘူး။ ဘာပဲပြောပြော လွတ် လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့တော့ သံသယရှိတယ်။ အဲဒီလို မဲစာရင်းမှားတာ ပြည်သူတွေ ကို ၀န်ထုပ်ဝန်ပိုးထပ်ပိစေတယ်။ ပြည်သူတွေဟာ သူတို့ကံကြမ္မာ သူတို့ဖန်တီးနိုင်ဖို့ရာ အခက်အခဲ ဖြစ်စေတယ်’’ဟု အင်းစိန်မြို့နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးမောင်မောင်ဦးကပြောသည်။

မဲစာရင်းမှားသဖြင့် ကွန်ပျူ တာနှင့် နည်းပညာအပေါ် လွှဲချ ခြင်းကို လက်မခံနိုင်ကြောင်း ရန် ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၁၀)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နော်လှလှ စိုးက ပြောသည်။

‘‘မဲစာရင်းမှားတာ နိုင်ငံခြား ကလာတဲ့ ကွန်ပျူတာကြောင့်လို့ ပြောတာ လက်မခံဘူး။ ကျွန်မတို့ ကွန်ပျူတာတိုင်းက နိုင်ငံခြားက လာတာတွေပဲ’’ဟု နော်လှလှစိုး က ပြောသည်။

‘‘ကျွန်တော်တို့ကျတော့ ကွန်ပျူတာထဲထည့်ရတဲ့အခါကျတော့ ဒေါ်ဆိုတာ ‘‘ဒီ’’က စလာတယ် လေ။ ဦးဆိုတာ ‘‘ယူ’’ က စတယ်။ အဲဒီလိုမျိုးတွေ ဖြစ်ကုန်တာတွေ ရှိတာကျတော့ ကျွန်တော်တို့က ဒါကို လူထုကို ကြိုပညာပေးတာ ပေါ့။ အဲဒီလိုမျိုး ကျွန်တော်တို့ မပေးလိုက်မိဘူးဗျ။ မပေးလိုက်မိ ဘူးဆိုတော့ ကွန်ပျူတာဒီလိုလုပ် ထားတယ်ဆိုတာ အခုမှ သိရတယ် လေ။ သိရတဲ့အခါကျတော့ လူထု အခက်အခဲရှိတယ်။ ဘာကြောင့် အခက်အခဲရှိသလဲ ကျွန်တော်မေး တာ။ မေးတော့ ဒီလိုတွေကြောင့် ကွန်ပျူတာမှာ ဒီလိုလုပ်ထား တယ်။ အခက်အခဲရှိတယ်။ အဲဒီ လိုဆိုရင် ပညာပေးမှရမယ်’’ ဟု ပြည်ပမီဒီယာ တစ်ခုအား ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၁၉ ရက်၌ ပြောကြားသည်။

7Day Daily

0 comments:

Post a Comment