Tuesday, July 10, 2018

မြင်းခြံမြို့နယ်တွင် ပါတီ ၄ ခု ကြားဖြတ်ရွေးကောက်ပွဲဝင်​​ပြိုင်မည်


လာမယ့် နိုဝင်​ဘာ ၃ ရက်​​မှာ ကျင်းပမယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ မြင်းခြံမြို့ နယ်​အတွက် ပါတီ ၄ ခုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်​​ရောက်​ယှဉ်​ပြိုင်​ အ​ရွေးချယ်​ခံသွားမှာ ဖြစ်​တယ်​လို့ မြင်းခြံမြို့နယ်​​ ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရုံးက သိရပါတယ်​။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာ  ပြည်​သူ့လွှတ်​​တော်အတွက်​ ၁ ​နေရာ၊ သပိတ်​ကျင်းမြို့နယ်​ မဲဆန္ဒနယ်အမှတ်​ (၁) အတွက် ၁ နေရာ ၊ တိုင်း​ဒေသကြီး လွှတ်​​တော်​ ကိုယ်​စားလှယ်​ ၁ ​နေရာနဲ့ ရှမ်းတိုင်းရင်းသား​ရေးရာ လွှတ်​​တော်​ကိုယ်​စားလှယ်​ ၁  ​နေရာ စုစုပေါင်း ၄ နေရာ တို့ လစ်​လပ်​​နေတာ​လည်း ဖြစ်​ပါတယ်​။

အဆိုပါ လစ်လပ်နေရာအတွက် ဝင်​​ရောက်​အ​ရွေးခံသွားမယ့် ပါတီတွေကတော့ ပြည်​သူ့အလုပ်​သမားပါတီ၊ လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီနဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီတို့ ဖြစ်ပါတယ်။

၂၀၁၈ နိုဝင်​ဘာ ၃ရက် ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက် မြင်းခြံမြို့နယ်က မဲပေးရမယ့်​ မြို့ပေါ်ရပ်​ကွက်​ ( ၂၀ ) ရပ်​ကွက်​နဲ့ ကျေးရွာအုပ်​စု( ၈၅) အုပ်​စုရှိပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို ကော်မရှင်ရုံးခွဲတွေမှာ လက်ရှိ ကြေညာကပ်ထားပြီး မဲ​ပေးပိုင်​ခွင့်​ရှိသူ အရေအတွက် လက်​ရှိစာရင်းအရ ၂၂၀,၀၀၀ ကျော် ရှိတယ်​လို့ မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရုံးက ဒီဗွီဘီကိုပြောပါတယ်။

ရီရီထွန်း (မြင်းခြံ)
DVB

0 comments:

Post a Comment